တောင်ပေါ်မြေပြန့်နေရာစုံဆော်ခံနေရ(ရုပ်သံ)

ငါးဇွန်မြို့နယ် လက်ပံသာရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန် ရေးတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

++++++++++++++++++++++++++++

ဇန်နဝါရီ ၆ ရက်

မန္တလေးတိုင်း ငါးဇွန်မြို့နယ် လက်ပံသာရွာကို အင်အား ၂၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၃ ရက် မနက် ၁၁ နာရီခွဲခန့်က လက်ပံသာရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်သားတွေကို လက်ပံသာကွက်သစ်မှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက် ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားတွေ ထိခိုက်မှုရှိခဲ့ပြီး မြေပြင်အခြေအနေအရ အတိအကျ မသိရပဲ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို T.G.R people defence force မြောင်မြို့နယ် T.G.R ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၊ Black Eagle Defence Force – MMU ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ( ငါန်းဇွန်မြို့နယ်ပကဖ ) ဖြစ်တဲ့ ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့

TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊

လက်ရုံးပျောက်ကျားအဖွဲ့၊ ငန်းနက် ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့၊ ဖက် ဒရယ်ညီအကိုပျောက်ကျားအဖွဲ့ တပ်ရင်း(၆)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါ တယ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *