နန်းနန်းတို့နော် စိတ်မှတ်မရှိကြဘူး

ကျောက်မဲမြို့ကို စွန့်ခွာပြီး ပြန်လည်ရောက်ရှိလာသည့် Non CDM ဝန်ထမ်းများ စစ်ကောင်စီတပ် လုံခြုံရေးဖြင့် ရုံးများတွင် တိတ်တဆိတ်ပြန်လည်လုပ်ကိုင်နေ

ဧရာဝတီတိုင်းမ်

ဇန်နဝါရီ ၂၁ ရက်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ ရှိ စစ်ကောင်စီလက်အောက်ခံ Non CDM များသည် မြို့ကို စွန့်ခွာထွက်ပြေးပြီးနောက် ယခု ဇန်နဝါရီလ တတိယပတ်ကစတင်၍ ကျောက်မဲ မြို့သို့ ပြန်လည်ရောက်ရှိလာကာ စစ်ကောင်စီတပ်၏ လုံခြုံရေးဖြင့် ဌာနဆိုင်ရာရုံး များတွင် ပြန်လည် လုပ်ကိုင်နေကြောင်း သိရသည်။

Non CDM ဝန်ထမ်းများ အလုပ်ပြန်လည်လုပ်ကိုင်နေသည့် ဌာနဆိုင်ရာရုံးများမှာ ကျောက်မဲခရိုင်ရဲရုံး၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ စည်ပင်ရုံး အပြင် မြန်မာ့စီးပွားရေးဘဏ်တွင်လည်း စစ်ကောင်စီတပ်၏ လုံခြုံရေးဖြင့် ပြန်လည် လုပ်ကိုင်နေကြောင်း ဒေသခံများထံက သိရသည်။

”ရုံးတွေက တရားဝင်ဖွင့်တာမျိုးတော့ မဟုတ်ဘူး၊ စစ်တပ်ကလည်းလုံခြုံရေးက ယူ‌ပေးထားတော့။ အရပ်ဝတ်တွေနဲ့ တိုးတိုးတိတ်တိတ်လာပြီး ရုံးတွေမှာ အလုပ်တွေ ပြန်လည်ပတ်နေတာ။ ရုံးတက်နေတာကို စပြီးမြင်ရတာက ဒီရက်ပိုင်းပဲ၊ မကြာသေးဘူး” ဟု ကျောက်မဲမြို့ရှိ မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့တွင် ကျောက်မဲမြို့ Non CDM များသည် မိုင်းငေါ့လမ်းဘေးရှိ ခမရ-၅၀၁ သို့ ပြောင်းရွှေ့ သွားပြီးနောက် ယခုအခါတွင် လုံခြုံရေးဖြင့် ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိကာ ရုံးလုပ်ငန်းများ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ကျောက်မဲမြို့သည် တိုက်ပွဲနယ်မြေ ဖြစ်တော့မည်ဟု စစ်ကောင်စီ၏ထိပ်ပိုင်း ခေါင်းဆောင်များ ပြောဆိုပြီးနောက် စစ်ကောင်စီ လက်အောက်ခံ Non CDM များနှင့် မိသားစုဝင်များသည် ဇန်နဝါရီ ၉ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ကျောက်မဲမြို့ကို စွန့်ခွာကာထွက်ပြေးခဲ့ပြီး ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

လက်ရှိ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် အကူအညီတောင်ခံမှုကြောင့် ရှမ်းပြည် တပ်မတော် (RCSS) တပ်ဖွဲ့ဝင်အင်အား ၁၀၀ ဝန်းကျင်ရောက်ရှိနေပြီးနှင့် စစ်ကောင်စီ တပ်သားများနှင့်ပူးပေါင်းကာ ကျောက်မဲမြို့အတွင်းရှိ အင်ကြင်းတောင် ကုန်းတွင် နေရာယူတပ်စွဲထားကြောင်း ကျောက်မဲမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

ပုံစာ- စစ်ကောင်စီတပ်သားများ ကျောက်မဲမြို့ အောင်ဆန်းလမ်းမကြီးအနီးတွင် ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလက ကင်းလှည့်နေစဥ်(ပုံဟောင်း)

ေက်ာက္မဲၿမိဳ႕ကို စြန႔္ခြာၿပီး ျပန္လည္ေရာက္ရွိလာသည့္ Non CDM ဝန္ထမ္းမ်ား စစ္ေကာင္စီတပ္ လုံၿခဳံေရးျဖင့္ ႐ုံးမ်ားတြင္ တိတ္တဆိတ္ျပန္လည္လုပ္ကိုင္ေန
ဧရာဝတီတိုင္းမ္
ဇန္နဝါရီ ၂၁ ရက္
ရွမ္းျပည္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕ ရွိ စစ္ေကာင္စီလက္ေအာက္ခံ Non CDM မ်ားသည္ ၿမိဳ႕ကို စြန္႔ခြာထြက္ေျပးၿပီးေနာက္ ယခု ဇန္နဝါရီလ တတိယပတ္ကစတင္၍ ေက်ာက္မဲ ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိလာကာ စစ္ေကာင္စီတပ္၏ လုံၿခဳံေရးျဖင့္ ဌာနဆိုင္ရာ႐ုံး မ်ားတြင္ ျပန္လည္ လုပ္ကိုင္ေနေၾကာင္း သိရသည္။
Non CDM ဝန္ထမ္းမ်ား အလုပ္ျပန္လည္လုပ္ကိုင္ေနသည့္ ဌာနဆိုင္ရာ႐ုံးမ်ားမွာ ေက်ာက္မဲခ႐ိုင္ရဲ႐ုံး၊ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံး၊ လူဝင္မႈႀကီးၾကပ္ေရး႐ုံး၊ စည္ပင္႐ုံး အျပင္ ျမန္မာ့စီးပြားေရးဘဏ္တြင္လည္း စစ္ေကာင္စီတပ္၏ လုံၿခဳံေရးျဖင့္ ျပန္လည္ လုပ္ကိုင္ေနေၾကာင္း ေဒသခံမ်ားထံက သိရသည္။
”႐ုံးေတြက တရားဝင္ဖြင့္တာမ်ိဳးေတာ့ မဟုတ္ဘူး၊ စစ္တပ္ကလည္းလုံၿခဳံေရးက ယူ‌ေပးထားေတာ့။ အရပ္ဝတ္ေတြနဲ႔ တိုးတိုးတိတ္တိတ္လာၿပီး ႐ုံးေတြမွာ အလုပ္ေတြ ျပန္လည္ပတ္ေနတာ။ ႐ုံးတက္ေနတာကို စၿပီးျမင္ရတာက ဒီရက္ပိုင္းပဲ၊ မၾကာေသးဘူး” ဟု ေက်ာက္မဲၿမိဳ႕ရွိ ၿမိဳ႕ခံတစ္ဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္။
ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ ၂၈ ရက္ေန႔တြင္ ေက်ာက္မဲၿမိဳ႕ Non CDM မ်ားသည္ မိုင္းေငါ့လမ္းေဘးရွိ ခမရ-၅၀၁ သို႔ ေျပာင္းေ႐ႊ႕ သြားၿပီးေနာက္ ယခုအခါတြင္ လုံၿခဳံေရးျဖင့္ ေက်ာက္မဲၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိကာ ႐ုံးလုပ္ငန္းမ်ား လုပ္ကိုင္ေနျခင္း ျဖစ္ေၾကာင္း ေဒသခံမ်ားကဆိုသည္။
ေက်ာက္မဲၿမိဳ႕သည္ တိုက္ပြဲနယ္ေျမ ျဖစ္ေတာ့မည္ဟု စစ္ေကာင္စီ၏ထိပ္ပိုင္း ေခါင္းေဆာင္မ်ား ေျပာဆိုၿပီးေနာက္ စစ္ေကာင္စီ လက္ေအာက္ခံ Non CDM မ်ားႏွင့္ မိသားစုဝင္မ်ားသည္ ဇန္နဝါရီ ၉ ရက္ေန႔တြင္ ဒုတိယအႀကိမ္အျဖစ္ ေက်ာက္မဲၿမိဳ႕ကို စြန္႔ခြာကာထြက္ေျပးခဲ့ၿပီး ျပန္လည္ေရာက္ရွိလာျခင္းျဖစ္သည္။
လက္ရွိ ေက်ာက္မဲၿမိဳ႕တြင္ စစ္ေကာင္စီတပ္ အကူအညီေတာင္ခံမႈေၾကာင့္ ရွမ္းျပည္ တပ္မေတာ္ (RCSS) တပ္ဖြဲ႕ဝင္အင္အား ၁၀၀ ဝန္းက်င္ေရာက္ရွိေနၿပီးႏွင့္ စစ္ေကာင္စီ တပ္သားမ်ားႏွင့္ပူးေပါင္းကာ ေက်ာက္မဲၿမိဳ႕အတြင္းရွိ အင္ၾကင္းေတာင္ ကုန္းတြင္ ေနရာယူတပ္စြဲထားေၾကာင္း ေက်ာက္မဲၿမိဳ႕ခံမ်ား၏ ေျပာၾကားခ်က္အရ သိရသည္။
ပုံစာ- စစ္ေကာင္စီတပ္သားမ်ား ေက်ာက္မဲၿမိဳ႕ ေအာင္ဆန္းလမ္းမႀကီးအနီးတြင္ ၿပီးခဲ့သည့္ ၂၀၂၃ ႏိုဝင္ဘာလက ကင္းလွည့္ေနစဥ္(ပုံေဟာင္း)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *