အဘကပြေးဖို့များသင်ထားပေးတာလား

ထန်းတပင်မြို့နယ်ရှိ စစ်ကောင်စီ တပ်သားများ စွန့်ခွာထွက်ပြေးသွားသော စခန်း ၂ ကို KNLA ရဲဘော်များက မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဇန်နဝါရီ ၇

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စွန့်ခွာထွက်ပြေးသွားသော စခန်း ၂ ကို KNLA ရဲဘော်များက မီးရှို့ရှင်းလင်းခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၄ ရက်နေ့တွင် တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဒေးလိုကျေးရွာအုပ်စု၊ မူဆာလေးတွင် တပ်စွဲ ထားသော အကြမ်းဖက် စစ်တပ်၏ ကလောမီဒဲစခန်းထောက် မူဆာလေးစခန်းနှင့် သောက်ရေခပ် အမှတ် (၂) ရေအားလျှပ်စစ် ထုတ်လုပ်ရေး ရေကာတာလုံခြုံရေးယူထားသော ရေကာတာလုံခြုံရေးတပ်စခန်း တို့မှ စကခ ၂၀ လက်အောက်ရှိ ခမရ−၅၈၁ တပ်သားများသည် စခန်း စွန့်ခွာ ထွက်ပြေးသွားသောကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၆) မှ ရဲဘော်များက စခန်း ၂ ခုလုံးကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင်အတွင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖလေးဆာလိုတပ်စခန်းနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ကလောမီဒဲ တပ်စခန်းကြီးတို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စခန်းစွန့်ခွာ ထွက်ပြေးသွားပြီးနောက် မူဆာလေးတပ်စခန်းနှင့် ရေကာတာလုံခြုံရေးတပ်စခန်းတို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် လည်း စခန်းအတွင်း မနေရဲတော့ဘဲ ၎င်းတို့၏ တပ်စခန်းများကို စွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ပြီး ၅ ရက် အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ စွန့်ခွာထွက်ပြေးသည့် တပ်စခန်း ၄ ခုအထိ ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။

ထန္းတပင္ၿမိဳ႕နယ္ရွိ စစ္ေကာင္စီ တပ္သားမ်ား စြန္႔ခြာထြက္ေျပးသြားေသာ စခန္း ၂ ကို KNLA ရဲေဘာ္မ်ားက မီးရႈိ႕ရွင္းလင္း
ရန္ကုန္၊ ဇန္နဝါရီ ၇
ပဲခူးတိုင္း၊ ေတာင္ငူခ႐ိုင္၊ ထန္းတပင္ၿမိဳ႕နယ္ရွိ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ား စြန္႔ခြာထြက္ေျပးသြားေသာ စခန္း ၂ ကို KNLA ရဲေဘာ္မ်ားက မီးရႈိ႕ရွင္းလင္းခဲ့ေၾကာင္း KNU ဗဟိုက ထုတ္ျပန္ထားသည္။
ဇန္နဝါရီလ ၄ ရက္ေန႔တြင္ ေတာင္ငူခ႐ိုင္၊ ထန္းတပင္ၿမိဳ႕နယ္၊ ေဒးလိုေက်း႐ြာအုပ္စု၊ မူဆာေလးတြင္ တပ္စြဲ ထားေသာ အၾကမ္းဖက္ စစ္တပ္၏ ကေလာမီဒဲစခန္းေထာက္ မူဆာေလးစခန္းႏွင့္ ေသာက္ေရခပ္ အမွတ္ (၂) ေရအားလွ်ပ္စစ္ ထုတ္လုပ္ေရး ေရကာတာလုံၿခဳံေရးယူထားေသာ ေရကာတာလုံၿခဳံေရးတပ္စခန္း တို႔မွ စကခ ၂၀ လက္ေအာက္ရွိ ခမရ−၅၈၁ တပ္သားမ်ားသည္ စခန္း စြန႔္ခြာ ထြက္ေျပးသြားေသာေၾကာင့္ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (K.N.L.A) တပ္ရင္း (၆) မွ ရဲေဘာ္မ်ားက စခန္း ၂ ခုလုံးကို မီးရႈိ႕ရွင္းလင္းခဲ့ေၾကာင္း သိရသည္။
ေတာင္ငူခ႐ိုင္အတြင္း ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔တြင္ ဖေလးဆာလိုတပ္စခန္းႏွင့္ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၂ ရက္ေန႔တြင္ ကေလာမီဒဲ တပ္စခန္းႀကီးတို႔ရွိ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ားသည္ စခန္းစြန္႔ခြာ ထြက္ေျပးသြားၿပီးေနာက္ မူဆာေလးတပ္စခန္းႏွင့္ ေရကာတာလုံၿခဳံေရးတပ္စခန္းတို႔ရွိ အၾကမ္းဖက္ စစ္ေကာင္စီတပ္သားမ်ားသည္ လည္း စခန္းအတြင္း မေနရဲေတာ့ဘဲ ၎တို႔၏ တပ္စခန္းမ်ားကို စြန႔္ခြာထြက္ေျပးသြားျခင္းျဖစ္ၿပီး ၅ ရက္ အတြင္း အၾကမ္းဖက္ စစ္ေကာင္စီတပ္မွ စြန႔္ခြာထြက္ေျပးသည့္ တပ္စခန္း ၄ ခုအထိ ရွိလာၿပီ ျဖစ္ေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *