နောက်တလိုင်းစဖို့လာပြန်ပြီခေါင်းစိမ်းလေးတွေတုန်နေပြီ(ရုပ်သံ)

စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ PDF စစ်ကြောင်းများထံသို့ NUG ဝန်ကြီး ဦးလွင်ကိုလတ် သွားရောက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ PDF စစ်ကြောင်းများထံသို့ NUG ဝန်ကြီး ဦးလွင်ကိုလတ် သွားရောက်ကြောင်း NUG ၏ သတင်းမီဒီယာ PVTV က တရားဝင် သတင်းထုတ်ပြန်သည်။

စစ်တောင်းမြစ်အနောက်ကမ်း ရှိ PDF စစ်ကြောင်းများနှင့် စစ်မြေပြင်သို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ အဖွဲဝင် ဦးလွင်ကိုလတ် သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံရာတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ အမှာစကား နှင့် လမ်းညွှန်မှုများကို စစ်ကြောင်းမှူးနှင့် ရဲဘော်များကို ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က “ယခုလို့ စစ်ဆင်ရေးဖော်ဆောင်နိုင်မှုတွေနဲ့ တိုးတက်မှုတွေဟာ မဟာမိတ် KNLA ရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ မိမိတို့ PDF စစ်ကြောင်းများရဲ့အမိန့်နာခံမှု တိုက်စွမ်းရည်ပြည့်ဝမှုတို့ ကြောင့်အဓိကဖြစ်ကြောင်းနဲ့ မဟာမိတ်ဆက်ဆံရေးက အကြမ်းဖက် စစ်ကောင်စီအပြီးသတ်ချေမှုန်းရေးအတွက် အဓိကကျတဲ့ အောင်နိုင်ရေးသော့ချက်ဖြစ်သလို ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်လည်း အရေးကြီးကြောင်း ၊ ဒါကြောင့် မဟာမိတ်ဆက်ဆံရေး ပိုမိုကောင်းမွန်လာရေးဟာ တော်လှန်ရေးအောင်မြင်မှုနဲ့ တိုက်ရိုက်အချိုးကြတဲ့အတွက် တာဝန်ရှိ ခေါင်းဆောင်တွေကြားထဲမှာတင်မကဘဲ ကွပ်ကဲရေးမူးများကြား ရဲဘော်များအကြားမှာပါ အချင်းချင်း ယုံကြည်မှုတွေတိုးတက်နေအောင် ဆောင်ရွက်ကြဖို့လိုကြောင်း ” ဟု ပြောကြားသည်။

“ကျနော်တို့ဆီ လာတွေ့ဆို ဒါနဲ့ဆိုရင် နှစ်ခေါက်ရှိပါပြီ၊ ရှေ့တန်းအထိ ဝန်ကြီးကိုယ်တိုင်လာပြီး လိုအပ်တာတွေ မေးတယ်၊ ကျနော်တို့ ပြောပြတာတွေကို လေးလေးစားစား နားထောင်ပေးတယ်၊ ကျနော်တို့စစ်ကြောင်းနဲ့ အတူသွား၊ အတူစား၊ အတူအိပ်ပြီး ခရီးတွေထွက်တော့ ရဲဘော်တွေနဲ့ တသားတည်း ဖြစ်သွားတယ်၊ ဒါက စစ်ကြောင်းမှာ ရှိတဲ့ ရဲဘော်တွေအကုန်လုံးကို စိတ်လည်း တက်ကြွစေတယ်၊ ပိုပြီးတော့လည်း ညီညွတ်စေပါတယ်၊ အရင်တခါလာတုန်းကတော့ ဇီးကြံရည်ပေါ်ချိန်မို့ ဝန်ကြီးကို ဇီးကြံရည်တိုက်လိုက်ပါတယ်” လို့ ရှေ့တန်းရှိ PDF ရဲဘော်တဦးက The Voice of Spring ကို ပြောပါတယ်။

ယင်းနောက် ဒုတိယ စစ်ဒေသမှူး ရဲဘော်တင်ဦးအပါအဝင် စစ်ကြောင်းတာဝန်ရှိသူများနှင့် စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ NUG ဖြည့်ဆည်းဆောင်ရွက်ရမယ် လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းခဲ်ကြောင်း ၊ Royal peacock စစ်ကြောင်းမှူးက ဒေသ လုံခြုံရေးနှင့် နယ်မြေအခြေအနေများကို ရှင်းပြခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *