မတူပီမှာပြင်ဆင်နေကြပြီ ဗဟမှူးကမြို့ထဲတောင်မလာရဲဘူးဆိုပဲ

မတူပီရှိ စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာကုန်းနှင့် တပ်ရင်းတို့ မကျစေရေး ခံစစ်အဖြစ် ကြိုတင်ပြင်ဆင်ထားပြီး တပ်အင်အားများ ဖြည့်တင်း

ဇန်နဝါရီလ ၂ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ထေဘွေးတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မတူပီမြို့ပေါ်ရှိ စစ်ကောင်စီ၏ အခြေချဗျူဟာကုန်း၊ ခလရ-၁၄၀ တပ်ရင်းနှင့် ခမရ-၃၀၄ တပ်ရင်းတို့ မကျစေရေးအတွက် ခံစစ်အဖြစ် ကြိုတင်ပြင်ဆင် မှုများပြုလုပ်နေကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းနှင့်နီးစပ်သည့် ဒေသခံများထံ က သိရသည်။

မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ကို ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးတပ်က သိမ်းပိုက်စဉ်က စစ်ကောင်စီတပ်စခန်းကိုစွန့်ခွာ၍ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေး သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း မတူပီမြို့ရှိတပ်ရင်း၊ တပ်ဖွဲ့များထံသို့ ပြန်လည် ရောက်ရှိပူးပေါင်းနေပြီး ထေဘွေးတပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ခမရ ၃၀၄ တပ်ရင်းသို့ ပူးပေါင်းခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်လာရင် ကြိုတင်ကာကွယ်ခုခံနိုင်ဖို့အတွက် မတူပီ-ဖနိုင်အကြား ကားလမ်း အပေါ်ဘက်တွေမှာ ကတုတ်ကျင်းတွေ စနစ်တကျတူးထားတယ်။ ပြီးတော့ ခမရ-၃၀၄ အပြင် မတူပီ၊ အထက(၁) ကျောင်းဝင်းမှာလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်။ လိုင်လင်းပီ၊ ရေဇွာ၊ ထေဘွေးတပ်စခန်းတွေ မသိမ်းပိုက်ခင်တုန်းကတော့ အဖြစ် သဘောပဲ တူးတာပါ။ အခုကတော့ ကတုတ်ကျင်းကနေ အပြန်အလှန်ဆက်သွယ်ကြဖို့၊ လက်နက်တွေသယ်ဆောင်နိုင်ဖို့အထိ တိုးချဲ့ပြီးတော့ တူးထားတာ”ဟု စစ်ကောင်စီ တပ်နှင့် နီးစပ်သူက ပြောသည်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်များသည် မတူပီမြို့အနီးရှိ တပ်စခန်းများကို သိမ်းပိုက် ထားနိုင်သလို မြို့အဝင်/အထွက်ရှိ စစ်ကောင်စီတပ်၏ တပ်စခန်းများကိုလည်း မကြာခဏ တိုက်ခိုက်မှုကြောင့် မတူပီအခြေချ စစ်ဗျူဟာကုန်းမှ ဗျူဟာမှူးသည်ပင် ယခင်ကကဲ့သို့ မတူပီမြို့အတွင်း ဖြတ်သွား/ဖြတ်လာ ပြုလုပ်ရဲခြင်း မရှိတော့ကြောင်း သိရသည်။

“အရင်တုန်းကတော့ သူတို့(စစ်ကောင်စီ)လက်အောက်ခံဌာနဆိုင်ရာအစည်းအဝေးတွေ ပြုလုပ်ရင် ထွေ/အုပ်ရုံးမှာပဲ လုပ်တယ်။ အခုတော့ ဗျူဟာမှူးက မြို့ထဲမလာရဲတော့ဘူး။ အစည်းအဝေးတွေခေါ်ရင်လည်း ဗျူဟာကုန်းမှာပဲ ခေါ်တယ်။ တပ်ထဲမှာလည်း အစည်း အဝေးတွေ လုပ်နေပြီ”လို့ မတူပီမြို့၊ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မတူပီမြို့ပေါ်ရှိ စစ်ဗျူဟာကုန်းနှင့် တပ်ရင်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား စုစုပေါင်း ၃၀၀ အထက်နှင့် ရဲမေအင်အားလည်း ၃၀၀ခန့်ရှိနိုင်ကြောင်းသိရပြီး ညဘက် ကင်းကို အမျိုးသားများအား ကင်းချထား၍ နေ့ခင်းဘက်တွင် အမျိုးသမီးများကို ကင်းတာဝန် ချထားကြောင်းသိရသည်။

ပုံစာ-မတူပီမြို့နှင့် စစ်ကောင်စီ၏ ခလရ-၁၄၀ တပ်ရင်း။

မတူပီရွိ စစ္ေကာင္စီ၏ အေျခခ်စစ္ဗ်ဴဟာကုန္းႏွင့္ တပ္ရင္းတို႔ မက်ေစေရး ခံစစ္အျဖစ္ ႀကိဳတင္ျပင္ဆင္ထားၿပီး တပ္အင္အားမ်ား ျဖည့္တင္း
ဇန္နဝါရီလ ၂ ရက္
ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္၊ ေထေဘြးတပ္စခန္းကို ခ်င္းကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕က တိုက္ခိုက္သိမ္းပိုက္ၿပီးေနာက္ မတူပီၿမိဳ႕ေပၚရွိ စစ္ေကာင္စီ၏ အေျခခ်ဗ်ဴဟာကုန္း၊ ခလရ-၁၄၀ တပ္ရင္းႏွင့္ ခမရ-၃၀၄ တပ္ရင္းတို႔ မက်ေစေရးအတြက္ ခံစစ္အျဖစ္ ႀကိဳတင္ျပင္ဆင္ မႈမ်ားျပဳလုပ္ေနေၾကာင္း စစ္ေကာင္စီတပ္အသိုင္းအဝိုင္းႏွင့္နီးစပ္သည့္ ေဒသခံမ်ားထံ က သိရသည္။
မတူပီၿမိဳ႕နယ္၊ လိုင္လင္းပီၿမိဳ႕ကို ခ်င္းအမ်ိဳးသားတပ္မေတာ္ႏွင့္ ခ်င္းကာကြယ္ေရးတပ္က သိမ္းပိုက္စဥ္က စစ္ေကာင္စီတပ္စခန္းကိုစြန႔္ခြာ၍ အိႏၵိယႏိုင္ငံဘက္သို႔ ထြက္ေျပး သြားသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားလည္း မတူပီၿမိဳ႕ရွိတပ္ရင္း၊ တပ္ဖြဲ႕မ်ားထံသို႔ ျပန္လည္ ေရာက္ရွိပူးေပါင္းေနၿပီး ေထေဘြးတပ္စခန္းမွ ထြက္ေျပးသြားသည့္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ခမရ ၃၀၄ တပ္ရင္းသို႔ ပူးေပါင္းခဲ့ေၾကာင္း သိရသည္။
“တိုက္ပြဲျဖစ္လာရင္ ႀကိဳတင္ကာကြယ္ခုခံႏိုင္ဖို႔အတြက္ မတူပီ-ဖႏိုင္အၾကား ကားလမ္း အေပၚဘက္ေတြမွာ ကတုတ္က်င္းေတြ စနစ္တက်တူးထားတယ္။ ၿပီးေတာ့ ခမရ-၃၀၄ အျပင္ မတူပီ၊ အထက(၁) ေက်ာင္းဝင္းမွာလည္း ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေနတယ္။ လိုင္လင္းပီ၊ ေရဇြာ၊ ေထေဘြးတပ္စခန္းေတြ မသိမ္းပိုက္ခင္တုန္းကေတာ့ အျဖစ္ သေဘာပဲ တူးတာပါ။ အခုကေတာ့ ကတုတ္က်င္းကေန အျပန္အလွန္ဆက္သြယ္ၾကဖို႔၊ လက္နက္ေတြသယ္ေဆာင္ႏိုင္ဖို႔အထိ တိုးခ်ဲ႕ၿပီးေတာ့ တူးထားတာ”ဟု စစ္ေကာင္စီ တပ္ႏွင့္ နီးစပ္သူက ေျပာသည္။
ခ်င္းကာကြယ္ေရးပူးေပါင္းတပ္မ်ားသည္ မတူပီၿမိဳ႕အနီးရွိ တပ္စခန္းမ်ားကို သိမ္းပိုက္ ထားႏိုင္သလို ၿမိဳ႕အဝင္/အထြက္ရွိ စစ္ေကာင္စီတပ္၏ တပ္စခန္းမ်ားကိုလည္း မၾကာခဏ တိုက္ခိုက္မႈေၾကာင့္ မတူပီအေျခခ် စစ္ဗ်ဴဟာကုန္းမွ ဗ်ဴဟာမႉးသည္ပင္ ယခင္ကကဲ့သို႔ မတူပီၿမိဳ႕အတြင္း ျဖတ္သြား/ျဖတ္လာ ျပဳလုပ္ရဲျခင္း မရွိေတာ့ေၾကာင္း သိရသည္။
“အရင္တုန္းကေတာ့ သူတို႔(စစ္ေကာင္စီ)လက္ေအာက္ခံဌာနဆိုင္ရာအစည္းအေဝးေတြ ျပဳလုပ္ရင္ ေထြ/အုပ္႐ုံးမွာပဲ လုပ္တယ္။ အခုေတာ့ ဗ်ဴဟာမႉးက ၿမိဳ႕ထဲမလာရဲေတာ့ဘူး။ အစည္းအေဝးေတြေခၚရင္လည္း ဗ်ဴဟာကုန္းမွာပဲ ေခၚတယ္။ တပ္ထဲမွာလည္း အစည္း အေဝးေတြ လုပ္ေနၿပီ”လို႔ မတူပီၿမိဳ႕၊ ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
မတူပီၿမိဳ႕ေပၚရွိ စစ္ဗ်ဴဟာကုန္းႏွင့္ တပ္ရင္းမ်ားတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အင္အား စုစုေပါင္း ၃၀၀ အထက္ႏွင့္ ရဲေမအင္အားလည္း ၃၀၀ခန႔္ရွိႏိုင္ေၾကာင္းသိရၿပီး ညဘက္ ကင္းကို အမ်ိဳးသားမ်ားအား ကင္းခ်ထား၍ ေန႔ခင္းဘက္တြင္ အမ်ိဳးသမီးမ်ားကို ကင္းတာဝန္ ခ်ထားေၾကာင္းသိရသည္။
ပုံစာ-မတူပီၿမိဳ႕ႏွင့္ စစ္ေကာင္စီ၏ ခလရ-၁၄၀ တပ္ရင္း။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *