ဂုဏ်ပြုဆုငွေ သိန်း၁၀၀ရလိုက်ပြန်ပြီ

တီးတိန်မြို့၊ ခလရ ၂၆၉ မှ ဒုတပ်ကြပ် လက်နက်နှင့်အတူ ပုလဲ ပအဖ ထံအလင်း၀င်မှု ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ထံသို့ ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၉ မှ ဒုတပ်ကြပ် တစ်ဦး လက်နက်တွေနဲ့အတူ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အလင်း၀င်လာတယ်လို့ ပုလဲမြို့နယ် ပအဖ က ပြောပါတယ်။

ခလရ ၂၆၉ မှ ဒုတပ်ကြပ် ဝေလင်း ဟာ MA 3 တစ်လက်၊ ကျည်ဘောက် ၅ ခု ၊ ကျည် ၁၅၀ ၊ ၄၀မမ ဗုံးသီး ၁၀ လုံး၊လက်ပစ်ဗုံး ၁ လုံးနဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အလင်း၀င်လာတာလို့ သိရပါတယ်။

လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလုံလာတဲ့ ဒု-တပ်ကြပ်ဝေလင်းကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျပ်သိန်း ၁၀၀ ဂုဏ်ပြုငွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *