ကြောက်လို့ပြေးကြပြန်ပြီ

စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရာ စစ်သားနဲ့ ပျူများ မခုခံဘဲ ထွက်ပြေး…

+++++++++++++++

ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ပျူစောထီးနဲ့ စစ်သားများ အခိုင်အမာစခန်းချနေထိုင်ခဲ့တဲ့ မာလဲတောကျေးရွာက တပ်စခန်းကို တိုက်ခိုက်ရာ ပျူစောထီးနဲ့ စစ်သားများ မခုခံဘဲ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

၂နှစ်ကျော် အခိုင်အမာစခန်းချနေထိုင်ခဲ့တဲ့ အဲ့ဒီ မာလဲတောကျေးရွာတပ်စခန်းကို PDF များက တိုက်ခိုက်ရာ စစ်သားနဲ့ပျူများ မခုခံဘဲ ထွက်ပြေးသွားတာကြောင့် ဘန်ကာ ၁၆ ခုနဲ့ ဗုံးခိုကျင်း ၆ ခု ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီရှင်းလင်းမှုကို Phoneix SGG ၊ စစ်ကိုင်းမြို့နယ် ပကဖ ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerilla Force ၊ Fight For Federal ၊ Young Wolf နဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *