တွေ့ရင်ပြောကြပါကွယ် ကျေးဇူးဆပ်ပါမယ်

မကွေးတွင် စစ်ကောင်စီလက်အောက်ခံ အရာတော်ရေနံ​မြေမှ Non-CDM ဌာနမှူး အပါအဝင် ဝန်ထမ်း ၄ ဦးကို ပျောက်ဆုံးနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

မကွေးတိုင်းအတွင်းရှိ အရာတော်ရေနံမြေမှ စက်လှေဖြင့်ပြန်လာသည့်Non-CDM ဌာနမှူး အပါအဝင် ဝန်ထမ်း၄ ဦးပျောက်ဆုံးနေကြောင်း နေပြည်တော် ဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ အရာတော်ရေနံမြေမှ စက်လှေဖြင့် ပြန်လာသည့် စစ်ကောင်စီလက်အောက်ခံ Non-CDM ထုတ်လုပ်ရေး ဌာနမှူး မျိုးမင်းနိုင်၊ အင်ဂျင်နီယာ လက်အောက် စက်မှု ဌာနမှူး ကိုကိုချစ်ထွန်း၊ စတို ဌာနမှူး ကိုကိုနိုင်နှင့် အမည်မသိ ဌာနမှူး ၁ ဦးတို့ ပျောက်ဆုံးနေကြောင်း သိရှိရသည်

“MOGE လက်အောက်က ဌာနမှူး ၄ ဦးဖြစ်တဲ့ ထုတ်လုပ်ရေး ဌာနမှူး မျိုးမင်း နိုင်၊ အင်ဂျင်နီယာ လက်အောက် စက်မှု ဌာနမှူး ကိုကိုချစ်ထွန်း၊ စတို ဌာနမှူး ကိုကိုနိုင်နဲ့ အမည်မသိ ဌာနမှူး ၁ ဦး ပျောက်နေတယ်။ သူတို့ ၄ ဦးက အရာ တော် ရေနံမြေမှာ တာဝန်ထမ်းဆောင်နေတဲ့ လူ ၄ ဦးပါ စက်လှေနဲ့ အပြန်မှာ ဖမ်းခံ ရပြီး စက်လှေပါ ပျောက်နေတယ်လို့ သိရတယ်” ဟု ဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ အရာတော် ရေနံမြေမှ ဌာနမှူး ၄ ဦးကို မည်သည့် အဖွဲ့အစည်းက ဖမ်းဆီးသွားသည်ကို အတည်မပြုနိုင်သေးကြောင်း ဝန်ကြီးဌာန သတင်း ရင်းမြစ်ထံမှ သိရှိရသည်။

မေကြးတြင္ စစ္ေကာင္စီလက္ေအာက္ခံ အရာေတာ္ေရနံ​ေျမမွ Non-CDM ဌာနမႉး အပါအဝင္ ဝန္ထမ္း ၄ ဦးကို ေပ်ာက္ဆုံးေန
ရန္ကုန္၊ ဇန္နဝါရီ ၂၁
မေကြးတိုင္းအတြင္းရွိ အရာေတာ္ေရနံေျမမွ စက္ေလွျဖင့္ျပန္လာသည့္Non-CDM ဌာနမႉး အပါအဝင္ ဝန္ထမ္း၄ ဦးေပ်ာက္ဆုံးေနေၾကာင္း ေနျပည္ေတာ္ ဝန္ႀကီးဌာန သတင္းရင္းျမစ္က ေျပာဆိုသည္။
ဇန္နဝါရီလ ၂၀ ရက္ေန႔ အရာေတာ္ေရနံေျမမွ စက္ေလွျဖင့္ ျပန္လာသည့္ စစ္ေကာင္စီလက္ေအာက္ခံ Non-CDM ထုတ္လုပ္ေရး ဌာနမႉး မ်ိဳးမင္းႏိုင္၊ အင္ဂ်င္နီယာ လက္ေအာက္ စက္မႈ ဌာနမႉး ကိုကိုခ်စ္ထြန္း၊ စတို ဌာနမႉး ကိုကိုႏိုင္ႏွင့္ အမည္မသိ ဌာနမႉး ၁ ဦးတို႔ ေပ်ာက္ဆုံးေနေၾကာင္း သိရွိရသည္
“MOGE လက္ေအာက္က ဌာနမႉး ၄ ဦးျဖစ္တဲ့ ထုတ္လုပ္ေရး ဌာနမႉး မ်ိဳးမင္း ႏိုင္၊ အင္ဂ်င္နီယာ လက္ေအာက္ စက္မႈ ဌာနမႉး ကိုကိုခ်စ္ထြန္း၊ စတို ဌာနမႉး ကိုကိုႏိုင္နဲ႔ အမည္မသိ ဌာနမႉး ၁ ဦး ေပ်ာက္ေနတယ္။ သူတို႔ ၄ ဦးက အရာ ေတာ္ ေရနံေျမမွာ တာဝန္ထမ္းေဆာင္ေနတဲ့ လူ ၄ ဦးပါ စက္ေလွနဲ႔ အျပန္မွာ ဖမ္းခံ ရၿပီး စက္ေလွပါ ေပ်ာက္ေနတယ္လို႔ သိရတယ္” ဟု ဝန္ႀကီးဌာန သတင္းရင္းျမစ္က ေျပာဆိုသည္။
အဆိုပါ အရာေတာ္ ေရနံေျမမွ ဌာနမႉး ၄ ဦးကို မည္သည့္ အဖြဲ႕အစည္းက ဖမ္းဆီးသြားသည္ကို အတည္မျပဳႏိုင္ေသးေၾကာင္း ဝန္ႀကီးဌာန သတင္း ရင္းျမစ္ထံမွ သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *