စခတွေကိုရှောင်နိုင်သမျှဝေးဝေးသာရှောင်ကြ
ကလေးမြို့မှာ စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာပြည်သူတစ်ချို့ရဲ့ ဖုန်းနှင့်ငွေများ မတရားသိမ်းယူ
ဇန်နဝါရီလ ၂ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်တောင်ဘက်ရှိ ကျောက်ဂူကျောင်းအနီးမှာ စစ်ကောင်စီတပ်က စစ်ဆေးရေးလုပ်ပြီး လမ်းသွားလမ်းလာပြည်သူတစ်ချို့ရဲ့ ဖုန်းနှင့်ငွေများကို မတရားသိမ်းယူခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ကလေးမြို့ တက္ကသိုလ်ကျောင်းကနေထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးဝန်းကျင်ဟာ ကလေးမြို့အနောက်တောင် ကျောက်ဂူကျောင်းအနီးမှာ စစ်ဆေးရေးများလုပ်ပြီး သွားလာတဲ့ပြည်သူတစ်ချို့ရဲ့ ဖုန်းနဲ့ငွေများကိုသိမ်းယူထားတာဖြစ်တယ်လို့ သိရပါတယ်။
“မြို့ထဲကိုစျေးဝယ်လာတဲ့ လင်မယားနှစ်ယောက်ဆီက ၄ သိန်းယူတယ်။ ကားဆရာ ၂ ယောက်ဆီက ၂ သိန်း သိမ်းယူတယ်။တစ်ချို့ဆီက ဖုန်းတွေသိမ်းတယ် ဘာကြောင့်သိမ်းလဲဆိုတာလည်းမပြောဘူး” လို့ အနီးရှိပြည်သူတစ်ဦးက Zalen ကိုပြောပါတယ်။
စစ်ကောင်စီတပ်က အရှေ့တောင် ကလေး-ဂန့်​ဂေါလမ်းကိုသွားလာခွင့်ပိတ်ပင်ထားပြီးနောက်
ကလေးတောင်ပိုင်းပြည်သူတစ်ချို့ဟာ မြောင်းဆုံရွာမှ ကလေးအနောက်တောင် ကျောက်ဂူလမ်းကို အသုံးပြုလာကြတာဖြစ်တယ်လို့ ဒေသခံများကပြောပါတယ်။
ကလေးမြို့အနောက်တောင် ကျောက်ဂူလမ်းကို ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလမှာ ပြည်သူများ အသုံးမပြုနိုင်ရန် JCB စက်ဖြင့် လမ်းကိုဖျက်ဆီးခဲ့ကြောင်းလည်း သိရပါတယ်။
ဇန်နဝါရီလ ၂ ရက်
Comments
No comments yet. Why don’t you start the discussion?
Leave a Reply
Your email address will not be published. Required fields are marked *