ပလက်ဝ ၂၈၉အကောင်ကြီးများနှင့်အတူဆို့အောက်

ပလက်ဝ ၂၈၉ တပ်ရင်းကို ရက္ခိုင့်တပ်တော်သိမ်းပိုက် (တပ်မမှူး၊ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းဆီးရမိ)နိရဉ္စရာ၊ ဇန်ဝါရီ ၁၃/၂၀၂၄ ချင်းပြည်နယ်၊ ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။ ဇန်နဝါရီလ ၁၁ ရက်ကတည်းက ခလရ ၂၈၉ တပ်ရင်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားပြီး တပ်မမှူး၊ ဗျူဟာမှူး အပါအဝင်စစ်ကောင်စီတပ်သား အများအပြားကိုလည်း ဖမ်းဆီးရမိထားကြောင်း အေအေနှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။ “အဲ့ဒီ တပ်ဟာ ဒေသခံတွေကို လက်နက်ကြီးတွေပစ်ပြီး ဒုက္ခပေးနေခဲ့တဲ့ အဓိက တပ်ရင်းဖြစ်တယ်။ တပ်မမှူး နှစ်ယောက်တောင်ထိုင်ခဲ့တဲ့ တပ်လည်း ဖြစ်တယ်။ အခု စခန်းသိမ်းလိုက်တော့ အုပ်စုလိုက် ကစဉ့်ကလျား ထွက်ပြေးကြတယ်။ အခု လိုက်ပြီးတော့တော့ ရှင်းလင်းနေပါတယ်။ လက်နက်တွေလည်း အမြောက်အမြားရထားတာရှိပါတယ်” ဟု ပြောသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်တွင် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကို ရေတံခွန် တောင်ကုန်းမှာ ဖမ်းဆီးရမိပြီး နောက်ထပ် ဗျူဟာမှူး အပါအဝင် တပ်သား ၃၃ ဦးကို မီးချောင်း၊ စင်လီအနီး ဖမ်းဆီးရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ “မီးချောင်း၊ စင်လီကို မရောက်ခင်မှာ ချောင်းဖျားတစ်နေရာမှာ စခန်းသိမ်းတုန်းက ထွက်ပြေးကြတဲ့ နောက်ထပ် ဗျူဟာမှူးအပါအဝင် တပ်သား ၃၃ ဦးကို အေအေက ဖမ်းမိပါတယ်။ နောက် ရေတံခွန် တောင်ဘက်မှာတော့ ပျောက်နေတဲ့ တပ်မမှူးတစ်ဦးကို ထပ်ဖမ်းမိတယ်လို့ သိရပါတယ်။ အကျအဆုံးလည်း များပါတယ်”ဟု ပြောသည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဖက်က အကျအဆုံးများပြီး တပ်သားအများအပြားလည်း ထွက်ပြေးနေသည့်အတွက် အေအေက လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။ တပ်မမှူး နှင့် ဗျူဟာမှူးအပါအဝင် တပ်သားများ ဖမ်းဆီးရမိထားမှုနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် အေအေပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းနေပြီး ပြန်လည် ဖြေကြားခြင်း မရှိသေးပါ။ယနေ့ ဇန်နဝါရီ ၁၃ ရက် နေ့လယ် ၂ နာရီခွဲတွင် အေအေက သိမ်းပိုက်ထားသည့် တောင်ရှည်တောင် ဗျူဟာအပါအဝင် ပလက်ဝမှ တပ်စခန်းတချို့အား ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *