ငါန်းဇွန်မြို့နယ် လက်ရုံးပျောက်ကျားတပ်ဖွဲ့ကို ဒေသခံတစ်ဦးက ရွှေလက်စွပ်တစ်ကွင်း လမ်းကြုံ လှူဒါန်း
ဒီဇင်ဘာ ၁၈
ငါန်းဇွန်မြို့နယ် လက်ရုံးပျောက်ကျားတပ်ဖွဲ့ကို ဒေသခံတစ်ဦးက ရွှေလက်စွပ်တစ်ကွင်း လမ်းကြုံ လှူဒါန်းခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် လက်ရုံးပျောက်ကျားတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့က န်းဇွန်မြို့နယ် လက်ရုံးပျောက်ကျားတပ်ဖွဲ့စခန်းချရာနေရာကို ဒေသခံစျေးသည်အမျိုးသမီးတစ်ဦးက လာရောက်လှူဒါန်းခဲ့တယ်လို့ ဆိုထားပါတယ်။
“စျေးရောင်းပြန်လာတဲ့အဒေါ်ကြီးတစ်ယောက် စခန်းထဲရောက်လာပြီး ငါတူခနလာပါအုံးခေါ်လို့ ဟုတ်အန်တီဘာကူညီပေးရမလဲလို့မေးတော့ ပြုံးပြုးလေးနဲ့ကြည့်ပြီး ဖျင်အက်ျီဘေးအိပ်ထောင်လေးထဲကရွှေလက်စွပ်တစ်ကွင်းထုပ်ပြီး ငါ့တူတို့အဖွဲ့လိုတာသုံးဖို့တဲ့ ကျေးဇူးတင်စကားပြောပြီး ဂုဏ်ပြုမှတ်ထုတ်ပြီး page မှာတင်ဖို့ပြောတော့ ဘာမှလဲမလိုချင်ဘူး ဘယ်မှလဲမတင်နဲ့ တဖွဲ့လုံးဂရုစိုက်ဖို့မှာပြီး ပြန်ထွက်သွားတဲ့ ကြီးကျယ်ခမ်းနားတဲ့စိတ်ဓာတ်ပိုင်ရှင် အန်တီ ကို ကျနော်တို့ လက်ရုံးပျောက်ကျား တစ်ဖွဲ့လုံးမှ ခမ်းနားတဲ့စိတ်ဓာတ်ကိုအလေးပြုပါတယ်ခင်ဗျ ခုလိုအားဖြည့်ပေးမှု့အတွက်လဲကျေးဇူးအထူးတင်ပါတယ်။ ငါန်းဇွန်မြို့နယ် လက်ရုံးပျောက်ကျားတပ်ဖွဲ့ဟာ ပြည်သူ့အတွက်ဖြစ်တာမို့ ပြည်သူအပေါ်ယုတ်မာရက်စက်တဲ့စစ်တပ်ကို သေရင်တောင်နောင်တမရှိပဲ အမြစ်ပြတ်တဲ့ထိ တိုက်ထုတ်ပါ့မယ်လို့ ကတိပြုပါတယ်”လို့ ဖော်ပြထားပါတယ်။