ဘာတွေလဲဟ နားမလည်တော့ဘူး

ဟိုပန်နဲ့ ပန်လုံကို အကြမ်းဖက်စစ်ကောင်စီက UWSP/UWSA ကို လွှဲပြောင်းပေးခဲ့တာလို့ UWSA ထုတ်ပြန်…

++++++++++++++++

ဇန်နဝါရီ ၁၃

“ဝ”ပြည်နယ် ပြည်သူအစိုးရက နှစ်ပေါင်းများစွာ ပြည်ထောင်စုအစိုးရဆီ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၄ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီက ဟိုပန် ၊ပန်လုံဒေသကို “ဝ”ပြည်နယ်အစိုးရ(UWSP/UWSA)ဆီ လွှဲပြောင်းပေးအပ်ဖို့ သဘောတူခဲ့တာလို့ ဝ တပ်ဖွဲ့ ပြန်ကြားရေး WSTV က ထုတ်ပြန်ပါတယ်။

ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ ဗဟိုကော်မတီ၊ “ဝ”ပြည်နယ် ပြည်သူ့အစိုးရ ဆုံးဖြတ်ချက်အရ ဇန်နဝါရီ ၁၀ရက်နဲ့ ၁၁ရက်နေ့မှာ မိုင်းမောခရိုင်အတွင်းရေးမှူး၊ ဗဟိုကော်မတီ အရံကော်မတီဝင်ဦးရှောက်ဆိုင်ပေါင်းနဲ့ “ဝ”ပြည်နယ် နိုင်ငံရေးအတိုင်ပင်ခံဌာန ဥက္ကဌ ဦးကျောက်အိုက်တောင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က “ဝ”ပြည်နယ် ပြည်သူ့အစိုးရကိုယ်စား ဟိုပန်၊ ပန်လုံဒေသကို သွားရောက်ပြီး လွှဲပြောင်းလက်ခံခြင်းလုပ်ငန်းများကို အောင်မြင်စွာပြုလုပ်ခဲ့တယ်လို့ WSTV က ထုတ်ပြန်ထားပါတယ်။

++++++++++++++++
ဇန်နဝါရီ ၁၃

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *