မြောက်ဉီးမြို့မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် မြောက်ဉီးပြတိုက်ရှိ ရခိုင်ရှေးဟောင်းအမွေအနှစ်များ ပျက်စီး (ရုပ်/သံ)
++++++++++++++++
ဒီဇင်ဘာ ၂၅ ရက်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ရခိုင်ရှေးဟောင်း အမွေအနှစ်ထားရှိတဲ့ မြောက်ဦးပြတိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် လူနေအိမ်များနဲ့ ရှေးဟောင်းအမွေအနှစ်များ ထားရှိရာ ယဉ်ကျေးမှုပြတိုက်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အပျက်အစီးများခဲ့ရတယ်လို့ သိရပါတယ်။
မြောက်ဦး ယဥ်ကျေးမှုပြတိုက်မှာ ကျောက်စာတိုင်များနဲ့ တခြားရှေးဟောင်းယဥ်ကျေးမှု ဆိုင်ရာရုပ် ပစ္စည်းများထားရှိတဲ့ ပြတိုက်တစ်ခုဖြစ်ပြီး မြောက်ဦးရှေးဟောင်း အမွေနှစ် ဆိုင်ရာအရေးပါသည့် နေရာတစ်ခုဖြစ်ပါတယ်။