ပျူဆရာတည့်၂ကောင်လမ်းဘေးထိုးအိပ်

ရွှေဘိုမြို့ပေါ်မှာ ပျူစောထီးများနဲ့ PDF တပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်ကြရာ ပျူစောထီး ခေါင်းဆောင်နဲ့ နောက်လိုက် ၁ ဦးသေဆုံး++++++++++++++ဇန်နဝါရီ ၁၀ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ရန်ကြီးအောင်ရပ်ကွက်အနီး ပျူစောထီးများနဲ့ PDF တပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်ကြရာ ပျူစောထီး ခေါင်းဆောင်နဲ့ နောက်လိုက် ၁ ဦးသေဆုံးခဲ့တယ်လို့ War Lord Defense Force – Shwe Bo က ထုတ်ပြန်ပါတယ်။ ရွှေဘိုမြို့နယ်၊ မြင်းစီး‌ကျေးရွာက စစ်ကောင်စီရဲ့ “သူရဗလ” ဘွဲ့ရ ပျူစောထီးခေါင်းဆောင်နဲ့ နောက်လိုက် ၄ ဦးကို ရွှေဘိုမြို့ ၊ ရန်ကြီးအောင်ရပ်ကွက်အနီး ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီ ၁၁ မိနစ်မှာ အမှတ်မထင်‌တွေ့ဆုံရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ပျူခေါင်းဆောင်နဲ့ နောက်လိုက် တစ်ဦး သေဆုံးခဲ့သလို တစ်ဦး လက်တစ်ဖက်ပြတ်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။ သေဆုံးသူ ပျူစောထီးခေါင်းဆောင်ဟာ ရွှေဘိုအနောက်ခြမ်းရှိ ကျေးရွာများကို ဝင်ရောက်မီးရှို့၊ လူသတ်၊ မုဒိမ်းကျင့်စတဲ့ ပြစ်မှုများ ကျူးလွန်နေတဲ့ ပျူခေါင်းဆောင်တစ်ဦးဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု အတွင်း ပြည်သူများ အသွားအလာရှိနေသဖြင့် အချိန်ယူကာ ထိန်းသိမ်းပစ်ခတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကို War Lord Defense Force PDF(B-4 /C-2) နဲ့ ပူးပေါင်းမဟာမိတ်များဖြစ်တဲ့ Guardian Force PDF (B-4/C-1) ၊ Snake Eyes – PDF(B4/C-3) ၊ Zoe Defense Force PDF (SHWEBO) ၊ ဘီလူးညီနောင်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ ၊ ရွှေဘိုအားမာန် မြို့ပြပျောက်ကျား UG အဖွဲ့ ၊ သိခ်အားမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ပုံစာ – War Lord Defense Force PDF(B-4 /C-2)က ရဲဘော်များ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *