ခဝေးနဲ့ခဝေးဖထွေးတို့ ညစ်ပတ်ချက်

ရှမ်းမြောက်ကိစ္စ ညှိနှိုင်းတယ်လို့ အာရုံလွှဲပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်း အကြွေးထောင် ချောက် စာချုပ်ကို တရုတ်အစိုးရက ဒီနေ့ ဒီဇင်ဘာ ၂၆ နေပြည်တော်မှာ အမိအရ လက်မှတ်ထိုးသွားတယ်။ ဒီလို တဖက်စောင်းနင်း အကြွေးထောင် ချောက် စာချုပ်မျိုးကို NUG က လက်မှတ်ထိုးမှာ မဟုတ်ဘူးလေ။ ဘယ်ပြည်သူကမှလည်း ဒီလို စာချုပ်မျိုးကို သဘောတူမှာ မဟုတ်ဘူး။ ဒါကြောင့် စကစ ကို ချောင်ပိတ်ပြီး အမိအရ လက်မှတ်ထိုးသွားတာ။ စကစကို ပြည်သူ့လက် နဲ့ အဆုံးသတ်မှာမျိုး တရုတ်အစိုးရက မလိုလားဘူး။

နွေဦးတော်လှန်ရေး အစတုန်းကလည်း

လှိုင်သာယာက စက်ရုံတွေကို သူတို့ ကိုယ်တိုင် မွှေပြီး မြန်မာပြည်သူတွေက လုပ်သလိုလို နိုင်ငံတကာ မီဒီယာတွေကနေ ဆိုက်ဝါးထည့်သေးတယ်။ လှိုင်သာယာ ဆိုက်ဝါးသတင်းက စကစ နဲ့ တရုတ်အစိုးရ လက်တံတွေ ပေါင်း လုပ်တာပဲ။

၂၀၁၂ နိုဝင်ဘာ လကုန်ပိုင်း တုန်းကလည်း

လက်ပံတောင်းတောင် စီမံကိန်းအပေါ် ဆန္ဒထုတ်ဖော်နေတဲ့ သံဃာတွေကို တရုတ်အစိုးရ ဇာတ်ညွှန်းအရ အကြမ်းဖက် ဖြိုခွဲခဲ့သေးတယ်။ တကယ်က အဲဒီ ၂၀၁၂ မှာ ကျောက်ဖြူ ကူမင်း ပိုက်လိုင်း က လုပ်နေတုန်းကာလ။ အဲဒီတုန်းက ကျောက်ဖြူကူမင်း ပိုက်လိုင်းကို မြစ်ဆုံလို ရပ်မယ်ဆို ရပ်ပစ်လို့ရတယ်။

အဲဒီ ၂၀၁၂ တုန်းက ကျောက်ဖြူ ကူမင်း သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို ပင်လယ်ထွက်ပေါက်အဖြစ် အသုံးချမယ်မှန်း မသိကြသေးဘူး။ BRI ကမ္ဘာသိမ်းစီမံကိန်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းလို့လည်း မသိကြသေးဘူး။ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း နဲ့ စ စာချုပ်ပြီး ရေနံစိမ်းပိုက်လိုင်း ထပ်တိုးတာပဲ။ ထပ်တိုး ရေနံဆိပ်ပိုက်လိုင်းစာချုပ်က ဆိပ်ခံတံတားကြီး ပါလာပြီလေ။ အခု ရေနက်ဆိပ်ကမ်း အကြွေးထောင်ချောက်။ နောက် ရထားလမ်း ကားလမ်းတွေ ထပ်လာမယ် ကုန်ပြီပေါ့။

၂၀၁၂ မှာ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို လုံးဝ အထိမခံနိုင်တော့ ကျောက်နီမော် ဇာတ်ညွှန်း နဲ့ ရခိုင်ဒေသကို သတင်းအမှောင်ချခဲ့တယ်။ ပြည်သူတွေက ပိုက်လိုင်းအတွက် ဆက် အသံထွက်နေတော့ ၂၀၁၂ နိုဝင်ဘာ လကုန်မှာ သံဃာတွေရဲ့ လက်ပံတောင်းတောင် သပိတ်ကို အကြမ်းဖက်ပြပြီး အာရုံလွှဲလိုက်တာပဲ။ အဲဒီသပိတ်ကို ဝီဝီ စီစဉ်တယ်ဆိုတော့ ပိုက်လိုင်းဆီ အာရုံမရောက်အောင် လမ်းလွှဲတဲ့ ဇာတ်ညွှန်းထဲ အဲဒီကတည်းက ဝီဝီ ပါနေတာပေါ့။

အခု အဲလို ဇာတ်ညွှန်းအရ ဆိုရင် ရထားလမ်း စာချုပ် အပိုင်ရဖို့အတွက် ပိုက်လိုင်း ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ ပိုက်လိုင်းကို ဇာတ်ညွှန်းအရ ထိုးကျွေးတော့မယ်။ AA အညာအုပ်စု TNLA MNDAA ထိန်းချုပ်နယ်မြေ တလျှောက် ပိုက်လိုင်း ဘာညာဖြစ်တယ် ပွဲဆူအောင်လုပ်ပြီး စကစ ကို ပြန်ဆွဲတင်တာမျိုး လုပ်လိမ့်မယ်။ ပိုက်လိုင်းကို အထူးကာကွယ်စရာ မလိုသလို သွားတို့ထိ စရာလည်း မလိုဘူး။ တရုတ်အစိုးရ ကြောက်နေတာက နွေဦးတော်လှန်ရေးကို တရုတ်ပြည်သူတွေ စိတ်ဝင်စားလာတာပဲ။ သန်း ၅၀ က အာဏာရှင်ကို ရိုက်ဖြုတ်နိုင်ရင် သန်းထောင့်ငါးရာ တရုတ်ပြည်သူတွေက ဘာလို့ မလုပ်နိုင်ရမှာလဲ ဆိုတဲ့ အတွေးဖြစ်လာမှာ ညီညွတ်သွားမှာ ကို ကြောက်နေတာပဲ။

အဲတော့ အခုချုပ်လိုက်တဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စာချုပ်ကို ကန့်ကွက်ကြပါ။ ရထားလမ်းကားလမ်း စတဲ့ နောက်ထပ် ဘာစာချုပ်မှ သဘောမတူကြောင်း ထုတ်ဖော်ကြပါ။ စကစ ဝင်ငွေရနေတဲ့ လက်ရှိ စီမံကိန်းတွေ ရပ်ထားဖို့ တရုတ်အစိုးရကို ကမ္ဘာသိ လှမ်းပြောကြပါ။ ပိုက်လိုင်းကို ထိုးကျွေးမယ့် ဇာတ်ညွှန်းရော တရုတ်ပြည်သူနဲ့ မြန်မာပြည်သူအကြား ဆိုက်ဝါးထည့်မယ့် ဇာတ်ညွှန်းရော အရာမရောက်ဘူး ဆိုတာ ပြသကြပါ။ ပြည်သူသည်သာအဓိက။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *