ဘောမတွေ ဒီသတင်းကြားရင်ပျော်နေကြမလား

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ထိန်သေးကျေးရွာ အပါအဝင် ကျေးရွာ ၈၈ ခုတွင် စစ်မှုထမ်းရန်အတွက် ကျေးရွာသားများကို မဲနှိုက်ခိုင်းနေ၊ တစ်ရွာလျှင် လူ ၂ ဦးကျ စစ်မှုထမ်းရန် စစ်တပ်က လာရောက်ခေါ်ယူ

ဇန်နဝါရီ ၇

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ထိန်သေးကျေးရွာ အပါအဝင် ကျေးရွာ ၈၈ ခုတွင် စစ်မှုထမ်းရန်အတွက် ကျေးရွာသားများကို မဲနှိုက်ခိုင်းနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့ ညပိုင်းတွင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ထိန်သေးကျေးရွာ အပါအဝင် ကျေးရွာ ၈၈ ခုတွင် တစ်အိမ် ထောင်လျှင် မဲတစ်လိပ်ဆီ မဲနှိုက်ခိုင်းကြောင်း၊ မဲပေါက်သော အိမ်ထောင်စုအနေဖြင့် စစ်မှုထမ်းရန် လူတစ်ဦး ပေးရမည်ဖြစ်ပြီး စစ်သင်တန်းပေးကာ ရှေ့တန်းသို့ စစ်တပ်နှင့်အတူ သွား ရောက် တိုက်ခိုက်ရမည်ဖြစ်ကြောင်း သိရှိရသည်။

“တစ်အိမ်ထောင် တစ်ယောက်စီ မဲနှိုက်ခိုင်းတယ်။ မဲပေါက်တဲ့အိမ်ထောင်စုက တစ်ဦး လာရမယ်။ စစ်မှုထမ်းရမယ်။ စစ်မှုထမ်းရမယ်ဆိုပြီး အတင်း စေခိုင်းနေပါတယ်။ ရွာကနေထွက်ပြီး ရပ်ဝေးမှာအလုပ်လုပ်နေသူများပါမကျန် မဲစာရင်းထဲထည့်နှိုက်တယ်။ နတ်တလင်းမှာရှိတဲ့ ၈၈ကျေးရွာ အုပ်စုအကုန်လုံးမဲနှိုက်နေရတယ်။ တစ်ရွာကို နှစ်ဦးနှုန်း စစ်မှုထမ်းရမှာ။ အခု မဲနှိုက်ခိုင်းတာ ပထမအသုတ်လို့ ပြောတယ်။ နောက်အသုတ်တွေကျရင် မဲပေါက်ထားခဲ့တဲ့ အိမ်ကိုဖယ်ပြီး ကျန်အိမ်တွေကိုပြန်ပြီးမဲနှိုက်ရွေးချယ်မယ်။ တစ်ရွာမှာ နှစ်ဦး စစ်မှုထမ်းဖို့ ပေးရမှာဆိုတော့ ၈၈ ရွာဆိုတော့ ၁၇၆ ဦး စစ်မှုထမ်းဖို့ လူလာစုတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော ပဲခူးတိုင်းတွင် KNLA ၊ PDF ဦးဆောင်သော တပ်များက စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်နေပြီး ရန်ကုန်နှင့်အနီးဆုံးဖြူးမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်းသိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်းတွင် ကျေးရွာပြည်သူများကို စစ်မှုထမ်းခိုင်းပြီး ပျူစောထီးများအဖြစ် စစ်တပ်က လက်နက်တပ်ဆင်ပေးနေသည်။

ပဲခူးတိုင္း၊ နတ္တလင္းၿမိဳ႕နယ္၊ ထိန္ေသးေက်း႐ြာ အပါအဝင္ ေက်း႐ြာ ၈၈ ခုတြင္ စစ္မႈထမ္းရန္အတြက္ ေက်း႐ြာသားမ်ားကို မဲႏႈိက္ခိုင္းေန၊ တစ္႐ြာလွ်င္ လူ ၂ ဦးက် စစ္မႈထမ္းရန္ စစ္တပ္က လာေရာက္ေခၚယူ
ဇန္နဝါရီ ၇
ပဲခူးတိုင္း၊ နတ္တလင္းၿမိဳ႕နယ္၊ ထိန္ေသးေက်း႐ြာ အပါအဝင္ ေက်း႐ြာ ၈၈ ခုတြင္ စစ္မႈထမ္းရန္အတြက္ ေက်း႐ြာသားမ်ားကို မဲႏႈိက္ခိုင္းေနေၾကာင္း ေဒသျပည္သူမ်ားက ေျပာဆိုသည္။
ဇန္နဝါရီလ ၆ ရက္ေန႔ ညပိုင္းတြင္ ပဲခူးတိုင္း၊ နတ္တလင္းၿမိဳ႕နယ္၊ ထိန္ေသးေက်း႐ြာ အပါအဝင္ ေက်း႐ြာ ၈၈ ခုတြင္ တစ္အိမ္ ေထာင္လွ်င္ မဲတစ္လိပ္ဆီ မဲႏႈိက္ခိုင္းေၾကာင္း၊ မဲေပါက္ေသာ အိမ္ေထာင္စုအေနျဖင့္ စစ္မႈထမ္းရန္ လူတစ္ဦး ေပးရမည္ျဖစ္ၿပီး စစ္သင္တန္းေပးကာ ေရွ႕တန္းသို႔ စစ္တပ္ႏွင့္အတူ သြား ေရာက္ တိုက္ခိုက္ရမည္ျဖစ္ေၾကာင္း သိရွိရသည္။
“တစ္အိမ္ေထာင္ တစ္ေယာက္စီ မဲႏႈိက္ခိုင္းတယ္။ မဲေပါက္တဲ့အိမ္ေထာင္စုက တစ္ဦး လာရမယ္။ စစ္မႈထမ္းရမယ္။ စစ္မႈထမ္းရမယ္ဆိုၿပီး အတင္း ေစခိုင္းေနပါတယ္။ ႐ြာကေနထြက္ၿပီး ရပ္ေဝးမွာအလုပ္လုပ္ေနသူမ်ားပါမက်န္ မဲစာရင္းထဲထည့္ႏႈိက္တယ္။ နတ္တလင္းမွာရွိတဲ့ ၈၈ေက်း႐ြာ အုပ္စုအကုန္လုံးမဲႏႈိက္ေနရတယ္။ တစ္႐ြာကို ႏွစ္ဦးႏႈန္း စစ္မႈထမ္းရမွာ။ အခု မဲႏႈိက္ခိုင္းတာ ပထမအသုတ္လို႔ ေျပာတယ္။ ေနာက္အသုတ္ေတြက်ရင္ မဲေပါက္ထားခဲ့တဲ့ အိမ္ကိုဖယ္ၿပီး က်န္အိမ္ေတြကိုျပန္ၿပီးမဲႏႈိက္ေ႐ြးခ်ယ္မယ္။ တစ္႐ြာမွာ ႏွစ္ဦး စစ္မႈထမ္းဖို႔ ေပးရမွာဆိုေတာ့ ၈၈ ႐ြာဆိုေတာ့ ၁၇၆ ဦး စစ္မႈထမ္းဖို႔ လူလာစုတာ” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။
လတ္တေလာ ပဲခူးတိုင္းတြင္ KNLA ၊ PDF ဦးေဆာင္ေသာ တပ္မ်ားက စစ္ေကာင္စီတပ္မ်ားကို ဝင္ေရာက္တိုက္ခိုက္ေနၿပီး ရန္ကုန္ႏွင့္အနီးဆုံးျဖဴးၿမိဳ႕နယ္တြင္ တိုက္ပြဲမ်ား ျဖစ္ပြားေနေၾကာင္းသိရွိရသည္။
ဓာတ္ပုံ- စစ္ကိုင္းတိုင္းအတြင္းတြင္ ေက်း႐ြာျပည္သူမ်ားကို စစ္မႈထမ္းခိုင္းၿပီး ပ်ဴေစာထီးမ်ားအျဖစ္ စစ္တပ္က လက္နက္တပ္ဆင္ေပးေနသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *