အဘရေ ကွတ်ခိုင်မှာလည်းကုန်ပြီ ကုန်ပြီ

ကွတ်ခိုင်တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ဗျူဟာ (စဗခ) မဟာမိတ်အဖွဲ့ထံ လက်နက်ချ

ဇန်နဝါရီလ ၆ ရက်

ကွတ်ခိုင်တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီ၏ စစ်ဗျူဟာ(စဗခ)သည် ယနေ့ ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက မဟာမိတ်အဖွဲ့များထံ လက်နက်ချခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့ရှိ တိုင်းလက်အောက်ခံ အခြေချစစ်ဗျူဟာ(စဗခ)သည် ယနေ့ နံနက်ပိုင်းက ညီနောင်မဟာမိတ်အဖွဲ့များထံ လက်နက်ချအညံ့ခံခဲ့‌ကြောင်း စစ်ရေးသတင်းရင်းမြစ် များထံက သိရသည်။

“ကွတ်ခိုင် စစ်ဗျူဟာ(စဗခ)အကုန် မဟာမိတ်ဆီမှာ လက်နက်ချသွားတယ်။ အဲဒါရရင် နမ့်ဖတ်ကာလည်း လှုပ်သွားပြီ” ဟု မဟာမိတ်အဖွဲ့ရှိ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဇန်နဝါရီလ ၆ ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *