လိုင်စင်မဲ့ကားများကို အခကြေးငွေယူ၍ သယ်ဆောင်ပေးနေသော အင်းစိန် CID မှ ဒရမနှင့်အဖွဲ့ကို ဖမ်းဆီးထား

လိုင်စင်မဲ့ကားများကို အခကြေးငွေယူ၍ သယ်ဆောင်ပေးနေသော အင်းစိန် CID မှ ဒုရဲမှူးနှင့်အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များဖမ်းဆီးထား

ဇန်နဝါရီ ၂ ရက်

အခကြေးငွေယူ၍ လိုင်စင်မဲ့ကား Without များကို သယ်ဆောင်ပေးနေသည့် အင်းစိန် CID မှ ဒုရဲမှူးနှင့်အဖွဲ့ကို ကျိုက်မရောမြို့နယ်အတွင်း၌ တော်လှန်ရေး အဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မြ၀တီမြို့မှ လိုင်စင်မဲ့ကားကို ကိုယ်တိုင်မောင်းနှင်လာသည့် ရန်ကုန်အင်းစိန် CID မှ ဒုရဲမှူးငြိမ်းချမ်းနှင့် ရဲတပ်ဖွဲ့၀င်တစ်ဦး၊ မုဒုံမြို့မှ ကိုကျော်မင်းဆိုသည့် ကားပွဲစားတစ်ဦး စုစုပေါင်း သုံး ဦးကို ကျိုက်မရောမြို့နယ်၊ ကော့ပနော့ကျေးရွာလမ်းဆုံအနီး ဇာသပြင်-ခရုံဂူကားလမ်းတွင် ဒီဇင်ဘာ ၃၀ ရက်နေ့ ညပိုင်းက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြည်ထဲရေးနှင့်နီးစပ်သည့်သတင်းရင်းမြစ်ထံက သိရသည်။

ထိုသို့ ဖမ်းဆီးခံရသည့် ဒုရဲမှူးငြိမ်းချမ်းနှင့်အဖွဲ့သည် လိုင်စင်မဲ့ကားများကို အခကြေး ငွေယူ၍ သယ်ဆောင်ပေးပို့နေသူဖြစ်ပြီး ယခင်က မုဒုံမြို့ နယ်တွင် နယ်ထိန်း Incharge အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

၎င်းတို့ဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး ဖြစ်စဉ်အမှန်အသေးစိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ တင်ပြထားခြင်းမရှိဘဲ သတင်းဖုံးဖိထားကြောင်း သိရသည်။

မြ၀တီမြို့မှ လိုင်စင်မဲ့ကားများကို သယ်ယူတင်သွင်းနေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်အရာရှိပိုင်းနှင့် စစ်ကောင်စီတပ်၏ အရာရှိပိုင်းများကို တော်လှန်ရေးအဖွဲ့များမှ မကြာခဏ ဖမ်းဆီးရမိမှုများရှိနေကြောင်း သိရသည်။

ဒုရဲမှူးငြိမ်းချမ်းနှင့်အဖွဲ့ကို KNLA တပ်ဖွဲ့မှဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသော်လည်း မည်သည့်တော်လှန်ရေးတပ်ဖွဲ့မှ ဖမ်းဆီးထားခြင်းဖြစ်သည်ကို ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လိုင္စင္မဲ့ကားမ်ားကို အခေၾကးေငြယူ၍ သယ္ေဆာင္ေပးေနေသာ အင္းစိန္ CID မွ ဒုရဲမႉးႏွင့္အဖြဲ႕ကို ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားဖမ္းဆီးထား
ဇန္နဝါရီ ၂ ရက္
အခေၾကးေငြယူ၍ လိုင္စင္မဲ့ကား Without မ်ားကို သယ္ေဆာင္ေပးေနသည့္ အင္းစိန္ CID မွ ဒုရဲမႉးႏွင့္အဖြဲ႕ကို က်ိဳက္မေရာၿမိဳ႕နယ္အတြင္း၌ ေတာ္လွန္ေရး အဖြဲ႕မ်ားက ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
ျမ၀တီၿမိဳ႕မွ လိုင္စင္မဲ့ကားကို ကိုယ္တိုင္ေမာင္းႏွင္လာသည့္ ရန္ကုန္အင္းစိန္ CID မွ ဒုရဲမႉးၿငိမ္းခ်မ္းႏွင့္ ရဲတပ္ဖြဲ႕၀င္တစ္ဦး၊ မုဒုံၿမိဳ႕မွ ကိုေက်ာ္မင္းဆိုသည့္ ကားပြဲစားတစ္ဦး စုစုေပါင္း သုံး ဦးကို က်ိဳက္မေရာၿမိဳ႕နယ္၊ ေကာ့ပေနာ့ေက်း႐ြာလမ္းဆုံအနီး ဇာသျပင္-ခ႐ုံဂူကားလမ္းတြင္ ဒီဇင္ဘာ ၃၀ ရက္ေန႔ ညပိုင္းက ဖမ္းဆီးသြားျခင္းျဖစ္ေၾကာင္း ျပည္ထဲေရးႏွင့္နီးစပ္သည့္သတင္းရင္းျမစ္ထံက သိရသည္။
ထိုသို႔ ဖမ္းဆီးခံရသည့္ ဒုရဲမႉးၿငိမ္းခ်မ္းႏွင့္အဖြဲ႕သည္ လိုင္စင္မဲ့ကားမ်ားကို အခေၾကး ေငြယူ၍ သယ္ေဆာင္ေပးပို႔ေနသူျဖစ္ၿပီး ယခင္က မုဒုံၿမိဳ႕ နယ္တြင္ နယ္ထိန္း Incharge အျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့သူျဖစ္ေၾကာင္း သိရသည္။
၎တို႔ဖမ္းဆီးခံရသည့္ ကိစၥႏွင့္ပတ္သက္ၿပီး ျဖစ္စဥ္အမွန္အေသးစိတ္ကို သက္ဆိုင္ရာ တာဝန္ရွိသူမ်ားထံသို႔ တင္ျပထားျခင္းမရွိဘဲ သတင္းဖုံးဖိထားေၾကာင္း သိရသည္။
ျမ၀တီၿမိဳ႕မွ လိုင္စင္မဲ့ကားမ်ားကို သယ္ယူတင္သြင္းေနသည့္ စစ္ေကာင္စီလက္ေအာက္ခံ ရဲတပ္ဖြဲ႕၀င္အရာရွိပိုင္းႏွင့္ စစ္ေကာင္စီတပ္၏ အရာရွိပိုင္းမ်ားကို ေတာ္လွန္ေရးအဖြဲ႕မ်ားမွ မၾကာခဏ ဖမ္းဆီးရမိမႈမ်ားရွိေနေၾကာင္း သိရသည္။
ဒုရဲမႉးၿငိမ္းခ်မ္းႏွင့္အဖြဲ႕ကို KNLA တပ္ဖြဲ႕မွဖမ္းဆီးခဲ့ျခင္းျဖစ္သည္ဟု ဆိုၾကေသာ္လည္း မည္သည့္ေတာ္လွန္ေရးတပ္ဖြဲ႕မွ ဖမ္းဆီးထားျခင္းျဖစ္သည္ကို ဧရာ၀တီတိုင္းမ္ သတင္းဌာနအေနျဖင့္ အတည္ျပဳႏိုင္ျခင္း မရွိေသးေပ။
ပုံစာ-အင္းစိန္ CID ႐ုံးပုံ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *