ထားဝယ်မြို့ထဲ PDF တပ်ဖွဲ့တွေ ဝင်ရောက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က အစစ်အ ဆေးတင်းကြပ်
++++++++++++++++++++++
ဒီဇင်ဘာ ၂၇ ရက်
ထားဝယ်မြို့ပေါ် တစ်နေရာမှာ PDF တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးပြုလုပ်နေတဲ့ ရုပ်သံဖိုင်ကို ထုတ်ပြန်ပြီးနောက် အကြမ်းဖက်စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၁ ရက်က အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) တပ်ဖွဲ့တွေ ထားဝယ်မြို့ပေါ် တစ်နေရာ မှာ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်က လမ်းသွားပြည်သူတွေကို စစ်ဆေးမေးမြန်းတာ၊ ဧည့်စာရင်းစစ်ဆေးတာနဲ့ ကင်းပုန်းဝပ်ပြီး စောင့်ကြည့်နေတာတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။
အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေမှာ အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားလာနိုင်တဲ့အတွက် လွတ်လွတ်ကင်းကင်းနေထိုင် ကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။