နန်းနန်းတို့ရေ နန်းနေသမျှပြေးနေရမှာပဲ

ကျောက်မဲမြို့နယ် စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများ ကျောက်မဲမြို့ကို စွန့်ခွာပြောင်းရွေ့

ဇန်နဝါရီ ၇ ရက်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ ရှိ စစ်ကောင်စီလက်အောက်ခံ Non CDM များသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့မှစတင်၍ ၎င်းတို့၏ နေအိမ်များကို ပိတ်သိမ်းကာ ကျောက်မဲ မြို့မှ စွန့်ခွာ ပြောင်းရွေ့နေကြကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ၏ထိပ်ပိုင်း ခေါင်းဆောင်များက ကျောက်မဲမြို့တွင် တိုက်ပွဲနယ်မြေ ဖြစ်တော့မည်ဟု ပြောဆိုကာ ပြောင်းရွေ့ကြရန် ညွှန်ကြားပြီးနောက် စစ်ကောင်စီ လက်အောက်ခံ Non CDM များက ယနေ့အချိန်ထိ ပြောင်းရွေ့နေဆဲဖြစ်ကြောင်း ဒေသခံများကဆိုသည်။

”အထက်က လူကြီးတွေလှမ်းပြီးဖုန်းဆက်ပြီးအကြောင်းကြားတာပါ။ ကျောက်မဲက တိုက်ပွဲနယ်မြေဖြစ်တော့မယ်လို့ပြောတယ်။ ဒီကနေ့အထိ ဝန်ထမ်းတွေ တစ်သုတ်ပြီး တစ်သုတ်ပြောင်းနေကြတယ်။ တရားရုံးထုတ်တွေလည်း မရှိတော့ဘူး။ တရားသူကြီး ကစပြောင်းသွားပြီ။ သူတို့ အိမ်တွေကိုလည်း အားလုံးပိတ်သိမ်းခဲ့ကြတယ်” ဟု စစ်ကောင်စီ လက်အောင်ခံ Non CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ Non CDM ဝန်းထမ်းများ၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ Non CDM ဝန်ထမ်းများ၊ တရားသူကြီးအပါအဝင် တရားရုံးမှဝန်ထမ်းများ စတင်ပြောင်းရွေ့နေကြကြောင်း ကျောက်မဲမြို့ခံများထံက သိရသည်။

ကျောက်မဲမြို့ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမိသားစုဝင်များသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက မိုင်းငေါ့လမ်းဘေးရှိ ခမရ-၅၀၁ သို့ အချုပ်သားများကိုပါ ခေါ်ဆောင်၍ ပြောင်းရွှေ့ သွားခဲ့သေးသည်။

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” အတွင်း ယနေ့အချိန်အထိ မြို့နယ် ၁၁ မြို့ နှင့် စစ်ကောင်စီတပ်စခန်းပေါင်း ၂၀၀ ကျော်ကို သိမ်းပိုက်ထားပြီး လွိုင်ကော် ၊ထီးချိုင့် ၊ ပလက်ဝ၊ ကျောက်တော် ၊ပေါက်တော ၊ ကွတ်ခိုင် ၊ မူဆယ် စသည့်မြို့များတွင်လည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်သားများ ကင်းလှည့်နေစဥ်(ပုံဟောင်း)

ေက်ာက္မဲၿမိဳ႕နယ္ စစ္ေကာင္စီလက္ေအာက္ခံ Non CDM ဝန္ထမ္းမ်ား ေက်ာက္မဲၿမိဳ႕ကို စြန္႔ခြာေျပာင္းေ႐ြ႕
ဇန္နဝါရီ ၇ ရက္
ရွမ္းျပည္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕ ရွိ စစ္ေကာင္စီလက္ေအာက္ခံ Non CDM မ်ားသည္ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၄ ရက္ေန႔မွစတင္၍ ၎တို႔၏ ေနအိမ္မ်ားကို ပိတ္သိမ္းကာ ေက်ာက္မဲ ၿမိဳ႕မွ စြန႔္ခြာ ေျပာင္းေ႐ြ႕ေနၾကေၾကာင္း ေဒသခံမ်ားထံက သိရသည္။
စစ္ေကာင္စီ၏ထိပ္ပိုင္း ေခါင္းေဆာင္မ်ားက ေက်ာက္မဲၿမိဳ႕တြင္ တိုက္ပြဲနယ္ေျမ ျဖစ္ေတာ့မည္ဟု ေျပာဆိုကာ ေျပာင္းေ႐ြ႕ၾကရန္ ၫႊန္ၾကားၿပီးေနာက္ စစ္ေကာင္စီ လက္ေအာက္ခံ Non CDM မ်ားက ယေန႔အခ်ိန္ထိ ေျပာင္းေ႐ြ႕ေနဆဲျဖစ္ေၾကာင္း ေဒသခံမ်ားကဆိုသည္။
”အထက္က လူႀကီးေတြလွမ္းၿပီးဖုန္းဆက္ၿပီးအေၾကာင္းၾကားတာပါ။ ေက်ာက္မဲက တိုက္ပြဲနယ္ေျမျဖစ္ေတာ့မယ္လို႔ေျပာတယ္။ ဒီကေန႔အထိ ဝန္ထမ္းေတြ တစ္သုတ္ၿပီး တစ္သုတ္ေျပာင္းေနၾကတယ္။ တရား႐ုံးထုတ္ေတြလည္း မရွိေတာ့ဘူး။ တရားသူႀကီး ကစေျပာင္းသြားၿပီ။ သူတို႔ အိမ္ေတြကိုလည္း အားလုံးပိတ္သိမ္းခဲ့ၾကတယ္” ဟု စစ္ေကာင္စီ လက္ေအာင္ခံ Non CDM ဝန္ထမ္းတစ္ဦးက ေျပာသည္။
လက္ရွိတြင္ ေက်ာက္မဲၿမိဳ႕ စစ္ေကာင္စီလက္ေအာက္ခံ ဌာနဆိုင္ရာမ်ားျဖစ္သည့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ Non CDM ဝန္းထမ္းမ်ား၊ လူဝင္မႈႀကီးၾကပ္ေရး ဦးစီးဌာနမွ Non CDM ဝန္ထမ္းမ်ား၊ တရားသူႀကီးအပါအဝင္ တရား႐ုံးမွဝန္ထမ္းမ်ား စတင္ေျပာင္းေ႐ြ႕ေနၾကေၾကာင္း ေက်ာက္မဲၿမိဳ႕ခံမ်ားထံက သိရသည္။
ေက်ာက္မဲၿမိဳ႕ ရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ရဲမိသားစုဝင္မ်ားသည္ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂၈ ရက္ေန႔ကတည္းက မိုင္းေငါ့လမ္းေဘးရွိ ခမရ-၅၀၁ သို႔ အခ်ဳပ္သားမ်ားကိုပါ ေခၚေဆာင္၍ ေျပာင္းေ႐ႊ႕ သြားခဲ့ေသးသည္။
ေျမာက္ပိုင္း ညီေနာင္မဟာမိတ္သုံးဖြဲ႕သည္ ရွမ္းျပည္နယ္ေျမာက္ပိုင္း “၁၀၂၇ စစ္ဆင္ေရး” အတြင္း ယေန႔အခ်ိန္အထိ ၿမိဳ႕နယ္ ၁၁ ၿမိဳ႕ ႏွင့္ စစ္ေကာင္စီတပ္စခန္းေပါင္း ၂၀၀ ေက်ာ္ကို သိမ္းပိုက္ထားၿပီး လြိဳင္ေကာ္ ၊ထီးခ်ိဳင့္ ၊ ပလက္ဝ၊ ေက်ာက္ေတာ္ ၊ေပါက္ေတာ ၊ ကြတ္ခိုင္ ၊ မူဆယ္ စသည့္ၿမိဳ႕မ်ားတြင္လည္း တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။
ဓာတ္ပုံ- ေက်ာက္မဲၿမိဳ႕တြင္ စစ္ေကာင္စီတပ္သားမ်ား ကင္းလွည့္ေနစဥ္(ပုံေဟာင္း)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *