အမှန်တရားကို မြတ်နိုးကြပြီး စိတ်ထားဖြူစင်တဲ့ ဗုဒ္ဓဟူး သားသမီးများအကြောင်း

ဗုဒ္ဓဟူး သားသမီးများသည် ယေဘူယျအားဖြင့် အမှန်တရားကို မြတ်နိုးကြပြီး တစ်ယောက်ထဲ နေထိုင်ရခြင်းကို နှစ်သက်တက်ကြပါတယ်။ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ ကိုယ်ရဲ့ မိတ်ဆွေ သူငယ်ချင်းများ ပျော်ရွှင်လာအောင် အဆင်ပြေအောင် ကူညီပေးတတ်ပါတယ်။

တစ်ခါတလေမှာ သူငယ်ချင်းများ အပေါ် နွဲ့ဆိုး ဆိုးပေမဲ့ ရစ်တတ်ကြပေမဲ့ အနစ်အနာ အရမ်း ခံတတ်တဲ့ စိတ်ကြောင့် သူငယ်ချင်းများက အရမ်း ခင်မင်နေကြပါတယ်။တခါ တစ်ခါ ရုပ်တည်နဲ့ ဆေးထိုးတတ် ကြပါတယ်။ ကိုယ်နဲ့ မသိတဲ့ လူတွေ ရှေ့မှာ တည်တည်တံ့တံ့ နေထိုင် တတ်ကြပေမဲ့ တကယ် ခင်မင်သူများနဲ့ဆိုရင် ရယ်မော ပြုံးပျော်စွာ နေထိုင်တတ်ကြပါတယ်။

စိတ်ခံစားရတာလည်း အရမ်း လွယ်သလို၊ စိတ်အပြောင်းအလဲ အရမ်းမြန်တဲ့ သူတွေပါ၊ ငိုလိုက် ရယ်လိုက်နဲ့ စိတ်ဆိုးလွယ်သလို စိတ်ပြေလည်း လွယ်ပါတယ်။ခု စိတ်ညစ်နေပေမယ့် ခဏနေ ဟန်ဆောင်ပြီးတော့ ပျော်ရွှင်နေသလို နေပြတတ်ပါတယ်။ဗုဒ္ဓဟူး သားသမီးများဟာ ငယ်စဉ်ထဲက အခြား သူများအပေါ် ဂရုစိုက် အလေးထားပေမယ့် ကိုယ်အပေါ် အလေးအနက်မထားတဲ့ လူများကိုသာ တွေ့ကြုံလေ့ ရှိပါတယ်။ကိုယ့်အထာနဲ့ကိုယ် နေတတ်လို့ တခြားလူများက အနေ အေးတယ် သွေးအေးတယ်လို့ ထင်မှတ်ကြပါတယ်။

တကယ်တော့ ဒေါသ ထွက်လာတဲ့ အခါမျိုးဆို ကိုယ်တိုင်တောင် ထိန်းချုပ်ရတာ ခက်ခဲကြပါတယ်။ငယ်စဉ် ကလေး ဘဝထဲက ယနေ့အချိန်ထိ စိတ်နာအောင် ခံစားရအောင် လုပ်တဲ့ သူများကိုအခွင့်အခါ သင့်ရင် တုန့်ပြန် ဖို့အတွက် မှတ်သားထားလေ့ ရှိကြပါတယ်။ရွတ်တာ/ အရွဲ့တိုက်တာ တစ်ခုကလွဲလို့ သူတစ်ပါးကို စိတ်ညစ်စေမယ့် အလုပ်မျိုး လုံးဝ မလုပ်ကြပါဘူး၊သံယောဇဉ် အရမ်းကြီးသလောက် စိတ်နာသွားရင် လှည့်မကြည့် တတ်တာကလဲ ဗုဒ္ဓဟူးရဲ့ ထူးဆန်းတဲ့ စိတ်နေသဘောထားပါ။

ကဲ… ထုံးစံအတိုင်း ဗုဒ္ဓဟူး သားသမီးတွေကို မန်းရှင်းခေါ်လိုက်တော့

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *