ကြိတ်ထား မကြာမီကွတ်ခိုင်သတင်းကောင်းကြားရတော့မယ်

ကွတ်ခိုင်ရဲ့ အရေးကြီးဗျူဟာကုန်းကို ရဖို့ TNLA ထိုးစစ်ဆင်နေ

+++++++++++++++++++++++

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က အရေးကြီးဗျူဟာကုန်းကိုရရှိနိုင်ဖို့ TNLA က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေး သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

ကွတ်ခိုင်၊ ရပ်ကွက် (၅) အပေါ်ဘက်က စေတီကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။

ထိတွေ့ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုကြောင့် လူနေအိမ်တွေ ထိခိုက်ပျက်စီးနေကြောင်း ဒေသခံတွေကပြောပါတယ်။

ကွတ်ခိုင်တစ်မြို့လုံးမှာ စစ်ဘေးရှောင်တွေများပြားနေပြီး မြို့တွင်းမှာ အင်တာနက်၊ဖုန်းလိုင်းနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။

+++++++++++++++++++++++

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *