ဘဘကြီးစိတ်ဆိုးပြီလေ နည်းတဲ့ပုဒ်မတွေမဟုတ်ဘူး

လောက်ကိုင်တွင် လက်နက်ချ အညံ့ခံသည့် ဗိုလ်မှူးချုပ် ၆ ဦးကို အမိန့်မနာခံမှု၊ ပုန်ကန်မှု၊ တာဝန်မကျေပွန်မှုများဖြင့် အရေးယူမည်

■ ဗိုလ်မှူးချုပ် ၆ ဦး လက်နက်ချ အညံ့ခံပြီးနောက် တိုင်းရင်းသားတပ်မှ ပုဂ္ဂိုလ်တချို့နှင့်အတူ ထမင်းလက်ဆုံစား၊ အရက်သောက်မှု မင်းအောင်လှိုင်အကြီး အကျယ် စိတ်ဆိုး

ရန်ကုန်၊ ဇန်နဝါရီ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်တွင် ကိုးကန့် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့သည့် ဗိုလ်မှူးချုပ် ၆ ဦးကို အမိန့်မနာခံမှု၊ ပုန်ကန်မှု၊ အထက်က ပေးအပ်သော တာဝန်မကျေပွန်မှုများ အပါအဝင် တပ်မတော် အက်ဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့နှင့် ဇန်နဝါရီလ ၅ ရက်နေ့တွင် လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)မှ ဗိုလ်မှူးချုပ် ၆ ဦးဖြစ်ကြသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ တပ်မ ၅၅ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ အမှတ် ၁၂ စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း(သေဆုံးသည်ဟု MNDAA က ကြေညာခဲ့သူ)၊ အမှတ် (၁၄)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ အမှတ် (၁၆)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး တို့ကို လားရှိုးသို့ ပြန်လည်ခေါ်ယူပြီး စစ်ကောင်စီက အရေးယူရန် အမှု တည်ဆောက်နေကြောင်း သိရှိရသည်။

“လက်နက်ချ အညံ့ခံဖို့ ဆုံးဖြတ်တာက တပ်မှူး ၆ ဦးက သူတို့ဟာ သူတို့ ဆုံးဖြတ်ပြီး အထက်ကို တင်ပြခဲ့တယ်။ အထက်ကို ဆုံးဖြတ်ပြီးမှ တင်ပြခဲ့တယ်လို့ သိရတယ်။ အသိပေးရုံပဲ ပေးခဲ့တာ။ အဲဒါကြောင့် အမိန့်မနာခံမှု၊ အထက်က ပေးအပ်သော တာဝန်ကို မကျေပွန်မှု၊ တပ်တွင်း ပုန်ကန်မှုတွေနဲ့ အရေးယူမယ်လို့ သိရတယ်။ အခုတော့ အမှုတည်ဆောက်နေပြီ။ အဓိက တပ်မတော်ရဲ့ လက်နက်ခဲယမ်းတွေနဲ့ ယာဉ် ယန္တရားတွေ အများကြီး ဆုံးရှုံးလိုက်ရတာ” ဟု စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

လက်နက်ချအညံ့ခံပြီးနောက် ဗိုလ်မှူးချုပ် ၆ ဦးက တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့မှ ပုဂ္ဂိုလ်တချို့နှင့်အတူ ထမင်းစားခြင်း၊ အရက်၀ိုင်းဖွဲ့သောက် သည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပြန့်နှံ့ခဲ့ရာ ယင်းဓာတ်ပုံများကို ကြည့်၍ အကြမ်းဖက် မင်းအောင်လှိုင်က အကြီးအကျယ် စိတ်ဆိုးနေကြောင်း စစ်တပ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဓာတ်ပုံ- ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် ဗိုလ်မှူးချုပ် အေးမင်းဦး။

ေလာက္ကိုင္တြင္ လက္နက္ခ် အညံ့ခံသည့္ ဗိုလ္မႉးခ်ဳပ္ ၆ ဦးကို အမိန႔္မနာခံမႈ၊ ပုန္ကန္မႈ၊ တာဝန္မေက်ပြန္မႈမ်ားျဖင့္ အေရးယူမည္
■ ဗိုလ္မႉးခ်ဳပ္ ၆ ဦး လက္နက္ခ် အညံ့ခံၿပီးေနာက္ တိုင္းရင္းသားတပ္မွ ပုဂၢိဳလ္တခ်ိဳ႕ႏွင့္အတူ ထမင္းလက္ဆုံစား၊ အရက္ေသာက္မႈ မင္းေအာင္လႈိင္အႀကီး အက်ယ္ စိတ္ဆိုး
ရန္ကုန္၊ ဇန္နဝါရီ ၈
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေလာက္ကိုင္တြင္ ကိုးကန႔္ MNDAA ထံတြင္ လက္နက္ခ် အညံ့ခံခဲ့သည့္ ဗိုလ္မႉးခ်ဳပ္ ၆ ဦးကို အမိန႔္မနာခံမႈ၊ ပုန္ကန္မႈ၊ အထက္က ေပးအပ္ေသာ တာဝန္မေက်ပြန္မႈမ်ား အပါအဝင္ တပ္မေတာ္ အက္ဥပေဒမ်ားျဖင့္ အေရးယူမည္ျဖစ္ေၾကာင္း ေနျပည္ေတာ္ စစ္ဘက္သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ဇန္နဝါရီလ ၄ ရက္ေန႔ႏွင့္ ဇန္နဝါရီလ ၅ ရက္ေန႔တြင္ ေလာက္ကိုင္ ေဒသကြပ္ကဲမႈ စစ္ဌာနခ်ဳပ္(ဒကစ)မွ ဗိုလ္မႉးခ်ဳပ္ ၆ ဦးျဖစ္ၾကသည့္ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္ (ေလာက္ကိုင္) ေဒသကြပ္ကဲေရးမႉး ဗိုလ္မႉးခ်ဳပ္ မိုးေက်ာ္သူ၊ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ ေခတၱဥကၠ႒ ဗိုလ္မႉးခ်ဳပ္ ထြန္းထြန္းျမင့္၊ တပ္မ ၅၅ ဌာနခ်ဳပ္မႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မ်ိဳးဝင္း၊ အမွတ္ ၁၂ စစ္ဆင္ ေရး ကြပ္ကဲမႈဌာနခ်ဳပ္ စစ္ဆင္ေရးကြပ္ကဲေရးမႉး ဗိုလ္မႉးခ်ဳပ္ ေအာင္ေဇာ္လင္း(ေသဆုံးသည္ဟု MNDAA က ေၾကညာခဲ့သူ)၊ အမွတ္ (၁၄)စစ္ဆင္ေရး ကြပ္ကဲမႈဌာနခ်ဳပ္ စစ္ဆင္ေရးကြပ္ကဲေရးမႉး ဗိုလ္မႉးခ်ဳပ္ ေအးမင္းဦး၊ အမွတ္ (၁၆)စစ္ဆင္ေရး ကြပ္ကဲမႈဌာနခ်ဳပ္ စစ္ဆင္ေရးကြပ္ကဲေရးမႉး ဗိုလ္မႉးခ်ဳပ္ ေသာ္ဇင္ဦး တို႔ကို လားရႈိးသို႔ ျပန္လည္ေခၚယူၿပီး စစ္ေကာင္စီက အေရးယူရန္ အမႈ တည္ေဆာက္ေနေၾကာင္း သိရွိရသည္။
“လက္နက္ခ် အညံ့ခံဖို႔ ဆုံးျဖတ္တာက တပ္မႉး ၆ ဦးက သူတို႔ဟာ သူတို႔ ဆုံးျဖတ္ၿပီး အထက္ကို တင္ျပခဲ့တယ္။ အထက္ကို ဆုံးျဖတ္ၿပီးမွ တင္ျပခဲ့တယ္လို႔ သိရတယ္။ အသိေပး႐ုံပဲ ေပးခဲ့တာ။ အဲဒါေၾကာင့္ အမိန႔္မနာခံမႈ၊ အထက္က ေပးအပ္ေသာ တာဝန္ကို မေက်ပြန္မႈ၊ တပ္တြင္း ပုန္ကန္မႈေတြနဲ႔ အေရးယူမယ္လို႔ သိရတယ္။ အခုေတာ့ အမႈတည္ေဆာက္ေနၿပီ။ အဓိက တပ္မေတာ္ရဲ႕ လက္နက္ခဲယမ္းေတြနဲ႔ ယာဥ္ ယႏၲရားေတြ အမ်ားႀကီး ဆုံးရႈံးလိုက္ရတာ” ဟု စစ္ဘက္သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္ သတင္းဌာနထံသို႔ ေျပာဆိုသည္။
လက္နက္ခ်အညံ့ခံၿပီးေနာက္ ဗိုလ္မႉးခ်ဳပ္ ၆ ဦးက တိုင္းရင္းသားေတာ္လွန္ေရးတပ္ဖြဲ႕မွ ပုဂၢိဳလ္တခ်ိဳ႕ႏွင့္အတူ ထမင္းစားျခင္း၊ အရက္၀ိုင္းဖြဲ႕ေသာက္ သည့္ ဓာတ္ပုံမ်ား လူမႈကြန္ရက္တြင္ ျပန႔္ႏွံ႔ခဲ့ရာ ယင္းဓာတ္ပုံမ်ားကို ၾကည့္၍ အၾကမ္းဖက္ မင္းေအာင္လႈိင္က အႀကီးအက်ယ္ စိတ္ဆိုးေနေၾကာင္း စစ္တပ္ဘက္သတင္းရင္းျမစ္ထံမွ သိရွိရသည္။
ဓာတ္ပုံ- ဗိုလ္မႉးခ်ဳပ္ ထြန္းထြန္းျမင့္၊ ဗိုလ္မႉးခ်ဳပ္ မိုးေက်ာ္သူႏွင့္ ဗိုလ္မႉးခ်ဳပ္ ေအးမင္းဦး။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *