တောင်းထဲကငှက်ပျောဖူးလေးတွေက လှလိုက်တာ

စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုပျူရွာကို ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၁ ဦး သေဆုံး၊ ပုလဲမြို့ ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တို(ပျူ)ရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး တစ်ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၃၀ ရက် နေ့က စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တို(ပျူ)ရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ ပျူစောထီးခေါင်းဆောင် ထွန်းဝေ၏ နေအိမ်တည့်တည့်ပေါ် ကျရောက်ပေါက်ကွဲပြီး ပျူခေါင်း ဆောင်ထွန်းဝေ၏သား ပျူစောထီး သေဆုံးသွားကြောင်း၊ သေဆုံးသွားသော ပျူစောထီးရုပ် အ လောင်းကို ဇန်နဝါရီလ ၁ ရက် နံနက် ၉ နာရီခန့်တွင် အသုဘနာရေးအခမ်းအနားဖြင့် သင်္ဂြိုလ်ခဲ့ ကြောင်း သိရသည်။

“ပျူခေါင်းဆောင် ထွန်းဝေဆိုတာက ဘိုးတော်ကြီး အသက်ကြီးနေပြီ၊ သူ့သားတွေက အသက် ၃၀ ကျော်တွေ၊ သေတဲ့သူလဲ ပျူပဲ၊ အစကတော့ အတည်ပြုချက်မရလို့ သတင်းမထုတ်ပြန်ပဲနေတော့ မလို့၊ ဒီနေ့ (ဇန်နဝါရီလ ၁ ရက်) မှ နာရေးချတယ်ဆိုပြီး သိရလို့ သတင်းထုတ်ပြန်လိုက်တာပါ၊ ညောင် ငုတ်တိုရွာက တစ်ရွာလုံး ပျူတွေပဲ” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၊ Phoenix Sgg နှင့် Royal Falcon တို့ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၀၂၄ ခုနှစ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ထက်ပိုမိုသော တိုက်ခိုက်မှု များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထား သော စစ် ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေး အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၁ ရက် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က ပုလဲမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒေါင်း တမန်လေကြောင်း စစ်ဆင်ရေးအဖြစ် Shar Htoo WAW နည်းပညာတပ်ဖွဲ့၏ ပူးပေါင်း တပ်ဖွဲ့ဝင်များ Fly Wing Drone ဖြင့် ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်နိုင်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (3) PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (4) SSTF ၊ မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ ၃ ၊ တိမ်တမာန် လေကြောင်း စစ်ဆင်ရေး၊ ဆားလင်းကြီးမြို့နယ်၊ ပကဖ ၊ Seven People Defense Force-Mandalay ၊ Union Brothers-UB (ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ ဒေါနစစ်ကြောင်း၏ ဖိုးမောင်ပြန်လာပြီဇာတ်ကား ထောက်ပို့ အဖွဲ့ ၊ Support To Federal Democracy ၊ CONNECT ၊ ဒေသခံ ပကဖ အဖွဲ့များနှင့် တပ်ရင်း၊ တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအနေသည် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းထားပြီး ရရှိသည့် ပစ္စည်းများနှင့် အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ဒရုန်းအစီးရေးများများ အသုံးပြုပြီး ပေါက်ကွဲအားပြင်းသော ယမ်းများ အသုံးပြုကာ ယခုပိုမိုလုပ်ဆောင်နိုင်ရန် မိဘပြည်သူ များမှ ဝိုင်းဝန်းကူညီပေးကြပါရန်မေတ္တာရပ်ခံထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *