ကြားရတာ အားရတယ် ကျေနပ်တယ် ပီတိဖြစ်တယ်

နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်မှု စစ်သား ၂၀ ဦးသေဆုံးပြီး လက်နက် ၁၉ လက်နှင့်ခဲယမ်းများ ရရှိ

ရန်ကုန်၊ ဒီဇင်ဘ ၂၇

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်မှု စစ်သား ၂၀ ဦးသေဆုံးပြီး လက်နက် ၁၉ လက်နှင့်ခဲယမ်းများ ရရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် KNU −ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ တပ်မဟာ (၃)၊ မူးမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်၏ လည်ပတ်တပ်စခန်း၊ အုန်းနဲပင်တပ်စခန်း နှင့် နရွဲပင်တပ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ တပ်စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်သည့်အချိန်အတွင်း စစ်ကောင်စီတပ်သား ၂၀ ဦး သေးဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၉ လက် နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့ကြောင်း သိရှိရသည်။

ထိုစခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နတ်သံကွင်းရှိတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိပြီး တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း အာဏသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ လေကြောင်းဖြင့် စစ်ကူပေးလျက်ရှိကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *