နားထင်တစ်ချက် ဗိုက်တစ်ချက်နေရာတွင် ဂန့်

ကြို့ပင်ကောက်က ပျူစောထီးဆိုသူ အသတ်ခံရ

ဇန်ဝါရီ ၁၁

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က ပျူစောထီးဆိုသူကို သေနတ်နဲ့ ပစ်ပြီး ရှင်းလင်းခဲ့ တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၁ Dragon Brothers (GBK-PDF)က သတင်းထုတ် ပြန်ထားပါတယ်။

ပျူစောထီးလို့ လူသိများတဲ့ ကြို့ပင်ကောက်မြို့အရှေ့ဘက် ဝိုင်းကျေးရွာနေ အသက် ၃၇ နှစ်အရွယ် ကိုမင်းမင်းဟာ ဇန်နဝါရီ ၁၀ ရက် မနေ့မွန်းလွဲ ၂ နာရီလောက်ကမှာ ကျေးရွာစာသင်ကျောင်းကနေ တဦးတည်းခြေလျင်ပြန်လာချိန် ဂမုန်းချောင်းတံတားထိပ်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တလို့ ဆိုပါတယ်။

“နားထင်တချက် ဗိုက်ကိုတချက်ထိပြီး ပွဲချင်းပြီးသေသွားတာပါ။ မနေ့ညနေ ၆ နာရီလောက်က စစ်အုပ်စုနဲ့ မိသားစုက အလောင်းလာကောက်သွားတယ်” လို့ Dragon Brothers (GBK-PDF) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဘိုသီက ပြောပါတယ်။

ကိုမင်းမင်းဟာ စစ်ထွက်တဦးဖြစ်ပြီး ပျူစောထီးတဦးလည်းဖြစ်ကာ စစ်ကောင်စီက လက်နက်ထုတ်ပေးထားပြီး ပြည်သူတွေကိုခြိမ်းခြောက်တာ၊ ရိုက်နှက်စစ်ဆေးတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထောက်ပို့သူတွေကို စုံစမ်းသတင်းပေးတာတွေလုပ်ပြီး နယ်မြေကျွမ်းကျင်သူလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ မြောင်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေဦးဆောင်လုပ်နေတဲ့ ဖဲဝိုင်းကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုအဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့လို့ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ကျော်ကိုကို အပါအဝင် ပျူစောထီး ၄ ဦးနဲ့ စစ်သား ၁ ဦးသေဆုံးခဲ့ပါသေးတယ်။

ပုံစာ – သေဆုံးသူ ကိုမင်းမင်း အလောင်း။

ႀကိဳ႕ပင္ေကာက္က ပ်ဴေစာထီးဆိုသူ အသတ္ခံရ
ဇန္ဝါရီ ၁၁
ပဲခူးတိုင္းအေနာက္ျခမ္း၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္က ပ်ဴေစာထီးဆိုသူကို ေသနတ္နဲ႔ ပစ္ၿပီး ရွင္းလင္းခဲ့ တယ္လို႔ သာယာဝတီခ႐ိုင္ တပ္ရင္း ၃၈၀၂၊ တပ္ခြဲ ၁ Dragon Brothers (GBK-PDF)က သတင္းထုတ္ ျပန္ထားပါတယ္။
ပ်ဴေစာထီးလို႔ လူသိမ်ားတဲ့ ႀကိဳ႕ပင္ေကာက္ၿမိဳ႕အေရွ႕ဘက္ ဝိုင္းေက်း႐ြာေန အသက္ ၃၇ ႏွစ္အ႐ြယ္ ကိုမင္းမင္းဟာ ဇန္နဝါရီ ၁၀ ရက္ မေန႔မြန္းလြဲ ၂ နာရီေလာက္ကမွာ ေက်း႐ြာစာသင္ေက်ာင္းကေန တဦးတည္းေျခလ်င္ျပန္လာခ်ိန္ ဂမုန္းေခ်ာင္းတံတားထိပ္မွာ ေသနတ္နဲ႔ပစ္ခတ္ခဲ့တလို႔ ဆိုပါတယ္။
“နားထင္တခ်က္ ဗိုက္ကိုတခ်က္ထိၿပီး ပြဲခ်င္းၿပီးေသသြားတာပါ။ မေန႔ညေန ၆ နာရီေလာက္က စစ္အုပ္စုနဲ႔ မိသားစုက အေလာင္းလာေကာက္သြားတယ္” လို႔ Dragon Brothers (GBK-PDF) ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဘိုသီက ေျပာပါတယ္။
ကိုမင္းမင္းဟာ စစ္ထြက္တဦးျဖစ္ၿပီး ပ်ဴေစာထီးတဦးလည္းျဖစ္ကာ စစ္ေကာင္စီက လက္နက္ထုတ္ေပးထားၿပီး ျပည္သူေတြကိုၿခိမ္းေျခာက္တာ၊ ႐ိုက္ႏွက္စစ္ေဆးတာ၊ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ ေထာက္ပို႔သူေတြကို စုံစမ္းသတင္းေပးတာေတြလုပ္ၿပီး နယ္ေျမကြၽမ္းက်င္သူလည္းျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ၿပီးခဲ့တဲ့ ဇန္နဝါရီ ၇ ရက္ကလည္း အုတ္ဖိုၿမိဳ႕နယ္၊ ေျမာင္ေက်း႐ြာမွာ အုပ္ခ်ဳပ္ေရးမႉးနဲ႔ ပ်ဴေစာထီးေတြဦးေဆာင္လုပ္ေနတဲ့ ဖဲဝိုင္းကို ေျမေအာက္ေျပာက္က်ားတပ္ဖြဲ႕ – အုတ္ဖိုအဖြဲ႕ဝင္ေတြက တိုက္ခိုက္ခဲ့လို႔ ပ်ဴေစာထီးေခါင္းေဆာင္ အုပ္ခ်ဳပ္ေရးမႉး ေက်ာ္ကိုကို အပါအဝင္ ပ်ဴေစာထီး ၄ ဦးနဲ႔ စစ္သား ၁ ဦးေသဆုံးခဲ့ပါေသးတယ္။
ပုံစာ – ေသဆုံးသူ ကိုမင္းမင္း အေလာင္း။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *