မဂ်လာမနက်ခင်းလေးမှာဝမ်းသာစရာသတင်းလေးနဲ့စဖွင့်

ပလက်၀မြို့နယ်၊ ချင်းလက်၀စခန်းကုန်းကို AA က တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၃

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ ချင်းလက်၀စခန်းကုန်းကို AA က တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း AA က တရားဝင် သတင်းထုတ် ပြန်သည်။

ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော စစ်ကောင်စီတပ်၏စခန်းကုန်းများထဲမှ ပလက်ဝမြို့ နယ်၊ ခမောင်းဝစခန်းကုန်းကို ဇန်နဝါရီလ ၂ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင်လည်း ချင်းလက်ဝစခန်းကုန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း AA က ဆိုသည်။

အဆိုပါ စခန်းကုန်းများကို သိမ်းပိုက်ရရှိရာတွင် စစ်သားအလောင်းများ၊ လက် နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကိုလည်း သိမ်း ဆည်းရမိခဲ့ကြောင်း AA ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *