အညာသားတွေကိုကူကြအုန်း အမျိုးတို့(ရုပ်သံ)

မြို့သိမ်း မောင်းပြန်ကမ်ပိန်း ၁၀ ရက်အတွင်း ၉ ရာခိုင်နှုန်းသာ ရရှိထား (ရုပ်/သံ)

ဇန်နဝါရီ ၄ ရက်

အောက်ဆုံးတွင်ရုပ်သံဖိုင်ကြည့်ရန်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် ရွှေညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မောင်းပြန်သေနတ်တွေဝယ်ယူဖို့ ကမ်ပိန်းတခုကို ပြုလုပ်နေတယ်လို့ အဲဒီအဖွဲ့ထံက သိရပါတယ်။

အဲ့ဒီကမ်ပိန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ၁ လတာ ပြုလုပ်နေတာဖြစ်ပြီး “မောင်းပြန်ကိုယ်စီ မြို့သို့ချီ” ဆိုတဲ့ ကမ်ပိန်းအတွက် ပေါက်မဲပစ္စည်းတွေအနေနဲ့ သိန်း ၄၀ ကျော်တန်ပတ္တမြားလက်စွပ် ၁ ကွင်း၊ IPhone 14 Pro Max ၁ လုံး၊ နာရီ ၁ လုံး၊ ရေဆေးပန်းချီကား ၁ ချပ်နဲ့ တခြားပစ္စည်းများစွာ ပါဝင်သေးတယ်လို့ တပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

ကမ်ပိန်းစတင်တဲ့ ရက်ကနေ ယနေ့အထိ ၁၀ ရက်တာအတွင်းမှာ ၉ ရာခိုင်နှုန်းသာ ရရှိထားသေးတယ်လို့ ဆိုပါတယ်။ MOD ရဲ့ COC လက်အောက်မှာ စနစ်တကျဖွဲ့စည်းထားတဲ့ Shwe Nyar Myae People Defence Force တပ်ဖွဲ့အနေနဲ့ မြို့သိမ်းတိုက်ပွဲမှာ လိုအပ်တဲ့ မောင်းပြန်သေနတ်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ရွှေညမြေအဖွဲ့ဟာ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့ဝင်တွေကို ရရာလက်နက်နဲ့ တွန်းလှန်တိုက်ပွဲဝင်နေပြီး တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ် မေလ အစောပိုင်းမှာပဲ လူဦးရေ ၂၀ ခန့်နဲ့ စတင်ဖွဲစည်းခဲ့ကာ တော်လှန်ရေးအစမှာပဲ ကိုယ်တိုင်ပြုလုပ်ထားကြတဲ့ လက်လုပ်တတောင့်ထိုးသေနတ်တွေနဲ့ စတင်တိုက်ပွဲဝင်ခဲ့ကြတယ်လို့ တာဝန်ခံကဆက်ပြောပါတယ်။

စစ်ကောင်စီနဲ့တိုက်ခိုက်ရာမှာ လက်နက်အင်အားမမျှတတဲ့အတွက် ရဲဘော်တွေထိခိုက်ဒဏ်ရာများစွာရရှိခဲ့ကြသလို၊ အသက်ပေး ဆုံးရှုံးခဲ့ရတာတွေလည်း ရှိခဲ့ပေမယ့် ယခုအချိန်မှာ စခန်းသိမ်းတိုက်ပွဲတွေ စတင်ဖော်ဆောင်နေပြီဖြစ်သလို၊ မြို့သိမ်းတိုက်ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်နေကြပြီလို့ သိရပါတယ်။

ဒါပေမယ့်လည်း အညာဒေသမှာ မောင်းပြန်သေနတ် အင်မတန်ရှားပါးသလို မောင်းပြန်သေနတ်တလက်ရဲ့ တန်ကြေးက ကျပ်သိန်း ၂၅၀ ကနေ ၃၀၀ ထိ ပေါက်စျေးရှိတယ်လို့ သိရပါတယ်။

ကမ်ပိန်းရဲ့ မျှော်မှန်း Target မှာ မြန်မာငွေ သိန်း ၁၅၀၀ ကျပ် ဖြစ်ပြီး မဲလက်မှတ်တစောင်ကို မြန်မာငွေ ၂၀,၀၀၀ ကျပ်၊ ထိုင်း ၃၀၀ ဘတ်၊ US ၂၀ ဒေါ်လာ၊ ကိုရီးယားဝမ် ၂၀၀၀၀၊ ဂျပန် ၂၀၀၀ ယန်း၊ စင်ကာပူ ၂၀ ဒေါ်လာ၊ သြစတေးလျ ၂၀ ဒေါ်လာ၊ UK ၂၀ ယူရို၊ မလေးရှား ၄၀ ရင်းဂစ် တို့ပဲဖြစ်တယ်လို့ သိရပါတယ်။

.

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *