ခိုးဆိုးလုနှိုက် ငပုတပ် ပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးနေတာ

လောင်းလုံးမြို့နယ် ညင်းမော်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်ပြီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများယူသွား

ဒီဇင်ဘာ ၁၄ ရက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာကို စစ်ကောင်စီတပ်များ ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့ ညပိုင်းက ဝင်ရောက်ကာ တန်ဖိုးရှိ ရွှေ၊ ငွေများနှင့် ဆိုင်ကယ်များ ယူဆောင်သွားကြောင်း Democracy Movement Strike Committe-Dawei ထံမှ သိရသည်။

စစ်ကောင်စီတပ်များသည် ညင်းမော်ကျေးရွာရှိ နေအိမ်(၃၀)ဝန်းကျင်မှ စုစုပေါင်း တန်ဖိုး သိန်း(၅၀၀)ကျော် တန်ဖိုးရှိ ရွှေ၊ ငွေ၊ ဆိုင်ကယ်နှင့် ဖုန်းများကို ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ယူသွားသည့်ပစ္စည်းများမှာ အနည်းဆုံး ငွေသား သိန်း(၁၃၀)ကျော်၊ ရွှေ(၉)ကျပ်သား၊ ဆိုင်ကယ်(၆)စီးနှင့် ဘေးတွဲဆိုင်ကယ် တစ်စီး၊ ဖုန်းအလုံး (၂၀)ကျော်တို့ကို ယူသွားသည်ဟု သိရသည်။

လောင်းလုံးမြို့ပေါ်တွင် အခြေစိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ပူးပေါင်းပြီး ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မိမိတို့ပိုင်ဆိုင်သည့် ရွှေ၊ ငွေ စသည့် တန်ဖိုးကြီးပစ္စည်းများကို လုံခြုံစိတ်ချရသည့်နေရာများတွင် သိမ်းဆည်းထားကြရန်နှင့် လုံခြုံရေးသတိ အမြဲရှိကြရန် DDMSCက တိုက်တွန်းထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *