လက်ရှိရခိုင်ပြည် ကျောက်တော်မြို့အခြေနေ

ကျောက်တော် တင်းမဗျူဟာကုန်း AA ထိုးစစ်တွင် စစ်ကောင်စီ အထိနာနေ

ဇန်နဝါရီလ ၂ ရက်

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာရှိ တင်းမဗျူဟာကုန်းသိမ်းပိုက်နိုင်ရေး AA ၏ ထိုးစစ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်မှ အထိနာနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

တင်းမဗျူဟာကုန်းကို စစ်ကောင်စီက တင်းမကျေးရွာနှင့်ကပ်လျှက်ရှိသည့် တောင်ရှည်တောင်တွင် တပ်စွဲထားခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော် AA က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှစ၍ အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့က နှစ်ဖက်တိုက်ပွဲမှာ ပိုမိုပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့၍ စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူမှု၊ လက်နက်ကြီးပစ်ကူပေးခဲ့ရသည်အထိ အထိနာလျှက်ရှိကြောင်း သိရသည်။

ကျောက်တော် ဒေသခံတစ်ဦးက “ဒီဇင်ဘာ ၃၁ ညဉ့်ကတည်းက တိုက်ပွဲအပြင်းထန်ဖြစ်နေတာ။ သေနတ်သံတွေလည်း ကြားရတယ်။ တပ်မက နေလက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်နေတယ်။ ဒီနေ့မနက်က လေယာဥ်လာပြီး ပစ်သွားတယ်။ လေယာဥ်က ၂ စင်းလောက်အသွားအပြန်လုပ်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများအပြားကျဆုံးမှုရှိကြောင်းလည်း နောက်ထပ် ဒေသခံတစ်ဦးက ဆိုသည်။

“စစ်ကောင်စီဖက်က အကျဆုံးများနေတယ်လို့ သိရတယ်။ မနေ့က တစ်နေ့လုံး တိုက်ပွဲပြင်းထန်နေတယ်။ စစ်ကောင်စီဖက်က အထိနာနေတော့ လက်နက်ကြီးနဲ့ မနားတမ်းပစ်သလို လေယာဥ်လည်း မကြာမကြာလာပစ်တယ်” ဟု ပြောသည်။

တင်းမကျေးရွာ တင်းမဗျူဟာကုန်းမှာ ကျောက်တော်မြို့နှင့် မိုင် ၂၀ ခန့်သာ ဝေးပြီး စစ်ကောင်စီ၏ ကျောက်တော်တပ်မနှင့်လည်း မိုင် ၂၀ ခန့်သာ ဝေးကွာကာ AA ထိုးစစ်တွင် အထိနာနေ၍ ကျောက်တော်တပ်မက လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေခြင်းဖြစ်သည်။

တင်းမဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အနီးအနားက ရခိုင်ပြည်သူလူထုအား နှစ်ရှည်လများ ဒုက္ခပေးနေခြင်း၊ သတ်ဖြတ်နေခြင်း၊ နေအိမ်များအား မီးရှို့ခြင်းနှင့် ဖမ်းဆီးခြင်းတို့ကို ကျူးလွန်နေ၍ AA က အပြီးသတ်သိမ်းပိုက်နိုင်ရေးကို ကြိုးပမ်းနေခြင်းဖြစ်သည်။

တစ်ဖက်မှာလည်း ဒေသခံများကြားတွင် တင်းမဗျူဟာကုန်းကို ဇန်နဝါရီလ ၁ ရက်နေ့ နေ့လယ်က AA မှ သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်ပေါ်နေသော်လည်း ရက္ခိုင့်တပ်တော် AA နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့က တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။

တင်းမကျေးရွာ တောင်ရှည်တောင်ရှိ တင်းမဗျူဟာကုန်းကို ၂၀၁၉ ခုနှစ်ကစ၍ တပ်စွဲနေထိုင်ခြင်းဖြစ်ပြီး ကျောက်တော်-လက်ဝ ရေလမ်းကြောင်း ကုလားတန်မြစ်ကမ်းဘေးတွင် တည်ရှိနေခြင်းဖြစ်သည်။

တင်းမဗျူဟာကုန်း တိုက်ပွဲပြင်းထန်နေစဥ် စစ်ကောင်စီမှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် အနီးနားကျေးရွာများဖြစ်သည့် ဝက်မကျ၊ သားပုံ၊ လောင်းရှည်၊ ကွမ်းစည်း စသည့် ကျေးရွာမှ ဒေသခံများမှာ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ တိမ်းရှောနေကြရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ဝက်မကျကျေးရွာအနီးတွင်ကျ၍ နွားနှင့် ဆိတ်အကောင်ရေ ၂၀ ခန့်သေဆုံးခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် AA မှ ကုလာတတန်မြစ်ကြောင်းတစ်လျှောက်ရှိ စစ်ကောင်စီဗျူဟာကုန်းများကို ထိုးစစ်ဆင်တိုက်လိုက်လျှက်ရှိနေပြီး ပလက်ဝမှ တရွန်အိုင်၊ နှုံးဘူး၊ ခဝဲကုန်း၊ ပွိုင့် ၃၇၇ စသည်တို့ကို သိမ်းဆည်းရမိပြီးဖြစ်ကာ လက်ရှိတွင် တင်းမဗျူဟာကုန်းအပါအဝင် တပ်စခန်းအချို့ကို ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ခဲ့သည့် ရခိုင်ပြည်အတွင်း တတိယအကြိမ် တကျော့ပြန်တိုက်ပွဲများအတွင်း AA မှ စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ် တပ်စခန်းများ၊ ဗျူဟာကုန်းများနှင့် နယ်ခြေားစောင့်စခန်း၊ ရဲစခန်း စသည့် တပ်စခန်းပေါင်း ၁၅၀ ခန့်ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း AA မှ ထုတ်ပြန်ထားသည်။

ပုံစာ-စစ်ကောင်စီ ခဝဲဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ

ေက်ာက္ေတာ္ တင္းမဗ်ဴဟာကုန္း AA ထိုးစစ္တြင္ စစ္ေကာင္စီ အထိနာေန
ဇန္နဝါရီလ ၂ ရက္
ရခိုင္ျပည္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမေက်း႐ြာရွိ တင္းမဗ်ဴဟာကုန္းသိမ္းပိုက္ႏိုင္ေရး AA ၏ ထိုးစစ္တြင္ အာဏာသိမ္း စစ္ေကာင္စီတပ္မွ အထိနာေနေၾကာင္း ေဒသခံမ်ား ေျပာျပခ်က္အရ သိရသည္။
တင္းမဗ်ဴဟာကုန္းကို စစ္ေကာင္စီက တင္းမေက်း႐ြာႏွင့္ကပ္လွ်က္ရွိသည့္ ေတာင္ရွည္ေတာင္တြင္ တပ္စြဲထားျခင္းျဖစ္ၿပီး ရကၡိဳင့္တပ္ေတာ္ AA က ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလ ၂၅ ရက္ေန႔မွစ၍ အၿပီးသတ္သိမ္းပိုက္ႏိုင္ေရး ထိုးစစ္ဆင္တိုက္ခိုက္ေနျခင္းျဖစ္သည္။
ဒီဇင္ဘာလ ၃၁ ရက္ေန႔က ႏွစ္ဖက္တိုက္ပြဲမွာ ပိုမိုျပင္းထန္ခဲ့ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အမ်ားအျပား ထိခိုက္ေသဆုံးမႈရွိခဲ့၍ စစ္ေကာင္စီဘက္မွ ေလေၾကာင္းပစ္ကူမႈ၊ လက္နက္ႀကီးပစ္ကူေပးခဲ့ရသည္အထိ အထိနာလွ်က္ရွိေၾကာင္း သိရသည္။
ေက်ာက္ေတာ္ ေဒသခံတစ္ဦးက “ဒီဇင္ဘာ ၃၁ ညဥ့္ကတည္းက တိုက္ပြဲအျပင္းထန္ျဖစ္ေနတာ။ ေသနတ္သံေတြလည္း ၾကားရတယ္။ တပ္မက ေနလက္နက္ႀကီးေတြနဲ႔လည္း ဆက္တိုက္ပစ္ေနတယ္။ ဒီေန႔မနက္က ေလယာဥ္လာၿပီး ပစ္သြားတယ္။ ေလယာဥ္က ၂ စင္းေလာက္အသြားအျပန္လုပ္ေနတယ္” ဟု ေျပာသည္။
စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား အမ်ားအျပားက်ဆုံးမႈရွိေၾကာင္းလည္း ေနာက္ထပ္ ေဒသခံတစ္ဦးက ဆိုသည္။
“စစ္ေကာင္စီဖက္က အက်ဆုံးမ်ားေနတယ္လို႔ သိရတယ္။ မေန႔က တစ္ေန႔လုံး တိုက္ပြဲျပင္းထန္ေနတယ္။ စစ္ေကာင္စီဖက္က အထိနာေနေတာ့ လက္နက္ႀကီးနဲ႔ မနားတမ္းပစ္သလို ေလယာဥ္လည္း မၾကာမၾကာလာပစ္တယ္” ဟု ေျပာသည္။
တင္းမေက်း႐ြာ တင္းမဗ်ဴဟာကုန္းမွာ ေက်ာက္ေတာ္ၿမိဳ႕ႏွင့္ မိုင္ ၂၀ ခန႔္သာ ေဝးၿပီး စစ္ေကာင္စီ၏ ေက်ာက္ေတာ္တပ္မႏွင့္လည္း မိုင္ ၂၀ ခန႔္သာ ေဝးကြာကာ AA ထိုးစစ္တြင္ အထိနာေန၍ ေက်ာက္ေတာ္တပ္မက လက္နက္ႀကီးမ်ားျဖင့္ အဆက္မျပတ္ ပစ္ခတ္ေနျခင္းျဖစ္သည္။
တင္းမဗ်ဴဟာကုန္းရွိ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားမွာ အနီးအနားက ရခိုင္ျပည္သူလူထုအား ႏွစ္ရွည္လမ်ား ဒုကၡေပးေနျခင္း၊ သတ္ျဖတ္ေနျခင္း၊ ေနအိမ္မ်ားအား မီးရႈိ႕ျခင္းႏွင့္ ဖမ္းဆီးျခင္းတို႔ကို က်ဴးလြန္ေန၍ AA က အၿပီးသတ္သိမ္းပိုက္ႏိုင္ေရးကို ႀကိဳးပမ္းေနျခင္းျဖစ္သည္။
တစ္ဖက္မွာလည္း ေဒသခံမ်ားၾကားတြင္ တင္းမဗ်ဴဟာကုန္းကို ဇန္နဝါရီလ ၁ ရက္ေန႔ ေန႔လယ္က AA မွ သိမ္းပိုက္လိုက္ၿပီဟု သတင္းထြက္ေပၚေနေသာ္လည္း ရကၡိဳင့္တပ္ေတာ္ AA ႏွင့္ ညီေနာင္မဟာမိတ္တပ္ဖြဲ႕က တရားဝင္ ထုတ္ျပန္ျခင္းမရွိေသးေပ။
တင္းမေက်း႐ြာ ေတာင္ရွည္ေတာင္ရွိ တင္းမဗ်ဴဟာကုန္းကို ၂၀၁၉ ခုႏွစ္ကစ၍ တပ္စြဲေနထိုင္ျခင္းျဖစ္ၿပီး ေက်ာက္ေတာ္-လက္ဝ ေရလမ္းေၾကာင္း ကုလားတန္ျမစ္ကမ္းေဘးတြင္ တည္ရွိေနျခင္းျဖစ္သည္။
တင္းမဗ်ဴဟာကုန္း တိုက္ပြဲျပင္းထန္ေနစဥ္ စစ္ေကာင္စီမွ လက္နက္ႀကီးမ်ားပစ္ခတ္မႈေၾကာင့္ အနီးနားေက်း႐ြာမ်ားျဖစ္သည့္ ဝက္မက်၊ သားပုံ၊ ေလာင္းရွည္၊ ကြမ္းစည္း စသည့္ ေက်း႐ြာမွ ေဒသခံမ်ားမွာ ႐ြာလုံးကြၽတ္ ေဘးလြတ္ရာသို႔ တိမ္းေရွာေနၾကရသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက စစ္ေကာင္စီပစ္ခတ္သည့္ လက္နက္ႀကီး ဝက္မက်ေက်း႐ြာအနီးတြင္က်၍ ႏြားႏွင့္ ဆိတ္အေကာင္ေရ ၂၀ ခန္႔ေသဆုံးခဲ့ေၾကာင္း သိရသည္။
ရကၡိဳင့္တပ္ေတာ္ AA မွ ကုလာတတန္ျမစ္ေၾကာင္းတစ္ေလွ်ာက္ရွိ စစ္ေကာင္စီဗ်ဴဟာကုန္းမ်ားကို ထိုးစစ္ဆင္တိုက္လိုက္လွ်က္ရွိေနၿပီး ပလက္ဝမွ တ႐ြန္အိုင္၊ ႏႈံးဘူး၊ ခဝဲကုန္း၊ ပြိဳင့္ ၃၇၇ စသည္တို႔ကို သိမ္းဆည္းရမိၿပီးျဖစ္ကာ လက္ရွိတြင္ တင္းမဗ်ဴဟာကုန္းအပါအဝင္ တပ္စခန္းအခ်ိဳ႕ကို ဆက္တိုက္ ထိုးစစ္ဆင္တိုက္ခိုက္လွ်က္ရွိေနသည္။
၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၃ ရက္ေန႔မွ စတင္ခဲ့သည့္ ရခိုင္ျပည္အတြင္း တတိယအႀကိမ္ တေက်ာ့ျပန္တိုက္ပြဲမ်ားအတြင္း AA မွ စစ္ေကာင္စီ၏ လက္နက္ႀကီး၊ လက္နက္ငယ္ တပ္စခန္းမ်ား၊ ဗ်ဴဟာကုန္းမ်ားႏွင့္ နယ္ေျခားေစာင့္စခန္း၊ ရဲစခန္း စသည့္ တပ္စခန္းေပါင္း ၁၅၀ ခန႔္ကို သိမ္းပိုက္ရရွိထားၿပီျဖစ္ေၾကာင္း AA မွ ထုတ္ျပန္ထားသည္။
ပုံစာ-စစ္ေကာင္စီ ခဝဲဗ်ဴဟာကုန္းအား ရကၡိဳင့္တပ္ေတာ္ သိမ္းဆည္းရရွိခဲ့ေသာ လက္နက္ခဲယမ္းမ်ားႏွင့္ စစ္အသုံးအေဆာင္ပစၥည္းမ်ား

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *