လနအပါယူပြီး အလံဖြူလေးဆောင်သွား

မင်းအောင်လှိုင်၏ ခိုင်းစေချက်အရ တစ်နိုင်ငံလုံးတွင် ပြည်သူလုံခြုံရေးစနစ်ဖြင့် ချိတ်ဆက်မည့် ပြည်သူ့စစ်အဖွဲ့များ စတင်ဖွဲ့စည်းနေ

■ ပဲခူးတိုင်း၊ မကွေး နှင့် မန္တလေးတိုင်းတို့တွင် ပြည်သူ့စစ်အဖွဲ့များ အလျှင် အမြန် ဖွဲ့စည်းခိုင်း

ရန်ကုန်၊ ဇန်နဝါရီ ၁၃

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ခိုင်းစေချက်အရ တစ်နိုင်ငံလုံး တွင် ပြည်သူ့လုံခြုံရေးစနစ်ဖြင့် ချိတ်ဆက်ကြမည့် ပြည်သူ့စစ်အဖွဲ့များကို မြို့ တိုင်း၊ ရွာတိုင်း၊ ရပ်ကွက်တိုင်းတွင် ဖွဲ့စည်းခိုင်းနေကြောင်း ပဲခူးတိုင်း စစ် ကောင် စီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တစ်နိုင်ငံလုံးရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတိုင်းတွင် ပြည်သူ့လုံခြုံရေးအတွက် ပြည်သူ့စစ်အဖွဲ့များကို ယခု ဇန်နဝါရီလအတွင်း အပြီးဖွဲ့စည်းရမည်ဖြစ်ပြီး အဆိုပါ ပြည်သူ့စစ်အဖွဲ့များသည် တစ်ဖွဲ့နှင့် တစ်ဖွဲ့ ချိတ်ဆက်၍ လုံခြုံရေးစနစ် တည်ဆောက်ကာ စစ်တပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ထားရှိမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်အဖွဲ့များအားလုံးကို ကျေးရွာတိုင်း၊ ရပ်ကွက်တိုင်းတွင် မဖြစ်မနေ ဖွဲ့စည်းရမည်ဖြစ်ပြီး ပြည်သူ့စစ်မဖွဲ့စည်းသော ကျေးရွာနှင့် ရပ်ကွက်များသည် PDF ထောက်ခံသော ကျေးရွာများ အဖြစ် ဖျက်သိမ်း ချေမှုန်းခံရမည်ဟု ပြည်သူများသို့ အသိပေးရန် စစ်ကောင်စီက ညွှန်ကြားလာကြောင်း သိရှိရသည်။

“ပြည်သူ့စစ်အဖွဲ့တွေ တစ်နိုင်ငံလုံး ဖွဲ့ခိုင်းတယ်။ ပြည်သူ့လုံခြုံရေးနဲ့ ပြည်သူ့ ကာကွယ်ရေးအတွက် ပြည်သူ့စစ်အဖွဲ့တွေ ရှိရမယ်။ ရပ်ကွက်တိုင်း၊ ကျေးရွာ တိုင်းရှိရမယ်။ ပြည်သူ့စစ်အဖွဲ့အတွက် သက်ဆိုင်ရာ ပြည်သူလူထုတွေကို မဲနှိုက်ရွေးချယ်တာ၊ လူထုက မဲနှိုက်စရာမလိုဘဲ လိုလိုလားလား ပေးလာ တာမျိုးရှိရင်လည်း လက်ခံရမယ်ဆိုတာမျိုး ညွှန်ကြားတယ်။ လုပ်မှာက တစ်နိုင်ငံလုံးပဲ” ဟုပဲခူးတိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းရန် ပဲခူးတိုင်းတွင် တွန်းအားပေးလုပ် ဆောင်နေကြောင်း၊ ပဲခူးတိုင်းသည် KNLA နှင့် PDF များ အချိန်မရွေးထိုး ဖောက် လာနိုင်သည်ဟုဆိုကာ အတင်းအကျပ် ပြည်သူ့စစ်များ ဖွဲ့စည်းခိုင်း နေခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပဲခူးတိုင်းဒေသမှ ပြည်သူများကလည်း ပြည်သူ့စစ်အဖွဲ့ဖွဲ့စည်းခိုင်း၊ တပ်သား သစ် စုဆောင်းခြင်းများကို ယခုရက်ပိုင်းအတွင်း စစ်တပ်က လုပ်ဆောင် လာကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“ပဲခူးတိုင်း၊ သနပ္ပင်မြို့နယ် အရှေ့အခြမ်း မြေပြန့်ဒေသတွေဖြစ်တဲ့ ရစ်ကန်လေး၊ ကမာခနိမ် ကျေးရွာ၊သံကြိုးဝိုင်းကျေးရွာ၊ ကိုင်းစွန်း ကျေးရွာ ကျား ခေါင်း ကျေးရွာ၊ ကုလား တဲစု ကျေးရွာစတဲ့ ကျေးရွာတွေမှာ မနေ့က စစ်ကောင်စီ တပ်သားတွေ ဝင်ရောက် ပြီး ရွာ အိမ်ခြေ အများအလိုက်ကြည့်ပြီး လူတွေကို မဲနှိုက်ခိုင်းတယ်။ တပ် ထဲ ဝင်ရမယ်၊ ပြည်သူ့စစ်တွေ လုပ်ရမယ်ပြောတယ်။ အသက်အရွယ်အားဖြင့် အသက် ၁၆ နှစ်အထက် ၆၀ နှစ်အောက် အမျိုးသား တွေ အားလုံး အကျုံးဝင်တယ်။ အခု ကျေးရွာတွေကနေ အမျိုးသား ၅၀ စုဆောင်းတယ်။ စစ်မှုထမ်းရမယ့် မဲပေါက်တဲ့သူတွေ ကို အိမ်ထောင်စု စာရင်းတွေတောင်းထားတယ်။ ထွက်ပြေးရင် အိမ်တွေ မီးရှို့တာတွေ လုပ်မယ်လို့ ခြိမ်းခြောက်တယ်။ အဲဒီဒေသမှာပဲ ပြည်သူ့စစ် လို့ခေါ်တဲ့ ပျူစောထီး လုပ်ရမယ်ပြောတယ်” ဟု‌ ဒေသပြည်သူတစ်ဦးက‌ ပြောဆိုသည်။

အလားတူ ပြည်မြို့၊ ကံမဘက်တကြောတွင်လည်း ကျေးရွာတစ်ခုလျှင် လူဦးရေ ၃၀ နှုန်းဖြင့် စစ်သားများ စုဆောင်းနေကြောင်း၊ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင်လည်း ရပ်ကွက် ကျေးရွာများ ရပ်ကွက် တခုလျှင် လူဦးရေ ၁၀ ဦးနှုန်း စစ်သင်တန်းတက်ရောက်ရန် စာရင်းကောက်ယူနေကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်းအတွင်းရှိ သာယာဝတီ သုံးဆယ်၊ ဒိုက်ဦးမြို့နယ်၊ တောင်ငူမြို့ နယ်၊ ရေတာရှည်မြို့နယ်၊ ညောင်လေးပင်၊ ဖြူးမြို့နယ် အပါအဝင် မြို့နယ်များ အား လုံးတွင် ပြည်သူ့စစ်များ ဖိအားပေး အလျှင်အမြန်ဖွဲ့စည်းခိုင်းနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့။ (ပုံအဟောင်း ဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *