မီးသတ်တွေလည်းပါလာဘီ မွှင်းခါးချက်ကြစို့

ဖွဲ့စည်းပုံပျက်နေသည့် စစ်ကောင်စီတပ်က မီးသတ်တပ်ဖွဲ့အပါအဝင် တပ်မအစုံက သင်တန်းသားများကို ရှေ့တန်းပို့ဆောင်၍ စစ်တိုက်ခိုင်း

ဇန်နဝါရီ ၅ ရက်

စစ်ကောင်စီတပ်က နေရာစုံ၊ တပ်မစုံမှ သင်တန်းမပြီးဆုံးသေးသည့် သင်တန်းသားများ ကိုပါ ရှေ့တန်းစစ်မြေပြင်များတွင် အသုံးပြုနေပြီး ခုခံစစ်ပြင်ဆင်နေရသည်ဟု CDM ဗိုလ်ကြီး တစ်ဦးထံက သိရသည်။

ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်း သံဘိုရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့တွင် တအာင်းတပ်မတော် (TNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် လက်နက် ခဲယမ်းများ၊ ဘတ်တံဆိပ်မျိုးစုံပါဝင်သည့် စစ်ကောင်စီတပ်ဝတ်စုံများ နှင့် အရှင်ဖမ်းဆီး ရမိသည့် စစ်သုံ့ပန်းများ ရှိခဲ့သည်။

သိမ်းဆည်းရရှိသည့် ဘက်တံဆိပ်များနှင့် ဖမ်းဆီးရမိသော တပ်သားများ၏ ထွက်ဆို ချက်အရ တပ်ပေါင်းစုံမှဖြစ်ပြီး တပ်ပေါင်း ၂၁ တပ်နှင့် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အစုံ(စကခ)၊ ခြေမြန်တပ်မဌာနချုပ်အစုံ (ခမရ)တို့မှ သင်တန်းသား များကို ရှေ့တန်းပို့ဆောင် ထားခြင်းဖြစ်ကြောင်း သိရသည်။

“ရှေ့တန်းပို့ခံရတာတွေအကုန်က သင်တန်းသားတွေကြီးပဲ။ DSA ကျောင်းဆင်းပွဲ မတိုင်ခင်ကတည်းက တပ်နယ်အတွင်းမှာရှိတဲ့ သင်တန်းသားတွေ အားလုံးမိခင် တပ်ရင်းကို ပြန်မလွှတ်တော့ဘဲ လုံခြုံရေးဆိုပြီး ရှေ့တန်းပို့လိုက်ကြတာ”ဟု CDM ဗိုလ်ကြီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရှေ့တန်းပို့ခံသည့် အဆိုပါတပ်များမှာ မီးသတ်တပ်ဖွဲ့မှစ၍ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်(ကက-ပြည်)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ-မန္တလေး)၊ သံချပ် ကာယန္တယားတပ်၊ စစ်အင်ဂျင်နီယာတပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ-ခိုလမ်)၊ အရှေ့တောင် တိုင်းစစ် ဌာနချုပ်(ရတခ-မော်လမြိုင်)၊ အမြောက်တပ်၊ တပ်မ(၉၉)၊ တြိဂံတိုင်းစစ်ဌာနချုပ် (တတခ-ကျိုင်းတုံ)၊ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်(နပခ)၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ)၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီ ယာတပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ်(ကပစ)၊ တပ်မတော်စစ်တက္ကသိုလ်၊ ဆက်သွယ်ရေးတပ်၊ ဆေးတပ်(တဆရ)၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) တို့ပါဝင်ကြောင်း သိရသည်။

ယင်းဘက်တံဆိပ်များအရ သုံးရစ်နှင့်အရာရှိများ အများစုဖြစ်ပြီး လက်နက်မှာလည်း BA- 63 ကိုင်ဆောင်သူများဖြစ်သည်ကို တွေ့ရသည်။

ထို့အပြင် ၎င်းတို့သည် သင်တန်းဆင်းများဖြစ်သည့်အပြင် ဌာနမျိုးစုံမှဖြစ်သည့်အတွက် စစ်ရေးအရထိန်းကွပ်ရန်ခက်ခဲပြီး တိုက်ခိုက်ရေးအတွေ့အကြုံ မရှိကြောင်း သိရသည်။

“တပ်ပေါင်းစုံက သင်တန်းသားတွေဆိုတော့ ထိန်းရတာ မလွယ်ဘူး။ သင်တန်းသား တွေက လစာမပါတာ များတယ်။ အခုဖြစ်တဲ့ သံဘိုကိစ္စမှာလည်း တိုက်ပွဲပြင်းထန် နေတော့အထက်ကလည်း စစ်ကြောင်းကို ဖိအားပေး၊ အောက်ကသင်တန်း သားတွေကလည်း ဆူပူနဲ့ အကောင်းဆုံးလမ်းကို ရွေးချယ်သွားတာလို့မြင်တယ်” ဟု CDM ဗိုလ်ကြီးက ဆိုသည်။

သံဘိုရွာတိုက်ပွဲတွင် ကြီးကြပ်သည့် စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်မှာ တိုက်ခိုက်ရေးမှ မဟုတ်ဘဲ စက်မှုဆိုင်ရာ ဘာသာရပ်သင်ကြားရေး ကထိကဖြစ်ပြီး သံဘိုရွာရှေ့တန်းသို့ လုံခြုံရေးအနေနှင့်ပို့ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် သင်တန်းသားများကို လုံခြုံရေးဟုဆိုကာ ရှေ့တန်းသို့ အတင်းအကျပ် ပို့ဆောင်နေခြင်းသည် ဖွဲ့စည်းပုံပျက်နေသည့်ကို ညွှန်ပြခြင်းဖြစ်ပြီး “၁၀၂၇ စစ်ဆင်ရေး” စကတည်းက စစ်ဦးကျိုးသွားခဲ့ပြီဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

“မြေပြင်တပ်မဌာနချုပ် တပ်မ ၁၁ ကနေ ၁၀၁ အထိရှေ့တန်းမှာ စစ်ကျွံနေကြတာ။ မူရင်း တပ်မဌာနချုပ်တွေမှာ အခွံအစောင့်ပဲ ကျန်တော့တယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

ဖြဲ႕စည္းပုံပ်က္ေနသည့္ စစ္ေကာင္စီတပ္က မီးသတ္တပ္ဖြဲ႕အပါအဝင္ တပ္မအစုံက သင္တန္းသားမ်ားကို ေရွ႕တန္းပို႔ေဆာင္၍ စစ္တိုက္ခိုင္း
ဇန္နဝါရီ ၅ ရက္
စစ္ေကာင္စီတပ္က ေနရာစုံ၊ တပ္မစုံမွ သင္တန္းမၿပီးဆုံးေသးသည့္ သင္တန္းသားမ်ား ကိုပါ ေရွ႕တန္းစစ္ေျမျပင္မ်ားတြင္ အသုံးျပဳေနၿပီး ခုခံစစ္ျပင္ဆင္ေနရသည္ဟု CDM ဗိုလ္ႀကီး တစ္ဦးထံက သိရသည္။
ျပင္ဦးလြင္-မိုးကုတ္လမ္းပိုင္း သံဘို႐ြာရွိ စစ္ေကာင္စီတပ္စခန္းကို ၿပီးခဲ့သည့္ ဇန္နဝါရီ ၃ ရက္ေန႔တြင္ တအာင္းတပ္မေတာ္ (TNLA) က တိုက္ခိုက္သိမ္းပိုက္ခဲ့ရာတြင္ လက္နက္ ခဲယမ္းမ်ား၊ ဘတ္တံဆိပ္မ်ိဳးစုံပါဝင္သည့္ စစ္ေကာင္စီတပ္ဝတ္စုံမ်ား ႏွင့္ အရွင္ဖမ္းဆီး ရမိသည့္ စစ္သုံ႔ပန္းမ်ား ရွိခဲ့သည္။
သိမ္းဆည္းရရွိသည့္ ဘက္တံဆိပ္မ်ားႏွင့္ ဖမ္းဆီးရမိေသာ တပ္သားမ်ား၏ ထြက္ဆို ခ်က္အရ တပ္ေပါင္းစုံမွျဖစ္ၿပီး တပ္ေပါင္း ၂၁ တပ္ႏွင့္ စစ္ဆင္ေရး ကြပ္ကဲမႈဌာနခ်ဳပ္အစုံ(စကခ)၊ ေျချမန္တပ္မဌာနခ်ဳပ္အစုံ (ခမရ)တို႔မွ သင္တန္းသား မ်ားကို ေရွ႕တန္းပို႔ေဆာင္ ထားျခင္းျဖစ္ေၾကာင္း သိရသည္။
“ေရွ႕တန္းပို႔ခံရတာေတြအကုန္က သင္တန္းသားေတြႀကီးပဲ။ DSA ေက်ာင္းဆင္းပြဲ မတိုင္ခင္ကတည္းက တပ္နယ္အတြင္းမွာရွိတဲ့ သင္တန္းသားေတြ အားလုံးမိခင္ တပ္ရင္းကို ျပန္မလႊတ္ေတာ့ဘဲ လုံၿခဳံေရးဆိုၿပီး ေရွ႕တန္းပို႔လိုက္ၾကတာ”ဟု CDM ဗိုလ္ႀကီးတစ္ဦးက ဧရာ၀တီတိုင္းမ္ကို ေျပာသည္။
ေရွ႕တန္းပို႔ခံသည့္ အဆိုပါတပ္မ်ားမွာ မီးသတ္တပ္ဖြဲ႕မွစ၍ နယ္လွည့္ျပည္သူ႔ ဆက္ဆံေရးတပ္(ကက-ျပည္)၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ (လပခ-မႏၲေလး)၊ သံခ်ပ္ ကာယႏၲယားတပ္၊ စစ္အင္ဂ်င္နီယာတပ္၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး၊ အေရွ႕ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္(ရလခ-ခိုလမ္)၊ အေရွ႕ေတာင္ တိုင္းစစ္ ဌာနခ်ဳပ္(ရတခ-ေမာ္လၿမိဳင္)၊ အေျမာက္တပ္၊ တပ္မ(၉၉)၊ ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္ (တတခ-က်ိဳင္းတုံ)၊ အေနာက္ပိုင္းတိုင္းစစ္ ဌာနခ်ဳပ္(နပခ)၊ ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္(မပခ)၊ တပ္မေတာ္နည္းပညာတကၠသိုလ္၊ လွ်ပ္စစ္ႏွင့္စက္မႈအင္ဂ်င္နီ ယာတပ္၊ ကာကြယ္ေရးပစၥည္းထုတ္လုပ္ေရးတပ္(ကပစ)၊ တပ္မေတာ္စစ္တကၠသိုလ္၊ ဆက္သြယ္ေရးတပ္၊ ေဆးတပ္(တဆရ)၊ အေရွ႕ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ (ရမခ) တို႔ပါဝင္ေၾကာင္း သိရသည္။
ယင္းဘက္တံဆိပ္မ်ားအရ သုံးရစ္ႏွင့္အရာရွိမ်ား အမ်ားစုျဖစ္ၿပီး လက္နက္မွာလည္း BA- 63 ကိုင္ေဆာင္သူမ်ားျဖစ္သည္ကို ေတြ႕ရသည္။
ထို႔အျပင္ ၎တို႔သည္ သင္တန္းဆင္းမ်ားျဖစ္သည့္အျပင္ ဌာနမ်ိဳးစုံမွျဖစ္သည့္အတြက္ စစ္ေရးအရထိန္းကြပ္ရန္ခက္ခဲၿပီး တိုက္ခိုက္ေရးအေတြ႕အႀကဳံ မရွိေၾကာင္း သိရသည္။
“တပ္ေပါင္းစုံက သင္တန္းသားေတြဆိုေတာ့ ထိန္းရတာ မလြယ္ဘူး။ သင္တန္းသား ေတြက လစာမပါတာ မ်ားတယ္။ အခုျဖစ္တဲ့ သံဘိုကိစၥမွာလည္း တိုက္ပြဲျပင္းထန္ ေနေတာ့အထက္ကလည္း စစ္ေၾကာင္းကို ဖိအားေပး၊ ေအာက္ကသင္တန္း သားေတြကလည္း ဆူပူနဲ႔ အေကာင္းဆုံးလမ္းကို ေ႐ြးခ်ယ္သြားတာလို႔ျမင္တယ္” ဟု CDM ဗိုလ္ႀကီးက ဆိုသည္။
သံဘို႐ြာတိုက္ပြဲတြင္ ႀကီးၾကပ္သည့္ စစ္ေၾကာင္းမႉး ဒုတိယဗိုလ္မႉးႀကီး သက္ေအာင္မွာ တိုက္ခိုက္ေရးမွ မဟုတ္ဘဲ စက္မႈဆိုင္ရာ ဘာသာရပ္သင္ၾကားေရး ကထိကျဖစ္ၿပီး သံဘို႐ြာေရွ႕တန္းသို႔ လုံၿခဳံေရးအေနႏွင့္ပို႔ခံလိုက္ရျခင္းျဖစ္ေၾကာင္း သိရသည္။
စစ္ေကာင္စီတပ္သည္ သင္တန္းသားမ်ားကို လုံၿခဳံေရးဟုဆိုကာ ေရွ႕တန္းသို႔ အတင္းအက်ပ္ ပို႔ေဆာင္ေနျခင္းသည္ ဖြဲ႕စည္းပုံပ်က္ေနသည့္ကို ၫႊန္ျပျခင္းျဖစ္ၿပီး “၁၀၂၇ စစ္ဆင္ေရး” စကတည္းက စစ္ဦးက်ိဳးသြားခဲ့ၿပီျဖစ္ေၾကာင္း တပ္တြင္း သတင္းရင္းျမစ္ထံက သိရသည္။
“ေျမျပင္တပ္မဌာနခ်ဳပ္ တပ္မ ၁၁ ကေန ၁၀၁ အထိေရွ႕တန္းမွာ စစ္ကြၽံေနၾကတာ။ မူရင္း တပ္မဌာနခ်ဳပ္ေတြမွာ အခြံအေစာင့္ပဲ က်န္ေတာ့တယ္” ဟု တပ္တြင္းသတင္းရင္းျမစ္က ဆိုသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *