အထူးသတင်း ကိုးကန့်အလုံးစုံရရှိ(ရုပ်သံ)

အထူးသတင်း ။ ။ MNDAAမှ ကိုးကန့်‌ဒေသတစ်ခုလုံးကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့

ကိုးကန့်မီဒီယာ

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် MNTJP ဦးဆောင်မှုအောက်ရှိ MNDAA သည် ကိုးကန့်ဒေသတစ်ခုလုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါသည်။ ဒီမြင့်မြတ်သောအောင်မြင်မှုကို အမျိုးသားပါတီဝင်များ ၊ ကိုးကန့်မဟာမိတ် တပ်မတော်အရာရှိရဲဘော်တို့မှ ခိုင်မြဲပြီး ကာလကြာရှည်စွာ တော်လှန်ရေးတိုက်ပွဲဝင်ခဲ့ခြင်းဖြင့် ဖော် ဆောင်နိုင် ခြင်းဖြစ်ပါသည်။ ထို့ပြင် အထူးဒေသ(၁) သာမက နိုင်ငံတော်ရှိ အဖိနှိပ်ခံတိုင်းရင်းသားလူမျိုးစုအားလုံးတို့၏ မြင့်မြတ်သောအောင်မြင်မှုလည်းဖြစ်ပါသည်။

ယနေ့သည် မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ် သော(MNDAA、TNLA、AA)တို့ (၁၀.၂၇)စစ်ဆင်ရေး Operationကြီးလုပ်ဆောင်လာသည်မှာ (၇၁)ရက်နေ့မြောက်ဖြစ်ပြီး စစ်ကောင်စီ၏ကိုးကန့်နန်ထင်မိန်တောင် စခန်းကုန်းတွင်အခြေချသောတပ်ဖွဲ့သည်လည်း လက်နက်ချအညံ့ခံလာသည်နှင့်တပြိုင်နက် ကိုးကန့်ဒေသ တစ်ခုလုံးကိုပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကြေညာလိုက်ပါသည်။ လက်ရှိ ကိုးကန့်ဒေသတစ်ခုလုံးတွင် စစ်ကောင်စီ၏ တပ်သားတစ်ဦးတစ်ယောက်မျှမရှိတော့ကြောင်း ပြောဆိုနိုင်ပါသည်။ စစ်ကောင်စီမှ လောက်ကိုင် မီရှင်းကုတ်နေရာတွင် ဖွဲ့စည်းထားသော ဒကစ သည် ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် တပ်ဖွဲ့တစ်ခုလုံး MNDAA ထံလက်နက်ချအညံ့ခံခဲ့ပါသည်။ ထိုသို့ လက်နက်ချအညံ့ခံထဲတွင် ဗိုလ်မှူးချုပ်အဆင့်(၆) ဦးပါဝင်ပြီး တပ်သား(၂၁၀၀)ကျော်နှင့် တပ်မိသားစု ဝင်(၁၆၀၀)ကျော်ပါရှိပါသည်။

သတင်းအရ MNDAA မှ ကိုးကန့်လောက်ကိုင်မြို့တွင်းသို့ ဝင်ရောက်စစ်ဆင်ရေးလုပ်ဆောင်လာချိန်တွင် စစ်ကောင်စီ၏လောက်ကိုင် ဒကစ(မိရှင်းကုတ်)ရှိ တပ်ဖွဲ့ဝင်များသည် MNDAA နှင့် တပ်စခန်းပြောင်းရွှေ့ရေး ကိစ္စကို စတင်ဆွေးနွေးညှိနှိုင်းခဲ့ပြီး နောက်ဆုံးတွင် ဘုံသဘောတူညီချက်ရရှိပါသည်။ ဇန်နဝါရီလ (၄)ရက်နေ့ မြန်မာစံတော်ချိန် ညနေ(၁၄း၀၀)နာရီခန့် တွင် MNDAA မှ စစ်ကောင်စီ၏လောက်ကိုင် ဒကစ အခြေချတပ်ဖွဲ့ဝင် နှင့် တပ်မိသားစုဝင်တို့၏အိမ်ပြန်ခရီးစဉ်စတင်စီစဉ်ဆောင်ရွက်ပြီး မိရှင်းကုတ်နေရာကို MNDAA မှ တပ်အခြေချ ခဲ့ပါသည်။ ဇန်နဝါရီလ (၅) ရက် နေ့လည်အချိန်တွင် ကိုးကန့်နန်ထင်မိန်တောင်စခန်းကုန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည်လည်း MNDAAထံ လက်နက်ချအညံ့ခံကာ သက်ဆိုင်ရာလုပ်ငန်းများ ပြီးစီးအောင် စီစဥ် ပြီးနောက် MNDAAသည် ညနေ(၂း၀၀)နာရီအချိန်တွင် နန်ထင်မိန်တောင်ကုန်းကိုစတင်ဝင်ရောက်အခြေချ နေထိုင်ပြီး ၎င်းတောင်ကုန်းရှိ စစ်ကောင်စီ၏တပ်ဖွဲ့ဝင်(၃၀၀)ကျော်ကိုလည်း အိမ်ပြန်ခရီးစီစဉ်ပေးခဲ့ပါသည်။

(၁၄)နှစ်တာကြာရှည်ခဲ့သောတော်လှန်ရေးလမ်းစဉ်တွင် အခက်အခဲပေါင်းစုံကိုကျော်ဖြတ်ခဲ့ရသော်လည်း နောက်ဆုံးတွင် ကိုးကန့်ဒေသတစ်ခုလုံးကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါသည်။ လွန်ခဲ့သည် (၁၄)နှစ်တွင် စစ်အုပ်စုတို့ သည် ကိုးကန့်ဒေသတွင် (၂၀၀၉ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့)အရေးအခင်းကို ဖန်တီးခဲ့ပြီး မူးယစ်ဆေးဝါးနှင့် လက်နက်များစစ်ဆေးရေးအကြောင်းပြချက်ဖြင့် အထူးဒေသ(၁)ကိုးကန့်နယ်မြေကို သာလွန်လက်နက်အင်အား ဖြင့်ကျူးကျော်ခဲ့ကာ ကိုးကန့်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအာဏာကို အတင်းအဓ္ဓမလုယူခဲ့ပါသည်။ MNDAA သည် စစ်ရေးပရိယာယ်အရနေရာပြောင်း‌ရွေ့ခဲ့ရပြီး အထူးဒေသ(၁)ပြန်လည်ထူထောင်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြန်လည်ရရှိရေးကို အဓိကရည်မှန်းချက်အဖြင့်ထားရှိပြီး စစ်ရေးနှင့် နိုင်ငံရေးညှိုနှိုင်း ဆွေးနွေးရေးစသည့် လမ်းစဥ်တို့ဖြင့် တော်လှန်ရေးလုပ်ငန်းများကို စတင်ဖော်ဆောင်ခဲ့ပါသည်။ (၁၄)နှစ်တာ ကြိုးစားအားထုတ်မှုဖြင့် ယနေ့တွင် သမိုင်းဝင် မြင့်မြတ်သည့်အောင်မြင်မှုကိုရရှိနိုင်ခဲ့ပါသည်။

လက်ရှိ MNDAA သည် မုံးကိုးနှင့် ကိုးကန့်ခရိုင်နှစ်ခုကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး မူပန်(သိန္နီ)နှင့်ကွတ်ခိုင်၏ အများစုနေရာကိုလည်းထိန်းချုပ်ထားနိုင်ခဲ့ကာ ဟိုပန်ဒေသကိုလည်းပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါသည်။ သမိုင်းက ပေးအပ်ခဲ့သော မြင့်မြတ်တဲ့တာဝန်များကို MNTJP နှင့် MNDAA တို့မှ ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ပါသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *