ခဝေးတွေကို လနကြီးနဲ့ဆော်ထားတဲ့(ရုပ်သံ)

ယင်းမာပင်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

+++++++++++++++++++++

ဇန်နဝါရီ ၂ ရက်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ရင်း ၂၈ နဲ့ ရွှေတောင်ဉီး ကုန်းရှိ ပျူစခန်းကို ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brother Defense Forceမှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၃၁ ရက်က ညနေ ၅ နာရီခွဲခန့်က ယင်းမာပင်မြို့နယ်အတွင်းရှိ ရဲတပ်ရင်း ၂၈ နဲ့ ရွှေတောင်ဉီးကုန်းရှိ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို ၆၀ မမ လက်နက်ကြီး အလုံး ၃၀ ခန့်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေကလည်း ၆၀မမ၊ ၁၂၀ မမ၊ စက်လတ်တွေနဲ့ တော် လှန်ရေးတပ်တွေကို ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ – Brother Defence Force ၊ မဲမှောင်ပျောက်ကြားတပ်တို့က ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *