စခစခန်း၄၂၂နှင့်မြို့ပေါင်း၇ခုတဲ့စာရင်းအတိကျနဲ့ဖတ်ရတာမောသွားတယ်

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ရခိုင်နှင့်ရှမ်းမြောက်တွင် စစ်ကောင်စီတပ်စခန်း ၄၂၂ ခုနှင့် မြို့ပေါင်း ၇ ခုကို သိမ်းပိုက်ထားပြီး တိုက်ပွဲများ ဆက် ပြင်း ထန်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

MNDAA ကိုးကန့်၊ TNLA တအာင်းနှင့် ရခိုင်တပ်တော် AA တို့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တွင် စစ်ကောင်စီတပ်စခန်း ၄၂၂ ခု နှင့်မြို့ပေါင်း ၇ မြို့ကို သိမ်းပိုက်ထားကြောင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့၏ တော်လှန်ရေး သတင်းရင်းမြစ်၏ ပြောဆိုအတည် ပြုချက်နှင့် ထုတ်ပြန်ချက်များအရ သိရှိရသည်။

မြောက်ညီနောင်မဟာမိတ် ၃ ဖွဲ၏ ရှမ်းမြောက်ဒေသအတွင်း ပြုလုပ်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ၄၇ ရက်တာကာလအတွင်း စခန်းပေါင်း ၂၈၀ ကျော်နီးပါးနှင့် စစ်တပ်လက်အောက်ရှိ မြို့ကြီးအချို အပါအဝင် တရုတ်-မြန်မာနယ်စပ် စီးပွားရေးဇုန်အတွင်းရှိ နယ်စပ်ကူးသန်းရောင်းဝယ်ရေးဂိတ်အချို့ ကိုပါ သိမ်း ပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ရရှိထားသော မြို့ ၇ ခုတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်/ပန်ဆိုင်း၊ မုံးကိုး၊ ကွမ်းလုံ၊ ကုန်းကြမ်း၊ သိန္နီ တို့ဖြစ်ကြောင်း သိရှိရပြီး မူဆယ် ၁၀၅ မိုင်စခန်း အပါအဝင် ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ဆက် လက်တိုက်ခိုက်နေဆဲဖြစ် ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်လည်း ရှမ်းမြောက်တစ်ခွင်နှင့် ရခိုင်ပြည် နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၃ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် လက်နက်ချအညံ့မခံဘဲ ဆက်လက်တိုက်ခိုက်နေသော စစ်ကောင်စီ၏ “မူဆယ် ၁၀၅ မိုင်စခန်း” ရှိ စစ်ကောင်စီတပ် အကြွင်းအကျန်များနှင့် ညီနောင် (၃) ဖွဲ့သည် တိုက်ပွဲပြင်းထန်ခဲ့ကာ တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် (၁၁) ကြိမ်၊ Mi35 ရဟတ်ယာဉ်ဖြင့် (၂) ကြိမ်နှင့် ၎င်း၏ မူဆယ်အခြေစိုက်တပ်စခန်းမှ အတွဲလိုက်ဒုံးကျည်ဖြင့် (၃) ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီ ၂၀ မိနစ် အချိန် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ “စခန်းသစ်ကုန်း” စခန်း၏ သိမ်းပိုက်ရန် ကျန်ရှိနေသေးသော လက်ကျန်ဧရိယာအနည်းငယ်ကို အပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၇ ကြိမ်၊ Y12 ရဟတ်ယာဉ်ဖြင့် ၁၇ ကြိမ်တိုင်တိုင်လာရောက်ကာ ဗုံး ၁၀၈ လုံးဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သည့်အပြင် စစ်ကောင်စီ၏ “မန်တပ်တပ်စခန်း” နှင့် “နမ့်ဖတ်ကာတပ်စခန်း” တို့ကလည်း လက်နက်ကြီးဖြင့် (၂၃) ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့သည်အထိ လက် နက်ကြီး၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် ၎င်းတို့စခန်းမကျရေးကို ခုခံခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီအခြေစိုက် “ကွတ်ခိုင်တပ်စခန်း” ကို ဒီဇင် ဘာလ ၁၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၃၅ မိနစ် အချိန်ခန့်တွင်လည်းကောင်း၊ ယမန် နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် မန်တုံမြို့နယ်ရှိ စစ်ကောင်စီ၏ “ခလရ (၁၃၀) တပ်စခန်း” တို့ကိုလည်းကောင်း တအာင်းတပ်မ‌တော် (TNLA) မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ကျောက်မဲမြို့နယ်၊ လွယ်ခေါ်ကျေးရွာအနီးတဝိုက် တွင်လည်း စစ်ကောင်စီတပ်နှင့် TNLA တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် နမ့်ဆန်မြို့ကို စစ်ကောင်စီ၏ မန်တုံ ခလရ ၁၃၀ တပ်စခန်းက လက်နက်ကြီးများဖြင့် (၉) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီက “မန်တုံတပ်စခန်း” နှင့် “မူဆယ်တပ်စခန်း” တို့ကို ယမန်နေ့တွင် ထမ်မံ၍ လက်နက်ခဲယမ်းနှင့် ရိက္ခာဖြည့်တင်းခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရခိုင်တပ်တော် AA က ၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ရက်ပေါင်း ၄၅ ရက်အတွင်း ရက္ခိုင်ဒေသအတွင်း ရက္ခိုင့်တပ်တော်မှ ထပ်မံသိမ်းပိုက် ရယူလိုက်သော စစ်ကောင်စီ၏ စစ်စခန်း၊ ရဲစခန်း၊ စစ်ဘက် ရဲဘက် အတူနေသောစခန်းများနှင့် နယ်ခြားစောင့်တပ်စခန်း ၁၄၂ ခုရှိကြောင်း သိမ်းယူရရှိထားသော စစ်စခန်းများ၏ အမည်များနှင့်တကွ တရားဝင်သတင်းထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားသော စစ်ကောင်စီ၏ စစ်စခန်း၊ ရဲစခန်း၊ စစ်ဘက် ရဲဘက် အတူနေသောစခန်းများနှင့် နယ်ခြားစောင့်တပ်စခန်းများစာရင်းတွင်

စစ်တွေ

(၁) အောင်ဒိုင်ချောင်းဝစခန်း

ပေါက်တော

(၁) ဆင်တက်မော် လုံထိန်းစခန်း

(၂) မာလာတောင် လုံထိန်းစခန်း

(၃) ကြိမ်နီပြင်ရဲစခန်း

(၄) ဆင်တက်မော် ရဲစခန်း

(၅) အနောက်ရွဲ ရဲစခန်း (IDP)

(၆) ကျောက်တောင်ကျေးရွာ

ကျောက်ဖြူ

(၁) မြို့ချောင်း ရဲစခန်း

(၂) စနဲ ရဲစခန်း

(၃) ဇင်ချောင်း ရဲစခန်း

(၄) မင်းပြင် ရဲစခန်း

(၅) ကပိုင်ချောင်း ရဲစခန်း

(၆) ကွမ်းချောင်း ရဲစခန်း

(၇) ကျောက်ဖြူရေကြောင်း ရဲတပ်ဖွဲ့ရုံး

ရမ်းဗြဲ

(၁) လေးတောင်နယ်မြေ ရဲစခန်း

(၂) အောင်လှပြင်နယ်မြေ ရဲစခန်း

(၃) ကျောက်နီမော်နယ်မြေ ရဲစခန်း

(၄) အမှတ် (၃၂) ရဲတပ်ရင်းခွဲ၊ မာယာတောင် ရဲစခန်း

မြေပုံ

(၁) ကမ်းထောင့်ကြီးမြို့ ရဲစခန်း

(၂) မြင်းခြံစစ်စခန်း

(၃) ကံသာဓာတ်တောင်ကုန်းစခန်း

(၄) ခေါင်းဖြူရွာဘုန်းကြီးကျောင်းစခန်း

တောင်ကုတ်

(၁) ရွာမ ရဲစခန်း

(၂) လမူးရဲစခန်း၊ လမူးတိုက်နယ်

သံတွဲ

(၁) ကျောက်ကြီးနယ်မြေ ရဲစခန်း

(၂) ရွှေလှနယ်မြေ ရဲစခန်း

(၃) သဗြုချိုင် ရဲကင်းစခန်း

အမ်း

(၁) ခမရ (၅၄၂) တပ်ရင်း၊ ရှောက်ခြုံကျေးရွာအနီးတောင်ကုန်းမှ စစ်စခန်း (၂) ခု

(၂) ခမရ (၃၄၆) တပ်ရင်း၊ အလယ်ကျွန်းကျေးရွာအနီးတောင်ကုန်း စခန်း

(၃) ခမရ (၃၇၁) တပ်ရင်း၊ တောင်မော်ဦးကျေးရွာ ဘုန်းကြီးကျောင်းမှ တပ်စခန်း

မောင်တော

(၁) ဥဒေါင်း-ညောင်ချောင်းကျော်လမ်း၊ ကင်းစခန်း

(၂) ရွာသစ်ကေ ကင်းစခန်း

(၃) နခခ (၁) လက်အောက်ခံ၊ အောင်ဗလရွာကင်းစခန်း

(၄) နခခ (၁) လက်အောက်ခံ၊ အောင်ဗလချောင်းဝကင်းစခန်း

(၅) နခခ (၁) လက်အောက်ခံ၊ ရွှေဇားစစ်ဆေးရေးဂိတ် ကင်းစခန်း

(၆) နခခ (၁) လက်အောက်ခံ၊ ပြာသားရွာ ကင်းစခန်း

(၇) နခခ (၄) လက်အောက်ခံ၊ ရွှေရင်အေး ကင်းစခန်း

(၈) နခခ (၄) လက်အောက်ခံ၊ ခရေမြိုင်ကင်းစခန်း

(၉) နခခ (၄) လက်အောက်ခံ၊ ဂေါ်ဒူသာရ ကင်းစခန်း

(၁၀) နခခ (၄) လက်အောက်ခံ၊ ရွှေဗဟိုကင်းစခန်း

(၁၁) နခခ (၄) လက်အောက်ခံ၊ သရီကုန်ဘောင်ကင်းစခန်း

(၁၂) နခခ (၆) လက်အောက်ခံ၊ သဝင်ချောင်းကင်းစခန်း

(၁၃) နခခ (၆) လက်အောက်ခံ၊ ခွဆုံပြင်ကင်းစခန်း

(၁၄) နခခ (၄) လက်အောက်ခံ၊ နှာခေါင်းတို ကင်းစခန်း

(၁၅) ကျောင်းတောင်တံတား စစ်ဆေးရေးဂိတ် စခန်း

(၁၆) ကင်းချောင်းစခန်း

(၁၇) သီဟိုဠ်ခြံ ကင်းစခန်း

(၁၈) ဂြင်းတော ကင်းစခန်း

(၁၉) ကင်းချောင်းရွာ ကင်းစခန်း

(၂၀) ရီနောက်ငါးသားရွာ၊ ဘုန်းကြီးကျောင်းတောင်ကုန်းစခန်း

(၂၁) နခခ (၇) လက်အောက်ခံ၊ ရေတွင်းပြင် ချောင်းဝစခန်း

(၂၂) နခခ (၇) လက်အောက်ခံ၊ ဇီးပင်ချောင်း (ချောင်းဝ) စခန်း

(၂၃) နခခ (၇) လက်အောက်ခံ၊ ဖက်လိပ်ပြင် ချောင်းဝ ကင်းစခန်း

(၂၄) နခခ (၇) လက်အောက်ခံ၊ ကျောက်ချောင်း (ချောင်းဝ) စခန်း

(၂၅) နခခ (၇) လက်အောက်ခံ၊ ထန်းချောင်း (ချောင်းဝ) စခန်း

(၂၆) နခခ (၇) လက်အောက်ခံ၊ သဲချောင်း (ချောင်းဝ) စခန်း

(၂၇) နခခ (၂) လက်အောက်ခံ၊ သင်္ဘောလှချောင်းဝစခန်း

(၂၈) နခခ (၂) လက်အောက်ခံ၊ ကွမ်းသီးပင် ချောင်းဝ ကင်းစခန်း

(၂၉) နခခ (၂) လက်အောက်ခံ၊ မီးတိုက်ချောင်းဝ ကင်းစခန်း

(၃၀) အောင်ဇံကင်းစခန်း

(၃၁) ဝက်ကျိန်းဘုရားတောင်ကင်းစခန်း

(၃၂) စံကားပင်ရင်း ကင်းစခန်း

(၃၃) သာယာကုန်း နခခ ရဲကင်းစခန်း

(၃၄) သင်္ဘောလှကျေးရွာ ကင်းစခန်း

(၃၅) မီးတိုက်ကျေးရွာ ရဲကင်းစခန်း

(၃၆) အောက်ပြူးမ ကင်းစခန်း

(၃၇) လောင်းဒုံ ကင်းစခန်း

(၃၈) ရေမျက်တောင် ကင်းစခန်း

(၃၉) စံပယ်ပင်ရင်း ကင်းစခန်း

(၄၀) အောက်ပြူးမ ချောင်းဝ ကင်းစခန်း

(၄၁) ကျားခေါင်းတောင် ကင်းစခန်း

(၄၂) သက်ကိုင်ညာ ကင်းစခန်း

(၄၃) ဖားဝပ်ချောင်း ကင်းစခန်း

(၄၄) ဘော်ဒူလာ ကင်းစခန်း

(၄၅) ငန်းချောင်းရေကျော် ကင်းစခန်း

(၄၆) သုပဏ္ဏက ကင်းစခန်း

(၄၇) အောင်ချမ်းသာစခန်း

(၄၈) ခြံပြင်ချောင်းဝ ကင်းစခန်း (၁)

(၄၉) ရွက်ညိုတောင် ချောင်းဝ

(၅၀) သရက်အုပ်ကင်းစခန်း

(၅၁) စံကားပင်ရင်း အမှတ် (၁) ကင်းစခန်း

(၅၂) နံသာတောင် ချောင်းဝ

(၅၃) ခြံပြင်ကင်းစခန်း

(၅၄) မင်းခမောင်းစခန်း

(၅၅) မင်္ဂလာညွန့်စခန်း

(၅၆) ကြက်ရိုးပြင်စခန်း

(၅၇) မောင်နီရွာကင်းစခန်း

(၅၈) (၅) မိုင် ကင်းစခန်း

(၅၉) နခခ (၆) လက်အောက်ခံ၊ သင်္ဘောကွေ့ကင်းစခန်း

(၆၀) ကျောက်ပန်းဒူချောင်းနား ကင်းစခန်း

(၆၁) နခခ (၄) လက်အောက်ခံ၊ မှောင်ဝင်ချောင်းဝကင်းစခန်း

(၆၂) ဇော်မတက် ကင်းစခန်း

ဘူးသီးတောင်

(၁) ဓာတ်အားခွဲရုံ ရဲကင်းစခန်း

(၂) သင်္ဘောဆိပ် ရဲကင်းစခန်း

(၃) အမှတ် (၂) ရပ်ကွက်ရဲစခန်း

(၄) ခထီးလှစခန်း

(၅) ၄၈၂ ပွိုင့်ကုန်း

(၆) ဖောင်တော်ပြင်စခန်း

ရသေ့တောင်

(၁) အငူမော်စခန်း

(၂) တောင်ဦးစေတီကုန်းအနီးစခန်း

(၃) ချိန်ခါလီစခန်း

(၄) ဒုံးပိုက်စခန်း

ပုဏ္ဏားကျွန်း

(၁) တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၂)/(၂၀၄)၊ ပေါက်တောပြင် တပ်စခန်း

(၂) တပ်မ (၂၂)၊ (၄၄) လက်အောက်ခံတပ်၊ ပိန္နဲတောရွာ၏ အရှေ့မြောက်ဘက် စခန်း (၄) ခု

(၃) ခလရ (၂၃၂)၊ ကွမ်းတောင်ရွာအနီး ရထားဘူတာ စခန်း

AA Info Desk, [12/14/2023 9:53 PM]

ပလက်ဝ

(၁) ခလရ (၂၈၉) ပတ်ဝန်းကျင်မှ စစ်စခန်းငယ် (၃) ခု

(၂) စစ်ကောင်စီဂိတ်များ

(၃) လာမွီတောင်စခန်းကုန်း (တပ်မ ၁၁ လက်အောက်ခံ၊ ခမရ ၂၁၁ တပ်ရင်း၊ ယာယီအခြေပြုစခန်း)

(၄) ရင်ကွဲတောင်တပ်စခန်းကုန်း (တပ်မ ၁၁ လက်အောက်ခံ၊ ခမရ ၂၁၁ တပ်ရင်း၊ ယာယီအခြေပြုစခန်း)

(၅) ပွိုင့် ၁၂၉ ကုန်း (တပ်မ ၅၅ လက်အောက်ခံ၊ ခမရ ၁၈ တပ်ရင်း၊ ယာယီအခြေပြုစခန်း)

(၆) တပ်မ ၅၅ လက်အောက်ခံ၊ ခမရ ၁၈ တပ်ရင်း၊ အောက်သဲမဝကျေးရွာအနီး ယာယီအခြေပြုစခန်း

(၇) ပွိုင့် ၁၅၉ ကုန်း (တပ်မ ၅၅ လက်အောက်ခံ၊ ခမရ ၁၈ တပ်ရင်း၊ ယာယီအခြေပြုစခန်း)

(၈) တပ်မ ၅၅ လက်အောက်ခံ၊ ခမရ ၁၈ တပ်ရင်း၊ အဘောင်ဝကျေးရွာအနီး ယာယီအခြေပြုစခန်

(၉) တရွန်အိုင်ဗျူဟာ

(၁၀) နှုံးဘူးဗျူဟာ

(၁၁) မြိတ်ဝစခန်း

(၁၂) ကားလမ်းလုံခြုံရီးစခန်း

(၁၃) ပွိုင့် ၃၉၁ စခန်း

(၁၄) ပကာဝ စခန်း

(၁၅) ပွိုင့် ၃၅၁ စခန်း

(၁၆) ဒိုးချောင်းဝစခန်း

(၁၇) ဆနွင်းတောင်ကြောစခန်း

ကျောက်တော်

(၁) မုန့်သန်းပြင်ကျေးရွာ၊ တပ်မ (၅၅) လက်အောက်ခံ၊ ခမရ (၁၈) တပ်ရင်း၊ ယာယီအခြေပြုစခန်း

(၂) ကျောက်တန်းကျေးရွာအနီး၊ တပ်မ (၅၅) လက်အောက်ခံ၊ ခလရ (၉၄) တပ်ရင်း၊ ယာယီအခြေပြုစခန်း (၂) ခု

(၃) မီးကျောင်းတက်ကျေးရွာအနီး၊ တပ်မ (၅၅) လက်အောက်ခံ၊ ခလရ (၉၄) တပ်ရင်း၊ ယာယီအခြေပြုစခန်း

(၄) သဲပုံကျေးရွာအနီး၊ တပ်မ (၅၅) လက်အောက်ခံ၊ ခလရ (၉၄) တပ်ရင်း၊ ယာယီအခြေပြုစခန်း

(၅) မျောက်တောင်ကျေးရွာအနီး၊ တပ်မ (၅၅) လက်အောက်ခံ၊ ခလရ (၉၄) တပ်ရင်း၊ ယာယီအခြေပြုစခန်း

(၆) ခမရ (၅၃၉) ကန်စောက်တပ်၊ ကျီးကန်းတောင်ကြော

(၇) အပေါက်ဝရဲစခန်း

မြောက်ဦး

(၁) တိမ်ညိုကျေးရွာ ရဲစခန်း

(၂) ပေါက်တောပြင်ကျေးရွာအနီး ခရေတောင်စခန်း

(၃) ပေါက်တောပြင်ကျေးရွာအနီး စခန်း

မင်းပြား

(၁) ပန်းမြောင်း အောင်မင်္ဂလာတောင်ကုန်းစခန်း

(၂) ရာမောင်ရဲစခန်း

(၃) သံသျှင်ရဲစခန်း

(၄) ကျီးကန်းတောင် စခန်း (ပွိုင့်-၇၁၉)

(၅) တောင်ဖြူတောင် (ပွိုင့်-၂၀၃) တို့ပါဝင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိပြီးနောက် ရခိုင်တပ်တော် AA ၏ အလံကို လွှင့်ထူထားစဉ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *