လောက်ကိုင်ဆို့အောက် အတည်ပြုပြီး(ရုပ်သံ)

လောက်ကိုင် ဒကစနဲ့ လက်ကျန်တပ်ရင်းအားလုံး MNDAA ထံ လက်နက်ချ

ဇန်နဝါရီ ၄ ရက်

အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်

ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ အခြေစိုက် စစ်ကောင်စီ ဒကစ နဲ့ လက်ကျန် တပ်ရင်းတွေ ဇန်နဝါရီလ ၃ ရက် MNDAA ထံ လက်နက်ချ အညံ့ခံ လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“လောက်ကိုင်က စစ်ကောင်စီတွေ အကုန် လက်နက်ချ အညံ့ခံကုန်ပြီ” လို့ နယ်စပ် ဒေသခံ တစ်ဦး ကပြောပါတယ်။

ဒကစ အပါဝင် ကျန်တပ်ရင်းတွေ စုပေါင်းပြီး တပ်သားတွေချွင်းချက်မရှိ MNDAA ထံ လက်နက်ချ အညံ့သွားတာ လို့ ဆိုပါတယ်။

“မဟာမိတ်တပ်ဖွဲ့က နယ်ခြား အမှတ် ၁၂၅ ကိုရောက်လာပြီး ကုန်တင်ကားကြီး ၁၀ စီး လာရှာသွားတယ်။ အဲဒီ စစ်ကောင်စီတွေကို ပြန်ပို့ဖို့လို့ ပြောတယ်” လို့ မနာက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

လောက်ကိုင်မှာ စစ်ကောင်စီနဲ့ MNDAA နဲ့ ပူးပေါင်း မဟာမိတ် တပ်ဖွဲ့ တို့အကြား ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်ကတည်းက တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နောက်ဆုံးမှာ လက်နက်ချခဲ့တာ ဖြစ်ပါတယ်။

ေလာက္ကိုင္ ဒကစနဲ႔ လက္က်န္တပ္ရင္းအားလုံး MNDAA ထံ လက္နက္ခ်
ဇန္နဝါရီ ၄ ရက္
ရွမ္းျပည္ေျမာက္ပိုင္း၊ ကိုးကန႔္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလာက္ကိုင္ၿမိဳ႕ အေျခစိုက္ စစ္ေကာင္စီ ဒကစ နဲ႔ လက္က်န္ တပ္ရင္းေတြ ဇန္နဝါရီလ ၃ ရက္ MNDAA ထံ လက္နက္ခ် အညံ့ခံ လိုက္ေၾကာင္း ေဒသခံေတြဆီက သိရပါတယ္။
“ေလာက္ကိုင္က စစ္ေကာင္စီေတြ အကုန္ လက္နက္ခ် အညံ့ခံကုန္ၿပီ” လို႔ နယ္စပ္ ေဒသခံ တစ္ဦး ကေျပာပါတယ္။
ဒကစ အပါဝင္ က်န္တပ္ရင္းေတြ စုေပါင္းၿပီး တပ္သားေတြခြၽင္းခ်က္မရွိ MNDAA ထံ လက္နက္ခ် အညံ့သြားတာ လို႔ ဆိုပါတယ္။
“မဟာမိတ္တပ္ဖြဲ႕က နယ္ျခား အမွတ္ ၁၂၅ ကိုေရာက္လာၿပီး ကုန္တင္ကားႀကီး ၁၀ စီး လာရွာသြားတယ္။ အဲဒီ စစ္ေကာင္စီေတြကို ျပန္ပို႔ဖို႔လို႔ ေျပာတယ္” လို႔ မနာက္ထပ္ ေဒသခံ တစ္ဦးက ေျပာပါတယ္။
ေလာက္ကိုင္မွာ စစ္ေကာင္စီနဲ႔ MNDAA နဲ႔ ပူးေပါင္း မဟာမိတ္ တပ္ဖြဲ႕ တို႔အၾကား ၿပီးခဲ့တဲ့ ဒီဇင္ဘာလလယ္ကတည္းက တိုက္ပြဲေတြျပင္းထန္ခဲ့ၿပီး ေနာက္ဆုံးမွာ လက္နက္ခ်ခဲ့တာ ျဖစ္ပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *