လေဘဲတွေအကြဲကောင်းချက် ခမရ ၅၃၉ လနတိုက်ပြာကျ

စစ်ကောင်စီအဖွဲ့ Y 12 ထောက်ပို့လေယာဉ်မှ မှားကြဲချ၍ ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းရှိ လန တိုက်မီးလောင်နေ

ဇန်နဝါရီလ ၁၃ ရက်

ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၅၄ မိနစ်အချိန်ခန့်တွင် စစ်တွေမြို့မှ တက်လာသည့် စစ်ကောင်စီအဖွဲ့ Y 12 ထောက်ပို့လေယာဉ်မှ မှားကြဲချ၍ ကျောက်တော်မြို့နယ်၊ကန်စောက်အခြေ စိုက် ခမရ ၅၃၉ တပ်ရင်းရှိ လနတိုက်မီးလောင်နေကြောင်း ဒေသခံများက ဆိုသည်။

“Y 12 နဲ့ ကြဲတာ Y 12 ကတစ်ခါ ကြဲချရင် ၁၀ လုံးမကဘူး၊ အဲဒီမှာ သူတို့ ခမရ ၅၃၉ စခန်းမှာ ၃ လုံးကျကွဲသံ ကြားတယ်၊ နောက်ပြီးပေါက်ကွဲသံတွေအများကြီး ထွက်လာပြီး မီးလောင်နေတာတွေ့တယ်” ဟု ကန်စောက် ဒေသခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီလ ၁၃ ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *