ယတြာချေလဲအပိုပဲ ဝဋ်ဆိုတာပြေးမလွတ်ဘူး

စစ်ခေါင်းဆောင် ယတြာချေတဲ့ ဘုရားထီးတင်ပွဲအပြန်မှာ ဖနောင့်သံဆူး၍ အစိုးရိမ်လွန်ကာ ယတြာထပ်ချေနေရ

ဇန်နဝါရီ ၈ ရက်

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ မြို့တော်ထိပ်ပန်မင်္ဂလာစေတီတော် ထီးတော်တင် အခမ်းအနားအပြီး ဘုရားပေါ်က အဆင်းတွင် စစ်ခေါင်းဆောင်၏ ဖနောင့်သံဆူး၍ နိမိတ်မကောင်းဟုဆိုကာ ယတြာချေနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က မြို့တော်ထိပ်ပန်မင်္ဂ လာစေတီတော် အထက်ဌာပနာသွင်းခြင်းနှင့် ရွှေထီးတော်တင်ခြင်းအခမ်းအနားကို စစ်ခေါင်းဆောင်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့ပြီး ဘုရားပေါ်က အဆင်းတွင် စစ်ခေါင်းဆောင်၏ ဖနောင့်သံဆူးခဲ့သည့်အတွက် အစိုးရိမ်လွန်ကာ ယတြာပတ်ချေနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“ဘုရားထီးတင်တာကလည်း ယတြာချေတဲ့အနေနဲ့ လာတင်တာ။ ယတြာချေတဲ့ ဘုရားမှာပဲ သံထပ်ဆူးတော့ ထပ်ပြီးယတြာချေနေတယ်။ ထပ်ပြီးချေတဲ့ ယတြာအောင်မြင်ဖို့ စစ်တိုင်းမှူးတွေကိုပါ ထပ်ပြီးယတြာချေခိုင်းထားတယ်”ဟု စစ်ခေါင်းဆောင်နှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖနောင့်သံဆူးခဲ့သည့် အပြင် ၎င်း၏ အခါတော်ပေးဆရာ မင်းကုသပဆိုသူက ယခုရက်ပိုင်းအတွင်း စစ်ခေါင်းဆောင် လုပ်ကြံခံရနိုင် သည်ဆိုသည့် ဟောကိန်းကြောင့် ယတြာချေမှုများကို အပြင်းအထန်လုပ် ဆောင်နေကြောင်း သိရသည်။

အဆိုပါဟောကိန်းနှင့် နိမိတ်များကြောင့် စစ်ခေါင်းဆောင်က ၎င်း၏အနီးတွင်ရှိသော ထိပ်တန်းအရာရှိ ၄၀ ကျော်ကို ခေါ်ယူကြိမ်းမောင်းခဲ့သည့်အပြင် ယင်းနိမိတ်များ ကြေပျောက်စေရန် ဆီးသီးအလုံး ၉၀ ကို စကောထဲထည့်၍ ယတြာချေမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“စကောထဲ ဆီးသီးအလုံး ၉၀ ထည့်လှိမ့်တဲ့ ယတြာက သူ(စစ်ခေါင်းဆောင်)ယုံကြည်ရတဲ့ အယောက် ၉၀ ကို ခိုင်းတဲ့အတိုင်းလုပ်အောင်၊ လှိမ့်ချင်တိုင်း လှိမ့်နိုင်အောင် လုပ်တဲ့ယတြာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

စစ်ခေါင်းဆောင် အစိုးရိမ်လွန်သည့်ကိစ္စများတွင် ဘုရားထီးတင်ပွဲမှအပြန် ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ ကျန်းမာရေး ရုတ်တရက်ဖောက်ပြန်၍ ဆေးကုသမှု ခံယူခဲ့ရသည့်အပြင် စစ်ခေါင်းဆောင်ကိုယ်တိုင် ဆင်ဖြူတော်ဟု သတ်မှတ်ထားသည့် ဆင်ကလည်း ၀မ်းသွားကာ နေမကောင်းသည့်ဖြစ်ရပ်များ ပါ၀င်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ယခုကဲ့သို့ စစ်ခေါင်းဆောင် ပြုလုပ်နေသည့် ယတြာများအောင်မြင်စေရန်အတွက် စစ်တိုင်းမှူးများကပါ ထပ်ဆင့် ယတြာချေပေးနေရကြောင်း သိရသည်။

ပုံစာ- ဇန်နဝါရီ ၃ ရက်နေ့က သံဆူးခဲ့သည့် ဘုရားထီးတင်ပွဲတွင်တွေ့ရသည့် စစ်ခေါင်းဆောင်

စစ္ေခါင္းေဆာင္ ယၾတာေခ်တဲ့ ဘုရားထီးတင္ပြဲအျပန္မွာ ဖေနာင့္သံဆူး၍ အစိုးရိမ္လြန္ကာ ယၾတာထပ္ေခ်ေနရ
ဇန္နဝါရီ ၈ ရက္
ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္ရွိ ၿမိဳ႕ေတာ္ထိပ္ပန္မဂၤလာေစတီေတာ္ ထီးေတာ္တင္ အခမ္းအနားအၿပီး ဘုရားေပၚက အဆင္းတြင္ စစ္ေခါင္းေဆာင္၏ ဖေနာင့္သံဆူး၍ နိမိတ္မေကာင္းဟုဆိုကာ ယၾတာေခ်ေနရေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီ ၃ ရက္ေန႔က ၿမိဳ႕ေတာ္ထိပ္ပန္မဂၤ လာေစတီေတာ္ အထက္ဌာပနာသြင္းျခင္းႏွင့္ ေ႐ႊထီးေတာ္တင္ျခင္းအခမ္းအနားကို စစ္ေခါင္းေဆာင္ဗိုလ္ ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွတို႔ တက္ေရာက္ခဲ့ၿပီး ဘုရားေပၚက အဆင္းတြင္ စစ္ေခါင္းေဆာင္၏ ဖေနာင့္သံဆူးခဲ့သည့္အတြက္ အစိုးရိမ္လြန္ကာ ယၾတာပတ္ေခ်ေနေၾကာင္း တပ္တြင္းသတင္းရင္းျမစ္ထံက သိရသည္။
“ဘုရားထီးတင္တာကလည္း ယၾတာေခ်တဲ့အေနနဲ႔ လာတင္တာ။ ယၾတာေခ်တဲ့ ဘုရားမွာပဲ သံထပ္ဆူးေတာ့ ထပ္ၿပီးယၾတာေခ်ေနတယ္။ ထပ္ၿပီးေခ်တဲ့ ယၾတာေအာင္ျမင္ဖို႔ စစ္တိုင္းမႉးေတြကိုပါ ထပ္ၿပီးယၾတာေခ်ခိုင္းထားတယ္”ဟု စစ္ေခါင္းေဆာင္ႏွင့္ နီးစပ္သည့္ တပ္တြင္းသတင္းရင္းျမစ္က ေျပာသည္။
စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ ဖေနာင့္သံဆူးခဲ့သည့္ အျပင္ ၎၏ အခါေတာ္ေပးဆရာ မင္းကုသပဆိုသူက ယခုရက္ပိုင္းအတြင္း စစ္ေခါင္းေဆာင္ လုပ္ႀကံခံရႏိုင္ သည္ဆိုသည့္ ေဟာကိန္းေၾကာင့္ ယၾတာေခ်မႈမ်ားကို အျပင္းအထန္လုပ္ ေဆာင္ေနေၾကာင္း သိရသည္။
အဆိုပါေဟာကိန္းႏွင့္ နိမိတ္မ်ားေၾကာင့္ စစ္ေခါင္းေဆာင္က ၎၏အနီးတြင္ရွိေသာ ထိပ္တန္းအရာရွိ ၄၀ ေက်ာ္ကို ေခၚယူႀကိမ္းေမာင္းခဲ့သည့္အျပင္ ယင္းနိမိတ္မ်ား ေၾကေပ်ာက္ေစရန္ ဆီးသီးအလုံး ၉၀ ကို စေကာထဲထည့္၍ ယၾတာေခ်မႈမ်ား ျပဳလုပ္ခဲ့သည္ဟု ဆိုသည္။
“စေကာထဲ ဆီးသီးအလုံး ၉၀ ထည့္လွိမ့္တဲ့ ယၾတာက သူ(စစ္ေခါင္းေဆာင္)ယုံၾကည္ရတဲ့ အေယာက္ ၉၀ ကို ခိုင္းတဲ့အတိုင္းလုပ္ေအာင္၊ လွိမ့္ခ်င္တိုင္း လွိမ့္ႏိုင္ေအာင္ လုပ္တဲ့ယၾတာ” ဟု တပ္တြင္းသတင္းရင္းျမစ္က ေျပာသည္။
စစ္ေခါင္းေဆာင္ အစိုးရိမ္လြန္သည့္ကိစၥမ်ားတြင္ ဘုရားထီးတင္ပြဲမွအျပန္ ဇနီးျဖစ္သူ ေဒၚၾကဴၾကဴလွ က်န္းမာေရး ႐ုတ္တရက္ေဖာက္ျပန္၍ ေဆးကုသမႈ ခံယူခဲ့ရသည့္အျပင္ စစ္ေခါင္းေဆာင္ကိုယ္တိုင္ ဆင္ျဖဴေတာ္ဟု သတ္မွတ္ထားသည့္ ဆင္ကလည္း ၀မ္းသြားကာ ေနမေကာင္းသည့္ျဖစ္ရပ္မ်ား ပါ၀င္သည္ဟု သတင္းရင္းျမစ္က ဆိုသည္။
ယခုကဲ့သို႔ စစ္ေခါင္းေဆာင္ ျပဳလုပ္ေနသည့္ ယၾတာမ်ားေအာင္ျမင္ေစရန္အတြက္ စစ္တိုင္းမႉးမ်ားကပါ ထပ္ဆင့္ ယၾတာေခ်ေပးေနရေၾကာင္း သိရသည္။
ပုံစာ- ဇန္နဝါရီ ၃ ရက္ေန႔က သံဆူးခဲ့သည့္ ဘုရားထီးတင္ပြဲတြင္ေတြ႕ရသည့္ စစ္ေခါင္းေဆာင္

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *