ညီနောင်မဟာမိတ်၃ဖွဲ့ကို ပြည်သူကအထင်အမြင်မှားစေဖို့ စစ်အုပ်စုက သတင်းတုတွေဖန်တီးပြီး သွေးခွဲနေ
ဒီဇင်ဘာ ၁၉ ရက်
အကြမ်းဖက်စစ်ကောင်စီသည် သတင်းတု၊ သတင်းမှားများ လုပ်ကြံဖန်တီး ဖြန့်ချိကာ ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် ပြည်သူလူထုကြား စိတ်ဝမ်းကွဲစေရန် လုပ်ဆောင်နေသည့်အပြင် ပြည်သူလူထု ကို ဖမ်းဆီးခြင်း၊ ဆေးဝါး၊ စားနပ်ရိက္ခာဖြတ်တောက်ခြင်းတို့ကို ပိုမိုလုပ်ဆောင်နေကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
ယခုရက်ပိုင်းများအတွင်း အကြမ်းဖက်စစ်ကောင်စီသည် မိမိတိုညီနောင်မဟာမိတ် (၃) ဖွဲအား ပြည် သူလူထုနှင့် စိတ်ဝမ်းကွဲစေ သော သတင်းတု၊ သတင်းမှားများ လုပ်ကြံဖန်တီးကာ ဖြန့်ချိခြင်းများ အပြင် ၎င်းတို့လက်ပါးစေအဖွဲ့များမှ တဆင့် ပြည်သူလူထု အထင်အမြင်လွဲမှားစေသော လုပ်ကြံမှု များကို ယခင်လုပ်နေကျအတိုင်း ပုံမှားရိုက် ပြုလုပ်လာသည်ကို တွေ့ရကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောဆိုထားပါတယ်။
တပြိုင်နက်တည်းတွင် စစ်ကောင်စီသည် စစ်ရေးနှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိသော အရပ်သား ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ မတရားသဖြင့် ဖမ်ဆီးနှိပ်စက်ခြင်း များကိုလည်း ယခင်ရက်များနည်းတူ ထမ်မံကျူးလွန်လျက်ရှိကြောင်း သိရပါတယ်။
ထိုအပြင် စစ်ဘက်နှင့် မသက် ဆိုင်သော အရပ်သားပြည်သူလူထုများ၏ စားနပ်ရိက္ခာ၊ ဆေးဝါး များ ကို ၎င်းတိုစစ်စခန်းချရာ စစ်ဆေး ရေးဂိတ်များမှနေ၍ ရည်ရွယ်ချက်ရှိရှိဖြင့် ဖြတ်တောက်ခြင်း၊ အစား အစာ၊ ဆေးဝါးနှင့် ပိုင်ဆိုင်မှု ပစ္စည်း များကို အတင်းအဓမ္မလုယူခြင်း စသည်တိုကိုလည်း ယခင်ထက် ပိုမို လုပ်ဆောင်လာသည် များကို ထင်ရှားစွာ တွေ့မြင်နေရကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကဆက် လက်ပြောကြားထားပါတယ်။