လာပြန်ပြီနော် အကောင်ကြီးကြီးအမြီးရှည်ရှည်တွေ ရလိုက်တာဆိုတော့ မဆိုးဘူး

ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာရှိ စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ခလရ ၅၀ မှ ဒုတိယ ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ခလရ ၅၀ မှ ဒုတိယ ဗိုလ်မှူးကြီး အေးမင်း အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း YRA ထီးလင်းမှ သခင်ဇော်က ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြား သည်။

ယနေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီခန့်က ရေမျက်နီကျေးရွာအတွင်းရှိ နေအိမ်များတွင် ဖြန့် ကျက်တပ်စွဲထားပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူစားသောက်နေသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများအနက် နေအိမ်တစ်လုံးအတွင်းမှ ထွက်လာပြီး ဆိုင်ကယ်စီးရန် ပြင်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးကို တော်လှန်ရေးတပ်ဖွဲ့များမှ ပြောက်ကျားပစ်ခတ် တိုက်ခဲ့ ရာ မိနစ်အနည်းငယ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး ၎င်းတို့ ၃ ဦးစလုံးသေဆုံးသွား ကြောင်း သိရသည်။

“သေတဲ့သူတွေက တပ်ရင်းမှူးရယ်၊ တပ်ရင်းမှူးလက်ထောက်နဲ့ အခြားတပ်သားတစ်ဦးလို့ သူတို့ တပ်တွင်း သတင်း ရင်း မြစ်တစ်ခုကနေ တပ်ရင်းမှူးပါ ၃ ဦးလို့ အတည်ပြုထားပါတယ်ဗျ။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ရေမျက်နီစခန်းမှာ ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ထားတာတွေ ရှိတယ် ပေါ့၊ အဲဒီအချိန်မှာ သူတို့က စစ်ကူလာတာ၊ လေးငါးရက်လောက်ပဲရှိသေးတယ်၊ စစ်ကူလာပြီးတော့ ရေမျက်နီကျေးရွာထဲမှာ တစ်ရွာလုံးကို တပ်ဖြန့်ပြီးတော့ နေရာယူထားတာပါဗျ၊ ပြည်သူတွေ တစ် ယောက်မှ မရှိဘူး၊ ရှောင်နေကြရတယ်” ဟု YRA ထီးလင်းမှ သခင်ဇော်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြား သည်။

ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းမှ အင်အား ၅၀ ခန့် ဖြင့် ရေမျက်နီကျေးရွာရှိ ရဲစခန်းကို စစ်ကူလာရောက်ကာ တပ်စွဲထားခြင်းဖြစ်ပြီး ကျေးရွာနေ ပြည်သူ များအားလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်တပ်ရင်း (၁၅ /၁၆/၁၇)-YRA ထီးလင်း နှင့် ဂန့်ဂေါခရိုင်တပ်ရင်း-၁၈ (YNRF)တို့၏ ပူးပေါင်း ပြောက်ကျားတပ်စိတ်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *