စခအကောင်ကြီးငါးကောင်ကိုငရဲပို့ခဲ့တဲ့ဝေဟင်တပ်ရဲ့(ရုပ်သံ)

မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်ဗိုလ် ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ဒီဇင်ဘာ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၅ ဦးသေဆုံးခဲ့​ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ KLG PDF ကျောက်လုံးကြီးတပ်ဖွဲ့မှ owif;

ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်က ဒေါင်းတမန် စစ်ဆင်ရေးအဖြစ် အနောက် မြောက်တိုင်း စစ်ဌာနချုပ်အတွင်းရှိ စက်လက်နက်ခွဲ သိုလှောင်ရုံ စနခ ၇၄၇ တပ်၊ နမခ စစ်တိုင်းရုံး အရာ ရှိရိပ်သာဆောင် အပါအဝင် အခြား အရေးပါသောနေရာများကို ဒရုန်းဖြင့် ဗုံးသီး ၅ လုံး တပြိုင်နက်တည်း ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်တိုင်းရုံးနှင့် အရာရှိရိပ်သာအတွင်းရှိ အကြမ်းဖက်စစ်ဗိုလ် ၅ ဦး သေဆုံးပြီး စစ်သားများ နှင့် စစ်သား မိသားစုဝင်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်တိုင်းရုံး ၊ ကချင်၊ စစ်ကိုင်း၊ ချင်း၊ မကွေးတို့ကို လေကြောင်း တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်နေတဲ့ နမခ/ မုံရွာယာယီ လေတပ်ဆွယ်မှ Air Traffic Control (ATC) လေကြောင်းထိန်းချုပ်ရေးစင်တာဝန်ထမ်းတွေနဲ့ Mi-35, Mi-17 Pilot/Crew များ နေထိုင်တဲ့ လေတပ်ရိပ်သာ၊ လေယာဉ်ဆီသိုလှောင်ကန်၊ ရဟတ်ယာဥ်များ စစ်ထောက်ပို့ လေယာဥ် များ တက်/ဆင်း ပြုလုပ်ရာ မုံရွာလေဆိပ်လေယာဥ် ပြေးလမ်းစတဲ့ နေရာများကို လည်း ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ နမခ တပ်နယ်အတွင်းမှလည်း ငါးကြင်းမြီး စက်ကလေး၊ လက်နက်ငယ် မှ ၆၀ မမ ၊ ၈၁ မမ၊ ၁၀၅ မမ ဟောင်ဝစ်ဇာအမြောက်ဖြင့်ပါ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါ တယ်။

အထက်ပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၁ / ၂၂ / ၂၃ (KLG PDF – ကျောက်လုံးကြီး) မှ ဦးဆောင်စုံစမ်းထောက်လှမ်းကာ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF၊ ဆားလင်းကြီးမြို့နယ် နဲ့ ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *