ထီပေါက်တာမဟုတ်ဘူးနော် အလင်းဝင်လို့ဆုရတာ

ကလေးဝကစစ်သားတဦး လက်နက်ခဲယမ်းအများအပြားနဲ့အလင်းဝင်ရောက်လာ

ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်ထဲ့က စစ်ကောင်စီတပ်သားတဦးဟာ အကြမ်းဖက်စစ်အုပ်စုလက်အောက်မှာ ဆက်လက်အမှုမထမ်းလိုတော့တာကြောင့် လက်နက်ခဲယမ်းအများအပြားယူဆောင်လာပြီး အလင်းဝင်ရောက်လာတယ်လို့ ကလေးဝPDFဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ယမန်နေ့ကထုတ်ပြန်ချက်ထဲမှာ ကလေးဝမြို့နယ်ဆင်အိုင်မပျူစောထီးကျေးရွာမှာ တပ်စွဲထားတဲ့အထဲက စစ်သား ၁ ဦးဟာ MA သေနတ် ၁ လက်နဲ့ ခဲယမ်းပစ္စည်းများ ယူဆောင်လာပြီး အလင်း၀င်လာတာလို့သိရပါတယ်။

လက်နက်နဲ့တကွ အမြင်မှန်ရပြီး ပြည်သူ့ဘက်ကို ခိုဝင်လာတဲ့ စစ်သားကို ကလေးဝPDFဘက်က ဂုဏ်ပြုဆုချီးမြှင့်ငွေ ကျပ်သိန်း ၁၀၀ချီးမြှင့်ခဲ့ပြီး ကျန်စစ်အုပ်စုဝင်တွေအနေဖြင့် လက်နက်နဲ့တကွ အလင်းဝင်ရောက်ကြဖို့ ကလေးဝPDFဘက်က တိုက်တွန်းထားပါတယ်။

Operation 1027စစ်ဆင်ရေးစတင်ချိန်ကစပြီး အကြမ်းဖက်စစ်အုပ်စုလက်အောက်က စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာသလို တိုက်ပွဲတွင်းမှာလည်း လက်နက်ချအညံ့ခံမှုတွေ အများအပြားရှိလာတာဖြစ်ပါတယ်။

ကေလးဝကစစ္သားတဦး လက္နက္ခဲယမ္းအမ်ားအျပားနဲ႔အလင္းဝင္ေရာက္လာ
ဇန္နဝါရီ ၁၁
စစ္ကိုင္းတိုင္း၊ ကေလးဝၿမိဳ႕နယ္ထဲ့က စစ္ေကာင္စီတပ္သားတဦးဟာ အၾကမ္းဖက္စစ္အုပ္စုလက္ေအာက္မွာ ဆက္လက္အမႈမထမ္းလိုေတာ့တာေၾကာင့္ လက္နက္ခဲယမ္းအမ်ားအျပားယူေဆာင္လာၿပီး အလင္းဝင္ေရာက္လာတယ္လို႔ ကေလးဝPDFဘက္က သတင္းထုတ္ျပန္ထားပါတယ္။
ယမန္ေန႔ကထုတ္ျပန္ခ်က္ထဲမွာ ကေလးဝၿမိဳ႕နယ္ဆင္အိုင္မပ်ဴေစာထီးေက်း႐ြာမွာ တပ္စြဲထားတဲ့အထဲက စစ္သား ၁ ဦးဟာ MA ေသနတ္ ၁ လက္နဲ႔ ခဲယမ္းပစၥည္းမ်ား ယူေဆာင္လာၿပီး အလင္း၀င္လာတာလို႔သိရပါတယ္။
လက္နက္နဲ႔တကြ အျမင္မွန္ရၿပီး ျပည္သူ႔ဘက္ကို ခိုဝင္လာတဲ့ စစ္သားကို ကေလးဝPDFဘက္က ဂုဏ္ျပဳဆုခ်ီးျမႇင့္ေငြ က်ပ္သိန္း ၁၀၀ခ်ီးျမႇင့္ခဲ့ၿပီး က်န္စစ္အုပ္စုဝင္ေတြအေနျဖင့္ လက္နက္နဲ႔တကြ အလင္းဝင္ေရာက္ၾကဖို႔ ကေလးဝPDFဘက္က တိုက္တြန္းထားပါတယ္။
Operation 1027စစ္ဆင္ေရးစတင္ခ်ိန္ကစၿပီး အၾကမ္းဖက္စစ္အုပ္စုလက္ေအာက္က စစ္သားနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြဟာ လက္နက္နဲ႔တကြ အလင္းဝင္ေရာက္လာသလို တိုက္ပြဲတြင္းမွာလည္း လက္နက္ခ်အညံ့ခံမႈေတြ အမ်ားအျပားရွိလာတာျဖစ္ပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *