မွှင်းခါး၁၀ပွဲနှင့်အထက် ခဝေးတွေအုန်းခံရ

ရေစကြိုမြို့နယ်၊ မင်းရွာရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ထိခိုက်သေဆုံးသူများပြား၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးကြောင်း Anyar Federal Task Force – AFTF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် နှင့် ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နေ့တို့တွင် ရေစကြိုမြို့နယ်၊ မင်းရွာ ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို Shar Htoo Waw နည်းပညာ Fixed Wings Drone များဖြင့် ဗုံးသီး အလုံး ၂၀ ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ် သား ၁၀ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မင်းရွာမှာ တပ်စွဲထားတာ၊ အဲဒါကို ဗုံးသီး အလုံး ၂၀ ချခဲ့တာပါ၊ ၁၀ ယောက်သေတယ်၊ တော်တော် များ ဒဏ်ရာရတယ်လို့ သိရတယ်၊ ၆၀ မမ ၃ လုံးပြန်ပစ်တာရှိတယ်၊ အဲဒီပြန်ပစ်တဲ့ ၆၀ မမတွေက လုံးဝမကွဲဘူး၊ မကွဲတဲ့အတွက် ထိခိုက်မှု မရှိခဲ့ပါဘူး” ဟု Anyar Federal Task Force – AFTF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Anyar Federal Task Force(A F T F) Super Fighter Pdf (ရေစကြို) ရေစ ကြိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) ၊ Independence Army -IA ၊ ညောင်ဦးခရိုင် တပ်ရင်း ၅ တပ်ခွဲ- ၂ ရဲဘော်ညီနောင်ပြောက်ကျားတပ်ဖွဲ့ ၊ ညောင်ဦးခရိုင် တပ်ရင်း ၅ ၊မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း NRDF နှင့် စစ်ကိုင်းခရိုင် တပ်ရင်း ၄ MSPDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အနောက်ခြမ်းရှိ ပင်းတလဲရဲစခန်းကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Wundwin Township Revolution Force – WTRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် ည ၈ နာရီခန့်က ဝမ်းတွင်းမြို့နယ်အနောက်ခြမ်းရှိ ပင်းတလဲ ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းသို့ လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျ မသိရှိရခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Wundwin Township Revolution Force – WTRF တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများက သက်ဆိုင်ခြင်းမရှိသော အပြစ်မဲ့ပြည်သူများကို ခြိမ်း ခြောက်သွားကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *