အိမ်တောင်လူမိုက်_ဘူးမစိုက်နဲ့ ဆိုတဲ့ စကားပုံ၏ အဓိပ္ပါယ်မှန်

သည်စကားပုံလေး ငယ်စဉ်ကပင် ကြားဖူးခဲ့ပါ၏။ သို့သော် ဆိုလိုရင်းကို ဝေဝါးစွာပင်

အိမ်ထောင်ကျပြီး ဘူးစိုက်ရင် လူမိုက်လား…? လူလိမ္မာ မှ စိုက်ရမည်လား …? စသဖြင့်..

အမှတ်မထင် ဆရာကြီး(စစ်ကိုင်းဦးဖိုးသင်း)၏ ဆောင်းပါးကို ဖတ်မိ၍ ဆိုလိုရင်း အမှန်ကို သိရတော့သည် ။

ဘူးပင်ကို အိမ်ဝင်းများအတွင်း မိုးအခါ စိုက်ပျိုးတတ်သည် ။ ဆောင်းအခါတော့ ကိုင်းဘူးပေါ့ ။

မိုးတွင်း လေတိုက်ခတ်ရာ အရပ်မှာ တောင်လေ၊ အနောက်တောင်လေများ တိုက်ခတ်ပါသည် ။

ဘူးပင်သည် နေ့အခါ နိုက်ထရိုဂျင်ကို ရှူသွင်းပြီး အောက်စီဂျင်ကို ထုတ်ပါသည် ။

ည အခါတွင်မတော့ အောက်စီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်ပါသတဲ့ ။

ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အဆိပ်ဓါတ်။

ထို့ကြောင့် အိမ်တောင်ဘက်တွင် ဘူးပင် စိုက်မိလျှင် ညအခါ ဘူးပင်မှလာသောလေသည် (လေဆိုး ) အဆိတ်ဓါတ်ပါပဲ ။

ကြာသောအခါ ကျန်းမာရေးထိခိုက် ရောဂါမျိုးစုံ ဝင်နိုင်ပါသတဲ့ ။

သည်အကြောင်းကြောင့်ပင် မိမိအိမ်တွင် ဘူးပင်စိုက်ပျိုးပါက အိမ်၏တောင်ဘက်အရပ်တွင် ဘူးပင် မစိုက်ပျိုးသင့်ကြောင်းကို

“အိမ်တောင်လူမိုက် ဘူးမစိုက်နှင့်” ဟူသော စာချိုးဖြင့် ရှေးပညာရှိများက ဆုံးမခဲ့ပါကြောင်း ။ ။

ခရက်ဒစ် မူရင်း

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *