ဖနောင့်သံစူး၍ယတြာချေနေသောငပု

စစ်ခေါင်းဆောင်က ဖနောင့်သံစူး၍ ယတြာချေနေပြီး လုပ်ကြံခံရနိုင်သည်ဆိုသော အခါတော်ပေး စကားကြောင့် အနားရှိ စစ်ဗိုလ်ချုပ်များကို ခေါ်ယူစစ်ဆေးမှုများရှိ

ဇန်နဝါရီ ၅ ရက်

ဗုံးကြဲသတ်ဖြတ်မှုများ လုပ်ဆောင်နေသည့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က၎င်း၏ ဖနောင့်သံစူး၍ နိမိတ်မကောင်းဟုဆိုကာ ယတြာချေမှုများ ပြုလုပ် နေကြောင်း သိရသည်။

ထို့ပြင် စစ်ခေါင်းဆောင်၏ အခါတော်ပေးဖြစ်သူက ယခုကာလအတွင်း လုပ်ကြံခံရနိုင် သည်ဟု အခါတော်ပေးသဖြင့် ၎င်းအနီးရှိ စစ်ဗိုလ်ချုပ်များကို ခေါ်ယူစစ်ဆေး ကြိမ်းမောင်းလျက်ရှိကြောင်း ထိပ်တန်းစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“စစ်ခေါင်းဆောင် အရမ်းယုံကြည်ရတဲ့ အခါတော်ပေးက မင်းကုသပ လို့ခေါ်တယ်။ ဘိုးတော်မကျ၊ ဘုန်းကြီးမကျဘဲ။ သူအခါတော်ပေးသမျှ စစ်ခေါင်းဆောင်က လိုက်လုပ် တယ်။ စစ်အုပ်စုကပြုလုပ်နေတဲ့ ယတြာ တွေကလည်း သူ့ဆီကထွက်တာများတယ်။ အခုလည်းလုပ်ကြံခံရမယ်လို့ ပြောလို့ အကုန်ခေါ်အထောင်းခံနေရတယ်” ဟု ထိပ်တန်း စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

ဗေဒင်ယတြာနှင့် အခါတော်ပေးများကို အထူးယုံကြည်သည့် စစ်ခေါင်းဆောင်သည် ယခုလတ်တလော လုပ်ကြံခံရမည်ဟု အခါတော်ပေးခံရသည့်အတွက် ၎င်းအနီးတွင် ရှိသည့် ယုံကြည်ရသည့် ထိပ်တန်းအရာရှိနှင့် စစ်တိုင်းမှူးများအပါအ၀င် ၄၀ ကျော်ကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

“ခေါ်စစ်ခံရတဲ့အထဲမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့က အစပါတယ်။ အများစုက သူယုံကြည်လို့ အနားခေါ် ခန့်ထားတဲ့သူတွေကြီးပဲ။ တိုင်းမှူးတွေနဲ့ စစ်‌ဗိုလ်ချုပ် တွေလည်းပါတယ်”ဟု ၎င်းကဆိုသည်။

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့်လပိုင်းအတွင်းမှစ၍ ၎င်းကိုလုံခြုံရေးယူပေးရသည့် လုံခြုံရေးအရာရှိမှအစ နေအိမ်လုံခြုံရေးအဖွဲ့များအထိ ယုံကြည်မှုမရှိတော့၍ လှဲလှယ်မှုများပြုလုပ်ခဲ့ပြီး ယခုနောက်ပိုင်းတွင်လည်း ၎င်း၏ခရီးစဉ်များကို ကြိုတင်လုံခြုံရေးယူ စီစဉ်ထားခိုင်းမှုများမရှိဘဲ သွားရောက်မှုများ ပြုလုပ်လာကြောင်း သိရသည်။

စစ်ကောင်စီတပ်အတွင်းတွင် စစ်ခေါင်းဆောင်၏ ညွှန်ကြားမှုဖြင့် တပ်နယ်များအလိုက် ယတြာချေမှုများ မကြာခဏပြုလုပ်နေပြီး ရှမ်းမြောက် “၁၀၂၇ စစ် ဆင်ရေး” စတင်ကတည်းက ရှေ့တန်းစစ်စခန်းများတွင် သေဆုံးမှုများပြားနေသည့်အတွက် ကျောက်ကျော၊ ဘယာကြော်နှင့်မုန့်လုံးရေပေါ်ယတြာများကို စစ်ဌာနချုပ်နှင့် တပ်နယ် အားလုံး လုပ်ဆောင်ရမည်ဟု တရား၀င်စာထုတ် ခိုင်းစေမှုများရှိခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ရှမ်း မြောက်ရှိ ရတခစစ်ဌာနချုပ်၌ ဘုရားစင်ပေါ်တွင် ရွှေဖရုံသီးကိုတင်ပြီး ယတြာချေခိုင်းမှုများရှိခဲ့ပြီး ဧရာ၀တီတိုင်း နတခ စစ်ဌာနချုပ်အရာရှိအိမ်ရာရှေ့တွင် လည်းလမ်းခင်းကျောက်ကို ရွှေချပူဇော်၍ ယတြာချေမှုများ ပြုလုပ်ခဲ့သေးသည်။

စစ္ေခါင္းေဆာင္က ဖေနာင့္သံစူး၍ ယၾတာေခ်ေနၿပီး လုပ္ႀကံခံရႏိုင္သည္ဆိုေသာ အခါေတာ္ေပး စကားေၾကာင့္ အနားရွိ စစ္ဗိုလ္ခ်ဳပ္မ်ားကို ေခၚယူစစ္ေဆးမႈမ်ားရွိ
ဇန္နဝါရီ ၅ ရက္
ဗုံးႀကဲသတ္ျဖတ္မႈမ်ား လုပ္ေဆာင္ေနသည့္ စစ္ေခါင္းေဆာင္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္က၎၏ ဖေနာင့္သံစူး၍ နိမိတ္မေကာင္းဟုဆိုကာ ယၾတာေခ်မႈမ်ား ျပဳလုပ္ ေနေၾကာင္း သိရသည္။
ထို႔ျပင္ စစ္ေခါင္းေဆာင္၏ အခါေတာ္ေပးျဖစ္သူက ယခုကာလအတြင္း လုပ္ႀကံခံရႏိုင္ သည္ဟု အခါေတာ္ေပးသျဖင့္ ၎အနီးရွိ စစ္ဗိုလ္ခ်ဳပ္မ်ားကို ေခၚယူစစ္ေဆး ႀကိမ္းေမာင္းလ်က္ရွိေၾကာင္း ထိပ္တန္းစစ္ေရးသတင္းရင္းျမစ္ထံက သိရသည္။
“စစ္ေခါင္းေဆာင္ အရမ္းယုံၾကည္ရတဲ့ အခါေတာ္ေပးက မင္းကုသပ လို႔ေခၚတယ္။ ဘိုးေတာ္မက်၊ ဘုန္းႀကီးမက်ဘဲ။ သူအခါေတာ္ေပးသမွ် စစ္ေခါင္းေဆာင္က လိုက္လုပ္ တယ္။ စစ္အုပ္စုကျပဳလုပ္ေနတဲ့ ယၾတာ ေတြကလည္း သူ႔ဆီကထြက္တာမ်ားတယ္။ အခုလည္းလုပ္ႀကံခံရမယ္လို႔ ေျပာလို႔ အကုန္ေခၚအေထာင္းခံေနရတယ္” ဟု ထိပ္တန္း စစ္ဗိုလ္ခ်ဳပ္မ်ားႏွင့္ နီးစပ္သည့္ တပ္တြင္းသတင္းရင္းျမစ္က ေျပာသည္။
ေဗဒင္ယၾတာႏွင့္ အခါေတာ္ေပးမ်ားကို အထူးယုံၾကည္သည့္ စစ္ေခါင္းေဆာင္သည္ ယခုလတ္တေလာ လုပ္ႀကံခံရမည္ဟု အခါေတာ္ေပးခံရသည့္အတြက္ ၎အနီးတြင္ ရွိသည့္ ယုံၾကည္ရသည့္ ထိပ္တန္းအရာရွိႏွင့္ စစ္တိုင္းမႉးမ်ားအပါအ၀င္ ၄၀ ေက်ာ္ကို ေခၚယူစစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္း သိရသည္။
“ေခၚစစ္ခံရတဲ့အထဲမွာ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးတို႔က အစပါတယ္။ အမ်ားစုက သူယုံၾကည္လို႔ အနားေခၚ ခန႔္ထားတဲ့သူေတြႀကီးပဲ။ တိုင္းမႉးေတြနဲ႔ စစ္‌ဗိုလ္ခ်ဳပ္ ေတြလည္းပါတယ္”ဟု ၎ကဆိုသည္။
စစ္ေခါင္းေဆာင္သည္ ၿပီးခဲ့သည့္လပိုင္းအတြင္းမွစ၍ ၎ကိုလုံၿခဳံေရးယူေပးရသည့္ လုံၿခဳံေရးအရာရွိမွအစ ေနအိမ္လုံၿခဳံေရးအဖြဲ႕မ်ားအထိ ယုံၾကည္မႈမရွိေတာ့၍ လွဲလွယ္မႈမ်ားျပဳလုပ္ခဲ့ၿပီး ယခုေနာက္ပိုင္းတြင္လည္း ၎၏ခရီးစဥ္မ်ားကို ႀကိဳတင္လုံၿခဳံေရးယူ စီစဥ္ထားခိုင္းမႈမ်ားမရွိဘဲ သြားေရာက္မႈမ်ား ျပဳလုပ္လာေၾကာင္း သိရသည္။
စစ္ေကာင္စီတပ္အတြင္းတြင္ စစ္ေခါင္းေဆာင္၏ ၫႊန္ၾကားမႈျဖင့္ တပ္နယ္မ်ားအလိုက္ ယၾတာေခ်မႈမ်ား မၾကာခဏျပဳလုပ္ေနၿပီး ရွမ္းေျမာက္ “၁၀၂၇ စစ္ ဆင္ေရး” စတင္ကတည္းက ေရွ႕တန္းစစ္စခန္းမ်ားတြင္ ေသဆုံးမႈမ်ားျပားေနသည့္အတြက္ ေက်ာက္ေက်ာ၊ ဘယာေၾကာ္ႏွင့္မုန႔္လုံးေရေပၚယၾတာမ်ားကို စစ္ဌာနခ်ဳပ္ႏွင့္ တပ္နယ္ အားလုံး လုပ္ေဆာင္ရမည္ဟု တရား၀င္စာထုတ္ ခိုင္းေစမႈမ်ားရွိခဲ့သည္။
ထို႔အျပင္ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းကလည္း ရွမ္း ေျမာက္ရွိ ရတခစစ္ဌာနခ်ဳပ္၌ ဘုရားစင္ေပၚတြင္ ေ႐ႊဖ႐ုံသီးကိုတင္ၿပီး ယၾတာေခ်ခိုင္းမႈမ်ားရွိခဲ့ၿပီး ဧရာ၀တီတိုင္း နတခ စစ္ဌာနခ်ဳပ္အရာရွိအိမ္ရာေရွ႕တြင္ လည္းလမ္းခင္းေက်ာက္ကို ေ႐ႊခ်ပူေဇာ္၍ ယၾတာေခ်မႈမ်ား ျပဳလုပ္ခဲ့ေသးသည္။
ပုံစာ-စစ္ေကာင္စီက ေခ်ခဲ့ေသာယၾတာမ်ား

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *