မတေဘဲကျန်နေတဲ့လေဘဲရဲ့ရုပ်ရည်ရူပကာကိုရှိုးလိုက်ကြအုန်း

ပျက်ကျရဟတ်ယာဉ်တွင် အသက်ရှင်ကျန်သူ ဗိုလ်မှူး၏ပါး မီးလောင်ဒဏ်ရာရ

ဇန်နဝါရီလ ၃ ရက်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပစ်ချ၍ ပျက်ကျသည့် ရဟတ်ယာဉ်တွင် တစ်ဦးတည်းသော အသက်ရှင်ကျန်သူ စစ်ကောင်စီတပ် ဗိုလ်မှူး၏ပါး မီးလောင်ဒဏ်ရာရခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ယနေ့(ဇန်နဝါရီ ၃ရက်)နံနက်တွင် မြစ်ကြီးနားမြို့မှ KIAဌာနချုပ် နယ်မြေရှိ နာဖော့စစ်စခန်းကို စစ်ကောင်စီက ရဟတ်ယာဉ် နှစ်စီးဖြင့်ရိက္ခာ ပို့ဆောင်စဉ် ရဟတ်ယာဉ်တစ်စီးကို KIAက ပစ်ချခဲ့ခြင်းဖြစ်သည်။

“လေယာဥ်မှူး ဗိုလ်ကြီး ကောင်းစံသိန်းသေ။
သေတာ ၆ ယောက်အတည်ပြု။ အရှင်မိတာဗိုလ်မှူး။ တပ်ရင်းမှူးတဲ့။ ပါးမီးလောင်သွား။ ခြုံထဲကျလို့မသေတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ရဟတ်ယာဉ်မှူး ဗိုလ်ကြီး ကောင်းစံသိန်းအပါအဝင် သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလာင်း မှတ်တမ်းဓာတ်ပုံနှင့် ဒဏ်ရာရ ဗိုလ်မှူး၏ ဓာတ်ပုံများကိုလည်း စစ်ရေးသတင်းရင်းမြစ်က ‌‌‌‌‌‌ပြသသည်။

ယင်းဓာတ်ပုံများ၌ မီးလောင်ပေါက်ကွဲပျက်ကျသည့် ရဟတ်ယာဉ်အပျက်အစီးများနှင့်အတူ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ကိုလည်း တွေ့ရသည်။

အဆိုပါ စစ်ရဟတ်ယာဉ်သည် ရှေ့တန်းစခန်းသို့ ရိက္ခာခဲယမ်း ပို့ဆောင်စဉ် KIAက ပစ်ချခဲ့ခြင်း ဖြစ်သည်။

(အသက်ရှင်ကျန်ရစ်သည့် ဗိုလ်မှူးအား တွေ့ရစဉ်။ ဓာတ်ပုံ – File Photo)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *