မြိုင်မြို့ စပျစ်ခြံတွင် စခ၅ကောင်မြေဩဇာဖြစ်

မကွေးတိုင်း၊ မြိုင်မြို့ ရှိ စပျစ်ခြံတွင် ကင်းပုန်းဝပ်ရန်‌လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခဲ့ရပြီး ၅ဦးသေဆုံး ခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည် ။

ယမန်နေ့ ( ဒီဇင်ဘာ ၁၅ရက် )၊ မွန်းလွဲ ၁နာရီခန့်က မြိုင်မြို့အစွန်ရှိ စပျစ်ခြံတွင် ကင်းပုန်းဝပ်ရန်လာသော စစ်‌သားများ ကို ကာကွယ်ရေးရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖတာဝန်ခံ ကိုလက်ယာက MPA သို့ပြော သည်။

“ စစ်သား ၇ ယောက် ကင်းပုန်းလာဝပ်မယ်ကြားတာနဲ့ ကျတော်တို့က အရင်သွားပြီး ကြိုစောင့်နေတာ၊ ရန်သူ့ နယ်‌မြေ ထဲကို ဝင်သွားရတာဆိုတော့ နည်းနည်းတော့ Risk များတယ်ဗျ၊ ပစ်ခတ်မှု့ဖြစ်တဲ့နေရာကို စစ်သားတွေထွက်လာရင် ၅မိနစ်လောက်ပဲ ကြာတာ” ဟု ၎င်းကပြောသည် ။

ယင်းတိုက်ခိုက်မှုတွင် စစ်သား ၅ဦး မျက်မြင်သေဆုံးပြီး ၁ဦးဒဏ်ရာရရှိကြောင်း၊ ကျန် ၁ဦးမှာ မြို့ထဲသို့ ထွက်ပြေး သွားပြီး တပ်ကူသွားခေါ်သဖြင့် ကာကွယ်ရေးရဲဘော်များက လက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရ သည်ဟု တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော ရဲဘော်တစ်ဦးက ဆိုသည်။

” သူတို့က ဆိုင်ကယ်တွေကို ကွမ်းယာဆိုင်တို့ ၊ လက်ဖက်ရည်ဆိုင်တွေမှာ ရပ်ခဲ့ပြီး ခြေကျင်ပဲ ကင်းပုန်းဝပ်ဖို့လာတာ၊ ကျတော်တို့က လက်ဦးမှုယူပြီး လက်နက်ငယ်နဲ့ တန်းပစ်တာ၊ စစ်သားတွေ ဖရိုဖရဲနဲ့ ပြန်တော့ပစ်တယ်။ ဒါပေမဲ့ ကျတော်တို့က နေရာသေချာယူပြီး ပစ်တာဆိုတော့ဗျာ သူတို့ပစ်တာကမထိရောက်ဘူး၊ တိုက်ခိုက်မှုက ၁၃မိနစ်‌ လောက်ရှိမယ် ” ဟု ၎င်းကပြောသည် ။

မြိုင်မြို့ပေါ်ရှိ စစ်သားများသည် မြို့နှင့်အလှမ်းဝေးသော ကျေးရွာများသို့ စစ်ကြောင်းမထွက်ရဲတော့ဘဲ မြို့ပတ်လည် ၁မိုင်ဝန်းကျင်ရှိ ကျေးရွာများသို့သာ စစ်ကြောင်းထွက်ရဲတော့ကြောင်း မြိုင်ပကဖ သတင်းပြန်ကြား တာဝန်ခံက ပြောသည်။

“ ခံစစ်ကတော့သေချာပြင်နေတာ၊ ဘာလို့ဆို သူတို့ထွက်မှ မထွက်ရဲတော့တာ၊ မြို့ထဲ သူတို့နေရာ သူတို့နေကြ တော့တာ၊ ပျူရွာက ပျူတွေဆိုလည်း သူတို့ရွာ သူတို့ပဲ နေနေကြတာ” ဟု ၎င်းကပြောသည်။

တိုက်ခိုက်မှုအပြီးတွင် မြိုင်မြို့ထဲမှ စစ်ကားများရောက်ရှိလာပြီး ရုပ်အလောင်းများကို ပြန်သယ်သွားကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုကို မြိုင်ပကဖ၏ တပ်ခွဲဖြစ်သော ဗိုလ်လင်းမြွေအဖွဲ့ ဦးဆောင်၍ အနောက်ပိုင်းဇုံ ပကဖအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *