အဆော်ခံမယ်ဆို ရယ်ဒီလုပ်ထားဟု ဗခမာဝီသတိပေး(ရုပ်သံ)

ကရင်နီတွင် စစ်ကောင်စီတပ်များအနေဖြင့် “ချေမှုန်းခံမလား၊ လက်နက်ချမလား။ ကြိုက်တဲ့လမ်းရွေး။ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါ” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီ သတိပေး (ရုပ်သံ)

ဒီဇင်ဘာလ ၂၂ ရက်

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်များအနေဖြင့် “ချေမှုန်းခံမလား၊ လက် နက်ချမလား။ ကြိုက်တဲ့လမ်းရွေး။ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါ” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဒုစစ်ဦးစီးချုပ် မာဝီ သတိပေး ပြောဆိုလိုက်သည်။

ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတစ်ဆင့် သတိ ပေးချက် ဗီဒီယိုထုတ်ပြန်၍ အထက်ပါအတိုင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက စစ်ကောင်စီတပ်များကို သတိပေးလိုက်ခြင်းဖြစ်သည်။

“လူထုနဲ့ပူးပေါင်းပြီးတော့ လက်နက်ချမလား၊ ချေမှုန်းခံမလား၊ လမ်း ၂ လမ်းရှိတယ်။ ကြိုက်တဲ့လမ်းရွေး။ နောက်တစ်လှိုင်းထပ်လာမယ်။ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါ ” ဟု မာဝီက သတိပေးသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *