မကြာခင်စို့အောက်ပါစေ ဒီပဲယင်းရေ

ဒီပဲယင်းမြို့ရဲ့ နေရာအများစုကို တော်လှန်ရေးအင်အားစုများ ထိန်းချုပ် ၊ စစ်ကောင်စီ လက်ကျန်တပ်သားများ စခန်းအတွင်းမှ မထွက်ရဲဘဲ ခံစစ်ပြင်နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နေရာအများစုကို တော်လှန်ရေး အင်အားစုများ ထိန်းချုပ်လိုက်ပြီး မြို့ပေါ်မှာကျန်ရှိတဲ့ စစ်ကောင် စီ တပ်သားများမှာ ၎င်းတို့၏ စခန်းများအတွင်း၌သာ ပုန်းခိုနေထိုင်နေရတယ်လို့ အဖြူရောင်ဒီပဲယင်း ပကဖ ထံမှ သိရပါတယ်။

ဒီပဲယင်းမြို့ရှိ ရုံးဌာနအားလုံးနီးပါးကို ပြန်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်း ချုပ် ထားပြီး စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများလည်း မရှိတော့ဘူးလို့လည်းဆိုပါတယ်။

စစ်ကောင်စီတပ်သားများမှာ ရဲစခန်း ၊ စခန်းတပ်စခန်းများ ၌သာ တပ်စွဲနေထိုင်လျှက်ရှိတော့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရိက္ခာများ ဖြတ် တောက်ထားပြီး မြို့အဝင်၊ အထွက်စစ်ရေးဂိတ်များကို၊ မြို့တွင်း ဂိတ်များ ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောက်ကျား တိုက်ခိုက်မှုများရှိပြီး ၎င်းတို့ စခန်းအနီးဝန်းကျင်များကို တပ်ဆုတ်နေရပြီလို့ ဆိုပါတယ်။

ဒီပဲယင္းၿမိဳ႕ရဲ႕ ေနရာအမ်ားစုကို ေတာ္လွန္ေရးအင္အားစုမ်ား ထိန္းခ်ဳပ္ ၊ စစ္ေကာင္စီ လက္က်န္တပ္သားမ်ား စခန္းအတြင္းမွ မထြက္ရဲဘဲ ခံစစ္ျပင္ေန
စစ္ကိုင္းတိုင္း၊ ဒီပဲယင္းၿမိဳ႕ေနရာအမ်ားစုကို ေတာ္လွန္ေရး အင္အားစုမ်ား ထိန္းခ်ဳပ္လိုက္ၿပီး ၿမိဳ႕ေပၚမွာက်န္ရွိတဲ့ စစ္ေကာင္ စီ တပ္သားမ်ားမွာ ၎တို႔၏ စခန္းမ်ားအတြင္း၌သာ ပုန္းခိုေနထိုင္ေနရတယ္လို႔ အျဖဴေရာင္ဒီပဲယင္း ပကဖ ထံမွ သိရပါတယ္။
ဒီပဲယင္းၿမိဳ႕ရွိ ႐ုံးဌာနအားလုံးနီးပါးကို ျပန္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားက ထိန္း ခ်ဳပ္ ထားၿပီး စစ္ေကာင္စီ လက္ေအာက္ခံ ဝန္ထမ္းမ်ားလည္း မရွိေတာ့ဘူးလို႔လည္းဆိုပါတယ္။
စစ္ေကာင္စီတပ္သားမ်ားမွာ ရဲစခန္း ၊ စခန္းတပ္စခန္းမ်ား ၌သာ တပ္စြဲေနထိုင္လွ်က္ရွိေတာ့တယ္လို႔ သိရပါတယ္။
စစ္ေကာင္စီ တပ္သားမ်ားကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားက ရိကၡာမ်ား ျဖတ္ ေတာက္ထားၿပီး ၿမိဳ႕အဝင္၊ အထြက္စစ္ေရးဂိတ္မ်ားကို၊ ၿမိဳ႕တြင္း ဂိတ္မ်ား ကိုလည္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားက ေျပာက္က်ား တိုက္ခိုက္မႈမ်ားရွိၿပီး ၎တို႔ စခန္းအနီးဝန္းက်င္မ်ားကို တပ္ဆုတ္ေနရၿပီလို႔ ဆိုပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *