ဟောင်ဝစ်ဇာနဲ့သံဂျတ်ကာတောင်လက်ထဲရောက်တာ ဆီဘောက်ဆာလောက်တော့အသာလေး

တော်လှန်ရေးတပ်ဖွဲ့များထံသို့ စက်သုံးဆီများ မရောက်ရှိစေရေး စစ်ကောင်စီက နယ်ဒေသမှ ဆီတင်ယာဉ်များအားလုံးကို ဆီသယ်ခွင့် လက်မှတ်(မျော) လုပ်ခိုင်း၊ မျော မပါဘဲ ဆီသယ်လျှင် ဖမ်းဆီးထောင်ချ အရေးယူမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသော ဒေသများသို့ စက်သုံးဆီများ မရောက်ရှိစေရေးအတွက် နယ်ဒေသများမှ ဆီတင်ယာဉ်များအားလုံးကို ဆီသယ်ဆောင်ခွင့်လက်မှတ် (မျော) များလုပ်ခိုင်းထားပြီး ဆီသယ်ဆောင်ခွင့် လက်မှတ် (မျော) မပါဘဲ ဆီသယ်ယူလျှင် ဖမ်းဆီးထောင်ချအရေးယူမည်ဟု ခြိမ်းခြောက်နေကြောင်း နယ်ဒေသမှ ဆီလုပ်ငန်းရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့မှစတင်ပြီး နယ်ဒေသမှ ဆီတင်ယာဉ်များအားလုံး ဆီသယ်ဆောင်ခွင့်လက်မှတ် ပြုလုပ်ရမည်ဖြစ်ပြီး ဆီသယ်ဆောင်ခွင့် လက်မှတ် မပါဘဲ သယ်ယူမှုများကို ဖမ်းဆီးထောင်ချ အရေးယူမည်ဟု စစ်ကောင်စီက အမိန့်ပေး ညွှန်ကြားလာကြောင်း သိရှိရသည်။

“အခုက ဆီထုတ်ရင်တောင် မျောစာတဲ့။ ထပ်ဖြစ်လာပြီ။ ဆီမရှိတာကို ဝန်မခံရဲဘဲ ဒါတွေနဲ့ အောက်ခြေကို လုပ်စားခိုင်းနေပြီ။ အောက်ခြေက ကောင်တွေ ငွေရပေါက်တိုးတာပေါ့။ တိုင်းပြည်က တဖြည်းဖြည်း ဆုတ်ယုတ်လာပြီ။ ဆီမရှိတာကို ဝန်မခံရဲဘဲ ထွက်လာတဲ့ စာတွေက သက်သေ။ နောက်တစ်ခုက တော်လှန်ရေးတပ်ဖွဲ့တွေဆီ ဆီတွေ ရောက်မှာ စစ်တပ်က တအားကြောက်နေတယ်။ အဲဒါတွေကြောင့် မျောစာ လုပ်ခိုင်းတာလေ။ ကိုယ်က ပိုက်ဆုံ ပေးဝယ် ထားရတဲ့ ကိုယ်ပိုင် စက်သုံးဆီကို ဘယ် တိုင်း ဘယ် ဒေသ သွားသွားလေ သွားခွင့်ရှိရမှာပေါ့” ဟု ဆီလုပ်ငန်းရှင်က ရှင်းပြသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီမှစတင်၍ Thilawa Task Force က နယ်ဒေသမှ ဆီတင်ယာဉ်များကို စက်သုံးဆီသယ်ဆောင်ခွင့်လက်မှတ်(မျော) ထုတ်ပေးမည်ဖြစ်ကြောင်း ၊ နယ်ဒေသမှ ဆီတင်ယာဉ်တွင် ဆီအပြည့် ဖြည့်ပြီးသည့်အချိန် မြတ်မေတ္တာမွန် Terminal တွင် စက်သုံးဆီ သယ်ဆောင်ခွင့်လက်မှတ်(မျော) ထုတ်ပေးရေးအဖွဲ့ရှိမည်ဖြစ်ကြောင်း၊ သီလဝါပြင်ပဒေသရှိ PT Power Terminal(သာကေတ)၊ Denko Terminal(ရွှေလင်ပန်း)၊ မြဝတီ(ပိတောက်ချောင်း)၊ အဏ္ဏဝါလွှမ်းဗော်ယာ၊ BOC Terminal(ရွှေလင်ပန်း) တို့မှ တိုင်း ဒေသကြီးနှင့် ပြည်နယ်များသို့ စက်သုံးဆီပို့ဆောင်မည့် ဆီတင်ယာဉ်သို့ ဆီဖြည့်ပြီးသည့် အချိန်တွင် ဆီတင်ယာဉ်(Bowser)ဖြင့် စက်သုံးဆီသယ်ဆောင်ခွင့်လက်မှတ်(မျော) ထုတ်ယူရန် အတွက်ကိုမူ လတ်တလောတွင် Online(Viber) မှတစ်ဆင့် လျှောက်ထားနိုင်ပြီး ဆီ တင်ယာဉ်(Bowser)ဖြင့် စက်သုံးဆီသယ်ဆောင်ခွင့်လက်မှတ်(မျော) အား Viber မှ ပြန်လည် ပေးပို့သွားမည်ဖြစ်ကြောင်း၊ ဆီတင်ယာဉ်(Bowser)ဖြင့် စက်သုံးဆီသယ်ဆောင်ခွင့်လက်မှတ်(မျော) ထုတ်ယူရန် လိုအပ် သည့် စာရွက်စာတမ်းများမှာ Terminal များမှဆီထုတ်ယူသည့်ပြေစာ၊ PPRD ကြီးကြပ် လက်မှတ်၊ GPS တပ်ဆင်ပြီးကြောင်းအထောက်အထား၊ ပေးပို့မည့်အရောင်းဆိုင်၏ PPRD လိုင်စင်(မိတ္တူ) တို့ဖြစ်ကြောင်း၊ဆီထုတ်ယူပြီးသည့် Bowser များသည် မျောမပါရှိဘဲ သယ်ယူပို့ဆောင်ကြောင်း စစ်ဆေး တွေ့ရှိရပါက သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း တရားဝင်္ငထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီး ၃ ခုကို ဆီခွဲတမ်းများ ဦးစားပေးထုတ်ပေးပြီး နယ်ဒေသများကို ခွဲတမ်း နောက်ကျမှ ထုတ်ပေးနေ၍ နယ်ဒေသများအားလုံးတွင် စက်သုံးဆီများ စတင်ပြတ်လပ်နေကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *